စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြိုးစားမှု ကိန်းဂဏန်းများ


Tuesday, September 17, 2013

♪ ၃
ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး Steven Spielberg ဟာ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်ဝင်ခွင့်ကို သုံးကြိမ်တိတိ ပယ်ချခံခဲ့ရပါတယ်... အဲ့ဒီနောက်မှာတော့ ဒါရိုက်တာအလုပ်လုပ်ဖို့အတွက် သူကျောင်းဆက်မတက်တော့ပါဘူး...

♪ 25
2007 ခုနှစ်ကနေ 2013 ခုနှစ်အထိ အရောင်းရဆုံးစာရင်းမှာ ခုနစ်နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်နိုင်ခဲ့တဲ့ The 4 Hour Work Week စာအုပ်ကို ထုတ်ဝေဖို့အတွက် စာရေးသူ Tim Ferris ဟာ ထုတ်ဝေသူတွေဆီက ၂၅ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရပါတယ်...

♪ 300
Pandora.com ကို စတင်တည်ထောင်သူဟာ လိုအပ်တဲ့ ငွေအရင်းအနှီးရဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေဆီကို အကြိမ် ၃၀၀ အထိ ချဉ်းကပ်ခဲ့ရပါတယ်...

♪ 400
Virgin Galactic ဆိုတဲ့ ကုမ္ပဏီအုပ်စုကြီးတစ်ခုထူထောင်နိုင်ဖို့အတွက် Sir Richard Branson ဟာ ကုမ္ပဏီတွေကို အကြိမ် ၄၀၀ လောက်အထိ တစ်ခုချင်း တည်ထောင်ခဲ့ရပါတယ်...

♪ 1009
KFC ကို စတင်ထူထောင်ခဲ့တဲ့ Colonel Sanders ဟာ သူ့ရဲ့ ကြက်သားကြော်နည်းကို ရောင်းချဖို့ကြိုးစားရာမှာ ၁၀၀၉ ကြိမ်တိတိ ငြင်းပယ်ခံခဲ့ရပါတယ်...

♪ 1500
ကမ္ဘာကျော်မင်းသားကြီး Sylvester Stallone ဟာ Rocky ရုပ်ရှင်ကားရဲ့ဇာတ်ညွှန်းကိုရောင်းဖို့နဲ့ အဲ့ဒီဇာတ်ကားမှာ သူကိုယ်တိုင် ပါဝင် သရုပ်ဆောင်ဖို့ကမ်းလှမ်းရာမှာ အကြိမ်ပေါင်း ၁၅၀၀ အထိ အငြင်းပယ်ခံခဲ့ရပါတယ်...

♪ 5126
James Dyson ဟာ ဖုန်စုပ်စက် (vacuum cleaner) နမူနာပုံစံကို ထုတ်လုပ်ရာမှာ အကြိမ်ပေါင်း ၅၁၂၆ ကြိမ်အထိ မအောင်မြင်ခဲ့ပါဘူး...

♪ 10000
Thomas Edison ဟာ လျှပ်စစ်မီးသီး နမူနာပုံစံထုတ်လုပ်ရာမှာ အကြိမ်ပေါင်း တစ်သောင်းအထိ မအောင်မြင်ခဲ့ပါဘူး...

ဆုံးရှုံးမှုတစ်ခုခုကြောင့် လက်လျော့လိုက်ဖို့စိတ်ကူးနေတယ်ဆိုရင် စဉ်းစားကြည့်လိုက်ပါ...

သင်ကော... ဘယ်နှစ်ကြိမ်ကြိုးစားခဲ့ပြီးပြီလဲ...

နှိုင်းရင့်နွေ


https://www.facebook.com/photo.php?fbid=471449509619552&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...