စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရက်ထပ်နှစ်ဟာ ၄ နှစ်စီခြားပြီး အမြဲတမ်းမဖြစ်




၎ နှစ်တစ်ခါ ရက်ထပ်နှစ်ဖြစ်တယ်လို့ ကျွန်တော်တို့တွေ လက်ခံထားကြပါတယ်... သက္ကရာဇ်ကို ၄ နဲ့စားလို့ပြတ်တဲ့ နှစ်အများစုတွေကို ရက်ထပ်နှစ်အဖြစ်သတ်မှတ်ပြီး ရက်တစ်ရက်ပေါင်းထည့်ကြပါတယ်... ဒါပေမဲ့ ၄ နဲ့ စားလို့ပြတ်သလို ၁၀၀ နဲ့လည်း စားလို့ပြတ်တဲ့နှစ်တွေမှာတော့ တစ်ရက်ထပ်ပေါင်းခြင်းမရှိပါဘူး... အကယ်လို့ ၄ နဲ့စားလို့လည်းပြတ်တယ် ၁၀၀ နဲ့စားလို့လည်းပြတ်တယ်ဆိုပေမဲ့ ၄၀၀ နဲ့ပါ စားလို့ပြတ်တယ်ဆိုရင်တော့ ရက်ထပ်နှစ်အဖြစ်သတ်မှတ်ပြီး တစ်ရက်ထည့်ပေါင်းမှာဖြစ်ပါတယ်... ဆိုလိုတာကတော့ နှစ်ပေါင်း ၄၀၀ ကာလမှာ ရက်ထပ်နှစ်အဖြစ်သတ်မှတ်ပြီး ထည့်ပေါင်းခဲ့တဲ့ ရက်တွေက ၉၇ ရက်ပဲရှိပါတယ်... ၁၀၀ မဟုတ်ပါဘူး...

မျက်စိလည်သွားကြပြီထင်ပါတယ်... ထပ်ရှင်းပြပါမယ်... ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ ပြက္ခဒိန်က အတော့်ကိုရှုပ်ထွေးပါတယ်... တစ်နှစ်မှာ ပုံမှန်အားဖြင့် ၃၆၅ ရက်လို့ သတ်မှတ်ကြပေမဲ့ တကယ့်တစ်နှစ်အပြည့်ကတော့ ၃၆၅ ရက်နဲ့ ၆ နာရီသာသာရှိပါတယ်... ဒါကြောင့် လေးနှစ်ကြာတိုင်း ပြက္ခဒိန်ထဲမှာ ထည့်မတွက်ထားတဲ့ ၂၄ နာရီ (တစ်ရက်) အပိုရလာပါတယ်... ဒါကိုကာမိဖို့အတွက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကို ထပ်ထည့်ပေါင်းထားရခြင်းဖြစ်ပါတယ်...

ဒါပေမဲ့ တစ်နှစ်မှာပိုတဲ့အချိန်ဟာ ၆ နာရီအတိအကျမဟုတ်ပါဘူး... ၅ နာရီ ၄၉ မိနစ်နဲ့ ၁၆ စက္ကန့်ဖြစ်ပါတယ်... ဒါကိုကာမိဖို့အတွက် ရာစုနှစ်တစ်ခုဆုံးသွားတိုင်း (နှစ် ၁၀၀ ကြာတိုင်း) အပိုရက်တစ်ရက်ကို ပြက္ခဒိန်မှာထည့်မပေါင်းဘဲ ထားလိုက်ပါတယ်... အဲ့ဒီနှစ်ဟာ ၄၀၀ နဲ့စားလို့ပြတ်တဲ့နှစ်ဖြစ်ရင်တော့ အပိုရက်ကို ပုံမှန်အတိုင်းထည့်ပေါင်းပါတယ်... ဒီလိုလုပ်တာတောင်မှ နာရီ/မိနစ်/စက္ကန့် အစွန်းထွက်တွေကို အကြမ်းဖျဉ်းလောက်ပဲ အလို/အပိုညှိနိုင်တာဖြစ်ပါတယ်...

ဒီအချက်အလက်တွေအရ ၁၉၀၀ ပြည့်နှစ်ဟာ ၄ နဲ့စားလို့ပြတ်ပေမဲ့ ၁၀၀ နဲ့စားလို့ပြတ်တဲ့အတွက် ရက်ထပ်နှစ်မဟုတ်ပါဘူး... ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ်ကတော့ ရက်ထပ်နှစ်ပါပဲ... ဘာကြောင့်လဲဆိုတော့ ၂၀၀၀ ဟာ ၄၊ ၁၀၀၊ ၄၀၀ အားလုံးနဲ့စားလို့ပြတ်လို့ပါပဲ... အပေါ်မှာဆွေးနွေးထားတာတွေကို သင်သဘောပေါက်နားလည်တယ်ဆိုရင်.. သင့်အသက်အရွယ်အရလည်း ၂၁၀၀ ပြည့်နှစ်အထိ နေခွင့်ရဦးမယ်ဆိုရင်.. သင့်ရဲ့မြေးမြစ်တွေကို ၂၁၀၀ ပြည့်နှစ်ဟာ ဘာကြောင့် ရက်ထပ်နှစ်မဖြစ်သလဲဆိုတာကို သင်ရှင်းပြနိုင်ပါပြီ...

ဒီမှာဆက်လေ့လာလိုက်ပါဦး...
http://en.wikipedia.org/wiki/Leap_year
----------------------------------------------------------------
Ref: Facts and GK+
နှိုင်းရင့်နွေ

http://www.facebook.com/photo.php?fbid=404627116301792&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...