စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးလိပ်ဖြတ်ပြီးနောက်..



ဆေးလိပ်ဖြတ်ပြီး ၈ နာရီ ကြာတဲ့အခါ သွေးထဲမှာ စုပုံနေတဲ့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးပါတယ်။

၅ ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ နီကိုတင်းဓာတ်တော်တော်များများ မရှိတော့ဘူး။

၁ ပတ်ကြာတဲ့အခါ အနံ့အာရုံနဲ့ အရသာအာရုံ ပိုကောင်းလာပါတယ်။

၃ လ ကြာတဲ့အခါ အဆုတ်က ၃၀ % ပိုကောင်းလာပါတယ်။
အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုလုပ်နိုင်လို့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပိုဖယ်ရှားပေးနိုင်ပြီး အောက်ဆီဂျင်ပိုရလာလို့ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။

၁ နှစ်ကျော်ကြာတဲ့အခါမှာတော့ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ချေ တ၀က်မကကျသွားသလို ဆေးလိပ်ဖိုးတွေ သိန်းနဲ့ချီပြီး စုမိသွားပါပြီ။

သူငယ်ချင်းတို့ရေ.. ကိုယ့်ရဲ့အသက်နဲ့ စုဆောင်းထားသမျှ ပိုက်ဆံတွေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ ခုပဲ ဆေးလိပ်ဖြတ်လိုက်တော့နော်….


http://www.facebook.com/photo.php?fbid=401818049916032&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...