စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တန်ဖိုး





ကျွန်တော်တို့ ဒီနေ့ကျောင်းမှာ အတန်းပြဆရာမလာလို့  ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် စာလာပြပါတယ်။ အချိန်တစ်ဝက်က်ေစာသင်ပြီး ကျန်တစ်ဝက်ကို ဗဟုသုတပြောမယ်လို့ ဆိုပါတယ်။ စာသင်ပြီးချိန်မှာပဲ ဆရာကြီးက သူ့ ပိုက်ဆံအိတ်ထဲက ၅၀၀တန်အသစ်ကလေးကိုကိုင်ပြီး လက်မြောက်လိုက်ပါတယ်။ ပြီတော့ …
``ဒီပိုက်ဆံလိုချင်တဲ့ သူ လက်ညှိုးထောင် ´လို့ ဆိုပါတယ်။

ကျွန်တော်တို့ ကျောင်သားတွေအားလုံး လက်ညှိုးထောင်လိုက်ပါတယ်။ ဆရာကြီးက ဒါနဲ့  အေး ဒါဆိုခဏကွာဆိုပြီး ခုနက ၅၀၀တန်အသစ်ကလေးကို လက်ထဲမှာ ပွတ်ပြီးလုံးချေလိုက်ပါတယ်။

နောက်ပြီးတော့ ပြန်ပြောပြန်ပါတယ်။
ဒီပိုက်ဆံလိုချင်တဲ့ သူလက်ညှိုးထောင်...
ကျွန်တော်တို့ အားလုံးလက်ညှိုးထပ်ထောင်ပါတယ်။
ဆရာကြီးက ..ကောင်းပြီ ဆိုပြီ ခုနက ပိုက်ဆုံကို ကြမ်းပြင်ပေါ်ချပြီး ဖုံတွေနဲ့ နွမ်းအောင်ထပ်လုပ်ပြန်ပါတယ်။

ပြီးတော့ထပ်မေးပြန်တယ်...
`ဒီပိုက်ဆံ၅၀၀လိုချင်တဲ့ သူလက်ညှိုးထောင်´
ဘယ်ရမလဲ ကျွန်တော်တို့ ကလိုချင်တာကိုး ထပ်ပြီလက်ညှိုးထပ်ထောင်ပါတယ်။

အဲဒီမှာပဲ ဆရာကြီးဆီက အံ့ အောဖွယ်စကားတစ်ခွန်းထွက်လာပါတယ်။
``ကဲငါသင်ခန်းစာတစ်ခုပေးလိုက်ပြီ မင်းတို့သိကြလားကွဲ့ ´´ကျွန်တော်တို့ နားမလည်စွာနဲ့ ဆရာကြီးကို ဝိုင်းပြီမော့ကြည့်ကြပါတယ်။ ဆရာကြီးကဆက်ပြောပါတယ်။
မှတ်ထားကျ ကျောင်းသားတို့  အခုပဲ ၅၀၀တန်တစ်ရွက်ကို အကြိမ်ကြိမ်နွမ်းအောင်ပြုလုပ်ပြီးပြီ ဒါကိုပဲ မင်းတို့ ဒီ၅၀၀တန်ကိုလိုချင်ကြတုန်းပဲမဟုတ်လား...
မှတ်ထားကွသားတို့ တန်းဖိုးရှိတဲ့ အရာဆိုတာ ဘယ်လိုပဲ နွမ်းအောင်လုပ်ပါစေ

တန်ဖိုးလျော့ကျမသွားဘူးကွ..အခုမင်းတို့သင်နေတဲ့ တန်ဖိုးရှိတဲ့ ပညာတွေကလည်း ဘယ်အချိန်မှာပဲထုတ်သုံးသုံး တန်ဖိုး မလျော့ဘူးဆိုတာ မှတ်ထားကြကွဲ့ ကျောင်းသားတို့ ...´´
ဆိုပြီး ဆရာကြီးက သင်ခန်းစာပေးပြီး စာသင်ခန်းထဲကနေပြန်လည်ထွက်ခွာသွားပါတော့တယ်...



Credit ► ~နန်းမြင့်ဝင်း~ ( ကဗျာရွာငယ်လေး )


အဓိပ္ပါယ် ရောက်ချင်ရာရောက် ဟာသများ


https://www.facebook.com/photo.php?fbid=469098153188021&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...