စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ညစာစားရင် လူတွေကို ရောဂါဘယပိုဖြစ်စေတယ်

 

ညစာစားရင် လူတွေကို ရောဂါဘယပိုဖြစ်စေတယ်။ လူအများက ညဆာပြီဆိုရင် အစာစားရတယ်လို့ ထင်ထားကြတယ်။ တကယ်တော့ ဒီလိုမဟုတ်ဘူး။ ညဆာရင် အစာမစားတာကမှ ပုံမှန်ပါ။ (၁၄၁၈)ခုနှစ်က မင်မင်းဆက်တစ်ပါးရဲ့ မှူးမတ်ကြီးတစ်ဦး အသက်(၃၇)နှစ်နဲ့ သေသွားတယ်။ အဲဒီမှူးမတ်က ပညာရှိအမတ်၊ စာပေကျမ်းဂန်တွေ တတ်သိနားလည်သလို ဘုရင်ရဲ့စိတ်အချရဆုံးသူလည်းဖြစ်တယ်။ အဲဒီမှူးမတ်ရဲ့အကျင့်တစ်ခုက ညစာမစားရ မနေနိုင်တာပဲ။ ညစာကို ကောင်းကောင်းမွန်မွန်သူစားတ်။ နောက်ဆုံး ရောဂါပေါင်းစုံဖြစ်ပြီး သေသွားတာပဲ။

တရုတ်ဆေးဆရာဝန်တွေ၊ ဘုန်းကြီးတွေက ညစာမစားကြဘူး။ မွန်းတည့်ချိန်လွန်တာနဲ့ အစာမစားကြတော့ဘူး။ မွန်းတည့်ချိန်ဆိုတာက "၁၁နာရီ-- ၁နာရီ"ကိုပြောတာ။ ၁နာရီလွန်တာနဲ့ ထမင်းမစားကြတော့ဘူး။ ဆာရင်တော့ အသီးစားတယ်၊ အသီးဖျော်ရည်သောက်တယ်။ ဒါဟာ အစာကိုချွေတာနေတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကျန်းမာဖို့ပါ။

ဆိုရိုးစကားတစ်ခုက "မြင်းတွေဟာ ညစာမစားရင် မဝဘူး"လို့ ဆိုထားတယ်။ အဲဒီလိုပဲ လူတွေလည်း ညစာမစားရင် မဝဘူး။ ခုခေတ်မှာတော့ ဝတဲ့လူတွေက ပိုပိုများလာတယ်။ အမေရိကန်က ၆ဝ%လူတွေက လူဝတွေပဲလို့ဆိုတယ်။ အမေရိကန်လူမျိုးတွေက အစားကို များများမစားဘူး။ ဒါနဲ့ ဘာလို့ဝနေကြလဲ? အကြောင်းက သူတို့ဟာ ညစာ၊ ညလယ်စာစားတဲ့ အကျင့်ရှိလို့။ ဘာဖြစ်လို့ ညစာ၊ ညလယ်စာစားရင် ဝတတ်သလဲ? လူတွေစားလိုက်တဲ့ အစားအစာတွေဟာ ညအိပ်ချိန်မှာ ကယ်လိုရီတွေ မလောင်ကျွမ်းနိုင်တော့ဘူး။ ဒါကြောင့် စားတဲ့အစားအစာတွေဟာ အဆီအဖြစ်ပြောင်းသွားတယ်။ ဒီအဆီတွေက ကျောက်ကပ်မှာ သွားခိုတယ်။ အရေပြားအောင်၊ သွေးထဲ၊ နှလုံးကြွက်သားထဲ၊ အသည်းထဲ သွားခိုတယ်။ အဆီများတော့ ဗိုက်က တဖြေးဖြေးပူပူပြီး ဝလာတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့လည်ပတ်၊ လုပ်ဆောင်အားတွေကို ကျဆင်းစေပါတယ်။

*** ဗိုက်တင်းတင်းနဲ့ ဒီလိုစာမျိုးတင်ရတာ အားနာလိုက်တာ

Nine Nine Sanay @ နိုင်းနိုင်းစနေ


https://www.facebook.com/photo.php?fbid=476015435831026&set=a.420045418094695

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...