စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘယ်တော့မှအရှုံးမပေးနဲ့



Sunday, September 15, 2013

- အသက် ၉ နှစ်အရွယ်တုန်းက ကျွန်မ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်...
Oprah Winfrey

- တက္ကသိုလ်ပညာရေးကိုတောင် ကျွန်တော်ဆုံးခန်းမတိုင်ခဲ့ပါဘူး...
Bill Gates

- ကျွန်မသိတတ်တဲ့အရွယ်ကစပြီး အသက် ၁၈ နှစ်အရွယ် အိမ်ကမထွက်လာခင်အထိ ကျွန်မအဖေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ပြောဆိုပုတ်ခတ်မှုတွေ အနိုင်ကျင့်မှုစော်ကားမှုတွေကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်...
Joyce Meyer

- မူလတန်းကျောင်းသားဘဝတစ်လျှောက်လုံး စာလိုက်နိုင်ဖို့ ကျွန်တော် ရုန်းကန်ကြိုးစားခဲ့ရပါတယ်...
Dr Ben Carson

- ကျွန်တော် ဘောလုံးလေ့ကျင်နိုင်ဖို့အတွက် ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည်ဖျော်ပေးတဲ့ အလုပ်ကို မကြာခဏလုပ်ခဲ့ရဖူးပါတယ်...
Lionel Messi

- ကျွန်တော့်သူငယ်ချင်းရဲ့ အခန်းကြမ်းပြင်ပေါ်မှာ ကျွန်တော်အိပ်ခဲ့ရတယ်... Coke ဗူးခွံတွေပြန်သွင်းပြီး ပိုက်ဆံရှာ... စားစရာတွေဝယ်ခဲ့ရတယ်... ပြီးတော့ အပတ်စဉ် အလကားကျွေးတဲ့ အနီးအနားက ဘုရားကျောင်းလေးမှာ ပုံမှန်သွားစားသောက်ခဲ့ဖူးတယ်....
Steve Jobs

- ကျွန်တော့်ဆရာတွေက ကျွန်တော့်ကို အရှုံးသမားလို့ ခေါ်လေ့ရှိတယ်...
Tony Blair

- ကျွန်တော် ၂၇ နှစ်လုံးလုံး ထောင်ထဲမှာ နေခဲ့ရတာပါ....
Nelson Mandela

ဘဝမှာ အခက်အခဲတွေအများကြီး တွေ့ကြုံပေမဲ့ ကျွန်တော်တို့ လက်မလျှော့သင့်ပါဘူး... ဘာကြောင့်လဲဆိုတာ့ ဘဝဆိုတာ အခုအချိန်အထိ သင်မတတ်နိုင်ခဲ့တဲ့ အရာတွေကို ကိုယ်စားပြုနေတာမဟုတ်ဘူး.... ဘဝဆိုတာ သင်အခုအချိန်အထိ ဘာလုပ်နိုင်သေးလဲဆိုတာပေါ် မူတည်နေလို့ပါပဲ....

ဒါကြောင့်... ဘယ်တော့မှ အရှုံးမပေးပါနဲ့...

Ref: Daily Health Tips
နှိုင်းရင့်နွေ

http://myawadynews.blogspot.com/2013/09/blog-post_523.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...