စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆိပ် ရှိ သော မြွေ အကိုက်ခံရလျှင်






အဆိပ် ရှိ သော မြွေ ကိုက် ခံရလျှင် ကိုက်လိုက် သော အချိန် တွင် မီးစ နှင့် ထိုး သကဲ့ သို့ တအားပူ သွားခြင်းမျိုး ဖြစ် တတ်ပါတယ်။ အဖြစ် များ တာက မြွေပွေး နဲ့မြွေ ဟောက် တို့ဖြစ် ပါတယ်။အဆိပိ ရှိ သော မြွေ ကိုက် ခံရ ပြီဆို လျှင် အကိုက် ခံ ရသည့် ဒဏ် ရာ အတိမ် အနက် ပေါ် မူ တည် ပြီး လက္ခဏာ များပေါ် လာပါတယ်။

အကိုက် ခံရ သော ခြေ ထောက် မှာ ရောင် ကိုင်း လာ ခြင်း ,မီးလောင် ဖု ကဲ့ သို့ အရည် ကြည်ဖု များထ လာ ခြင်း , ညို မဲလာခြင်း များ ဖြစ် ပေါ်လာပါ မယ်။

မြွေ ပွေး ကိုက် ခံရ ပါက ခန္ဓာ ကိုယ် တွင် သွေး မခဲ စေ ရန် လုပ် ဆောင် သောလုပ် ဆောင် ချက် များ အား ပျက် စီး စေ ပြီး ခန္ဓာ ကိုယ် အနှံ့ သွေး ယို စိမ့် မှု များ ဖြစ် ပေါ် စေ ပြီး ကိုက် ခံရ သော ဒဏ် ရာ မှ သွေး ယို စိမ့် မှု များ ဖြစ် ပေါ်နိုင် ပါ တယ်။ အချိန် မှီကုသ မှု မရရှိ ပါက ကျောက် ကပ် ကို ပါ ဆိုး ရွားစွာ ပျက် စီး စေ တတ် ပါ တယ်။

မြွေဟောက် ကိုက် ခံရပါက မြွေ ဆိပ် သည် အာရုံ ကြော စနစ်အား ထိခိုက် စေ သော ကြောင့် ကိုက် ခံ ရပြီး လျှင် မျက်စိ ပြာ ဝေ ပြီး ပုံရိပ် ၂ ထပ် ဖြစ် နေခြင်း ,မျက် ခွံ များ ဖွင့် မရအောင် လေးလံလာခြင်း, အာ လေးလျှာ လေး ဖြစ် လာခြင်း , အဆုံးစွန် တွင် အသက် ရှု ရာ တွင် အသုံးပြု ရ သော ခန္ဓာ ကိုယ် ကြွက်သား များ နှင့် အသက် ရှု လမ်း ကြောင်း ရှိ ကြွက် သား များ ပါ လေးလံ လာပြီး အသက် ရှု ကျပ် ကာ သေ ဆုံး နိုင် ပါ တယ်။

အ ကောင်း ဆုံးက မြွေ ကိုက်ခံရပြီဆို လျှင် ကိုက် ခံရ သော နေ ရာ အား သန့် ရှင်း သော ရေနှင့် ဆေး ပါ ။ ဒဏ် ရာ အား ဓားဖြင့်ခွဲ ခြင်း, ပါးစပ်ဖြင့်စုပ် ထုတ် ခြင်း, မီးစ နှင့် ထိုးခြင်း , စုပ် ထိုးခြင်း , ဆေးမြီးတို များ ထည့်ခြင်း မပြု သင့်ပါ။

ရေဆေး ပြီးလျှင် သန့် စင် သော အဝတ် စ ထူထူ ခေါက် ပြီး ဒဏ် ရာ ပေါ် အုပ် ပြီး ဖွ ဖွသာ စည်း နှောင် ပါ။ ဒဏ် ရာ ရ သော ခြေ ထောက် ကို သွေး မ လျှောက် နိုင် အောင် တင်းကြပ်စွာ ချည် နှောင် ခြင်းကို လုံးဝ ရှောင် ကျဉ် သင့်ပါတယ်။

ခြေ ထောက် အား လှုပ် ရှား မှု နည်း စေ ရန် အောက် ခံ ဝါးပြား သို့ သစ်သားပြား သို့ ကဒ် ထူ ပြား မာမာ ခံ ပြီး ကျပ် စည်း ပါ။ ဖွဖွ သာ စည်းပါ။ ပြီး လျှင် နီးစပ် ရာ ဆေးရုံသို့ အမြန် ဆုံး ပို့ ဆောင် ပါ။
အရက် သောက် ခြင်းကို လည်း လုံး ဝ မပြု သင့်ပါ။ အရက် ကြောင့် ဖြစ် သော လက္ခဏာ များနှင့် မြွေ ဟောက် ကိုက် သော လက္ခဏာ များ ရော ထွေး ၍ ကုသ မှု အားအ နှောက် အယှက် ဖြစ် စေ ပါ တယ်။

ကိုက် သော မြွေကိုပါ တပါတည်းယူ ဆောင်လာ နိုင်လျှင် ပို ကောင်း ပါ တယ်။
မြွေ ဆိုး ကိုက် ခံရ ခြင်း သေ ချာပါ က သင့် တော် ရာ မြွေ ဆိပ် ဖြေ ဆေး ကို ထိုး ပေးရမှာ ဖြစ်ပါ တယ်။

ဆေး ရုံ တွင် သွေး ဖောက် ၍ သပ် မှတိ ချိန် အတွင်း သွေး ခဲမခဲ စမ်း သပ် ခြင်း , ကျောက် ကပ် ထိ ခိုက် မှု ရှိ မရှိ အတွက် ဆီး စစ် ခြင်း များကို စစ် ဆေး ပြီး အဆိပိ ရှိ သော လက္ခ ဏာ တွေ့ ပါ က သင့် တော် သော မြွေ ဆိပ် ဖြေ ဆေး ကို ထိုး ပေးရ ပါမယ်။

မြွေ ဆိပ် ဖြေ ဆေး ကိုယ် တိုင် က အခန့် မသင့် ပါ က ဓာတ် မတည့် ခြင်းဖြစိ ပေါ် နိုင် သဖြင့် မ လို အပ် ပဲ မြွေ ဆိပ် ဖြေ ဆေး အား အလျှင် စ လို မထိုး သင့် ပါဘူး။
မြွေ ဆိုး တပါ တည်း ယူ ဆောင် လာ ပြီိးကိုက် ခံရ သည် မှာ သေ ချာ ၍ အဆိပ် သင့် သော လက္ခဏာ များ ရှိ မှ သာ မြွေဆိပ် ဖြေ ဆေး ကို ထိုးသင့်ပါ တယ်။

မြွေဟောက် ကိုက် ခံရ သူ များအတွက် အသက် ရှု လမ်း ကြောင်းထိ ခိုက် မှု ပြင်း ထန်ပါ က အထူး ကြပ် မတ် ကုသ ဆောင် ရှိ သော ဆေး ရုံ သို့ ပို့ ဆောင် ပေး ပြီး အသက် ရှု အ ထောက် အကူ ပြု နိုင် သော စက် ကိရိ ယာ များ ဖြင့် ထောက်ကူ ပေးခြင်းကို လုပ် ဆောင် ပေး နိုင် မှာ ဖြစ် ပါ တယ်။ မြွေ ပွေး ကိုက် ခံရ ပြီး ပြင်း ထန်ပါ က ကျောက် ကပ် ပျက် စီးပြီး ပျောက် ကပ် ဆေး ကုသ ခြင်း အထိလုပ် ဆောင် ပေး ရတတ်ပါ တယ်။

မြွေ ကိုက် ခံရ လျှင် ဒဏ် ရာကို ဓားဖြင့် ခွဲ ခြင်း ။ စုပ် ခြင်း။ ကြိုး ဖြင့် တင်း ကျပ်စွာချည် နှောင် ခြင်း ။စုတ် ထိုး ခြင်း ။ တွေ့ ကရာ ဆေး မီးတို များ အုံ ခြင်း ။ လုံးဝ လုံးဝ မလုပ် သင့် ပါ ဘူး။ အတတ် မှား များ အား လည်း လူ များ နား လည် မှု လွဲ ပြီး တလွဲမှတ် ယူ ပြီး ဒုက္ခ ရောက် နိုင် ပါတယ်။ လူ ဆို တာ မ ဟုတ် တဲ့ ဆေး မြီး တို ဆို ရင် သိပ် အယုံ လွယ် တတ် ကြတယ်။

အဓိကက ဆေးမြီးတို နဲ့ ကုသ မန်းမှုတ်ပြီးအချိန် ကြန့် ကြာ နေ မယ့် အစား ဆေးရုံ သို့ အမြန် ပို့ သင့်ပါတယ်။ အဆိပ် မရှိ သော မြွေ ကိုက် ခံရ ပြီး ဆေးမြီးတို နှင့်ကုသ မိပြီး ပျောက် ကင်း သည် ဟု အယူ မှား မှာ စိုး ရိမ် ရပါတယ်။ ဝေးလံ သော နေရာ များ တွင် နေသူများက ပို အ ရေးကြီးပါတယ်။ ဆေးရုံ ဝေးတယ် ဆိုပြီး ကောင်း နိုး ရာရာ များ နှင့် တစ် ယောက် တ ပေါက် ဝိုင်း ဝန်း ကုသ ကြပြီး မှ ဆေး ရုံ ပို့ လျှင် အချိန် ပို ကြန့် ကြာ မှာပါ တိုင်း ရင်း ဆေး ကို အထင် သေး ၍ မဟုတ်ပါ။ သေ ချာစွာ စမ်းသပ် မှု ပြု ပြီး အသိအမှတ် ပြု ခံရ သော တိုင်း ရင်း ဆေးဝါး များ နှင့် ကုသ ပျောက် ကင်း နိုင် သည့် ရောဂါ များ ရှိပါတယ်။ သို့ သော် မြွေ ဆိုး ကိုက် ခံ ရ၍ကုသ ပျောက် ကင်း နိုင် ခြင်း မရှိ သေး ပါ။ အယူ အဆ မမှား သင့် ပါ ဘူး။

Aye Thida Hlaing ၏ Comment မှကူးယူဖော်ပြပေးပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...