စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂ နှစ်တာကာလအတွင်း အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး ၃ယောက် အပေါ် သုံးသပ်ချက်


Tuesday, September 3, 2013

ယခင်အပတ်တွင် ဖော်ပြခဲ့သော၂နှစ်တာကာလ အတွင်းအနုပညာ
ပျိုးခင်းရဲ့စင်တင်မင်းသမီး ၃ယောက် အပေါ်သုံးသပ်ချက်’တွင် သရုပ်ဆောင်လူမင်းနှင့် ပြေတီဦးတို့ရဲ့ သုံးသပ်ချက်များကို တင်ဆက်ခဲ့ပြီး ယခုအပတ်မှာတော့ ခန့်စည်သူ၊ နေတိုး၊ မြင့်မြတ်နဲ့ ဒါရိုက်တာဝိုင်းတို့ရဲ့ စကားသံများကို ဆက်လက် ဖော်ပြလိုက်ပါတယ်။

ခန့်စည်သူ

” ၃ ယောက်လုံးကတော့ အားနည်းချက်၊ အားသာချက်တစ်ယောက်
တစ်မျိုးစီ ရှိကြပါတယ်။ သူတို့တတ်သလောက်၊ စွမ်းသလောက် သင်ကြားပေးသမျှတော့ ကြိုးစားနေ ကြတာပဲ။ ပိုပြီး ရှေ့ဆက်ကြိုးစား
သွားမယ်ဆိုရင် တန်းလေးတစ်ခု လောက်ရောက်သွားမှာပါ။ တစ်ဦးချင်းစီမှာ ထူးချွန်တာရှိသလို၊ အားနည်းတာလည်း ရှိတယ်။ အဓိကက တော့ အား နည်းတာလေးတွေ ပြင်လိုက်ရင်ခိုင်မာတဲ့ ခေါင်းဆောင်နေရာမှာ ရပ်တည်နိုင်မှာပါ။ ဒီအတိုင်းပဲ စိတ်လေးကိုထားပြီး ကြိုးစားဖို့ပဲ မှာချင်တယ်။ အခု ချိန်က ဖယောင်းလေးတွေ၊ ရွံ့ ရုပ်လေးလိုပဲ ပုံသွင်းလို့ရနေ တယ်။ နောက်နောင်လည်း အောင်မြင်မှုကို မသာယာဘဲနဲ့ စည်းစနစ်တကျ နာခံရင် ဒီထက်ပိုပြီး တိုး တက်ေ အာင် မြင်မှာပါ။ သူတို့ကို စတင်ပွဲ ထုတ်ကတည်းက ကိုယ်တို့ အားလုံးက ကျောက်ခွဲသမား တွေလို ပဲ။ ဒီကျောက်တုံးထဲမှာ ဘာတွေရှိမလဲ မသိဘူး။ ဘာ မျှော်လင့်ချက်မှ မထားဘဲ ခွဲတဲ့ အခါ တန်ဖိုးရှိတဲ့ ကျောက်ရိုင်း တုံးလေးတွေရခဲ့တယ်။ ဒါကို တန်ဖိုးရှိတဲ့ တော်ဝင်တဲ့ ကျောက် ဖြစ်အောင်၂နှစ်အတွင်းမှာ လေ့ ကျင့်သင်ကြားပေးကြတာ အခု ဆိုရင် အနေအထားတစ်ခုစီမှာ သူတို့လည်း ရပ်တည်နေနိုင်ကြ ပြီလို့ ယုံကြည်ပါတယ်။ လူ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ဆိုတာ သူဘယ်လိုအခြေ အနေ၊ အဆင့်အတန်းက မွေးဖွားလာတာနဲ့
မဆိုင်ဘူး။ သူတို့ရဲ့ လုပ် ရပ်နဲ့ပဲ ဆိုင်တယ်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါ
လို့ပဲ ပြောချင်ပါတယ်”

နေတိုး

” အနုပညာအပေါ်မှာ ခံယူရမယ့်စိတ်ဓာတ်ကိုတော့ အကုန်လုံးကို ရှုတင်မှာ ကြုံရင်ကြုံသလို၊ အချိန်ရသလိုပြောကြတယ်။ ဒီလိုစိတ်ဓာတ်
လေးတွေတော့ အပြည့်အဝရှိပါတယ်။ ဒါပေမဲ့ Talent တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ဖက်ရှင်တွေအပေါ်မှာကအစ ဇာတ်ရုပ်တွေ အပေါ်မှာ အားနည်းချက်၊ အားသာချက်မတူညီကြဘူး။ အစက တည်းက ဒီလိုမတူညီတဲ့ပုံစံ မျိုးလေးတွေကို ရွေးချယ်ခဲ့တာဆို တော့
တစ်မျိုးစီပေါ့။ ဒီထက်မက လည်းကြိုးစားစေချင်ပါတယ်”

မြင့်မြတ်

” အကုန်လုံးက တော်ကြပါ တယ်။ တစ်ယောက်တစ်လိုင်း လေးစီတော့ သွားကြတယ်။ အနုပညာလောကကို ရောက်တဲ့ အချိန်ကာလနဲ့ မလိုက်အောင်ကို တော်ကြတာပါ။ တအား လည်း ချီးကျူးပါတယ်။ ဘက်စုံတော်တဲ့ သရုပ်ဆောင်ကောင်း တွေဖြစ်စေချင်တယ်။ ကျွန်တော်အိမ်မှာကိုယ့်ဇာတ်ကားမှ မဟုတ်ဘူး။ အကုန်လုံးရဲ့ ဇာတ် ကား တွေကြည့်ဖြစ်တယ်။ အိမ် ရောက်တော့ ကျွန်တော်က သူတို့ရဲ့ပရိသတ်ပေါ့။ သူတို့ဖြတ်သန်းလာတဲ့အချိန်နဲ့မလိုက်အောင် အတွေ့အကြုံနည်းနည်း နဲ့ အများကြီး လုပ်နိုင်ကြတယ်။ သင်ပေးတာကလည်း ရိုက်ကွင်း မှာက ဒါရိုက်တာပဲသင်တာများတော့ လိုအပ်တာလောက်ပဲ ပြောဖြစ်တယ်။ အခုဆိုရင် ၃ယောက်လုံး နာမည်တစ်လုံးရ လာပြီ။ ရလာတဲ့အပေါ်မှာ ကြိုးစားစေချင်တယ်။ အရွယ်သုံးပါး မရွေး အားပေးလက်ခံတဲ့ဇာတ်ရုပ်မရွေး သရုပ်ဆောင်နိုင်တဲ့သရုပ် ဆောင်ကောင်း ဖြစ်စေချင်တယ်။

ဒါရိုက်တာဝိုင်း

၃ယောက်လုံးကတော့ နေရာအသီးသီးရနေကြတဲ့ အပိုင်းတော့ တွေ့နေရပြီ။ ဒါပေမဲ့လည်းနံပါတ် ၁ အသ ၅ ဝင်ဖို့အတွက်တော မတွေ့ရသေးဘူး။ ဒီနှစ် ၂နှစ်အတွင်း ဇာတ်ကားတွေ အများကြီးတော့ ရိုက်ကူးလာရတယ်။ ပရိသတ်ရဲ့အာရုံထဲက ဖမ်းစားနိုင်တဲ့ သဘောမျိုးသိပ် မတွေ့ရဘူး။
နောက်အလုပ်အပေါ် မှားတဲ့ စိတ်ဓာတ်ပိုင်း ဆိုင် ရာ လေးတွေကို နည်းနည်းအလေး ပြုပြင်ရမယ်လို့ ထင်တယ်။ ငါမင်းသမီးဖြစ်ပြီဆိုတဲ့ အသိက သူတို့ကို ပျက်စီးစေနိုင်တယ်လို့ ထင်တယ်။ အရေးကြီးတာက လူတစ်ယောက်က တိုးတက်ချင် ရင် စိတ်ဓာတ်ကို အရင်ပြင်ရ တယ်။ ကိုယ့်ရဲ့ အခုထားနေတဲ့ စိတ်ဓာတ်က မှန်လား၊ မမှန်လားဆိုတာစဉ်းစား
ဆုံးဖြတ် လိုက် ပါ။ကိုယ့်ရဲ့ အမှားကိုပြင်နိုင်တယ်ဆိုရင်တော့ ခုနကပြောတဲ့ ၁ အသ ၅ထဲကိုတစ်ယောက်ထဲဝင်လာနိုင်တယ်။ မပြင်နိုင်ဘူးဆိုရင်တော့ မဖြစ်နိုင်ဘူး။

Popular Journal

http://www.myanmaronlinenews.net/2013/09/blog-post_370.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...