စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာပေါ်ရှိ တိုက်ကြီးများ ရွေ့လျားနေကြောင်း သီအိုရီ

  တိုက်ကြီးများ ရွေ့လျားနေကြောင်း သီအိုရီ
လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ မှ ၃၅၀ ဘူမိသက်တမ်းအခေါ် ကာဗွန်နီဖရက်ယုဂ် (carboniferous period) အချိန်က ကမ္ဘာပေါ်ရှိ တိုက်ကြီးအားလုံးသည် တစုတည်းရှိခဲ့သည်ဟု ပြင်သစ်လူမျိုး ဆနိုက်ဒါ (Snide, A.) သည် ၁၈၅၅ တွင် စာအုပ်တစ်အုပ် ပြုစုကာ ပုံနှင့်တကွ ဖေါ်ပြခဲ့၏။
သူသည် ဥရောပနှင့် မြောက်အမေရိကရှိ ကျောက်မီးသွေးကြောတို့တွင် တွေ့ရသော သစ်ပင်ကျောက်ဖြစ်ရုပ် ကြွင်း (wood fossil) များ တခုနှင့်တခု တူညီမှုအပေါ် အခြေခံခဲ့ခြင်း ဖြစ်သည်။ ၁၆၂၀ ကတည်းကပင် ဖရန်စစ်ဗေကွန် (Bacon, Francis) ဆိုသူသည် ဤသို့ စက်ဆပ်မှုကို စတင်တွေ့ရှိခဲ့၏။ သို့သော် ထိုတွေ့ရှိချက်ကို ဖေါ်ထုတ်ကြေငြာခြင်း မရှိပေ။ ၁၆၈၈ တွင် ပလက်ဆက် (Placet, P) ဆိုသူသည် ထိုတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့၏။ ၁၈၄၆တွင် အက်ဒ၀ပ်ဖော့ (Forbes, Edward) ဆိုသူသည် တိုက်ကြီးများ တခုမှ တခုသို့ သစ်ပင်နှင့် တိရစ္ဆာန်များ ပြန့်ပွားသွားပုံကို တိုက်ကြီးများ ရွေ့လျားနေကြောင်း သီအိုရီ (Theory of Continental Draft) ဖြင့် ဖြေရှင်းခဲ့သည်။ ကမ္ဘာ့တောင်တန်းကြီးများ ဖြစ်ပေါ်တည်ရှိမှုကိုလည်း ဤသီအိုရီ အသုံးပြု၍ ရှင်းပြခဲ့၏။ (ပုံ ၁ ရှု)။

တေလာ (Taylor, F.B.) ၏အယူအဆ
၁၉၀၈တွင် တေလာသည် တိုက်ကြီးများ ရွေ့လျားပုံကို ထုတ်ဖေါ်ခဲ့၏။ ၄င်းက လက်ရှိတိုက်ကြီးများမှာ ၀င်ရိုးစွန်းပိုင်းမှ အီကွေတာပိုင်းသို့ ရွေ့လျားခဲ့သော ကုန်းမြေများဖြစ်သည်ဟု ယူဆထားသည်။ မြောက်အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက်၊ ဂရင်လန်ကျွန်း၊ အာတိတ်ကုန်မြေ စသည့် မြောက်ပိုင်းကုန်းမြေ အားလုံးသည် တချိန်က ဆက်စပ်ခဲ့ပြီး နောက်မှ အီကွေတာဖက်ဆီသို့ ပျံ့နှံ့ခဲ့ကြောင်း ဖေါ်ပြထား၏။ ယင်းကုန်းမြေကြီးကိုလည်း လော်ရေးရှား (Laurasia) ဟု အမည်ပေးထား၏။ လော်ရေးရှား ရွေ့လျားဖြစ်စဉ် အနားစွန်းပိုင်းများ၌ တောင်တန်းကြီးများကို ဖြစ်ပေါ်စေသည်ဟု တင်ပြခဲ့၏။ (ပုံ ၂ ရှု)။
တောင်ကမ္ဘာခြမ်း၌လည်း အာဖရိက၊ တောင်အမေရိက၊ အိန္ဒိယ၊ နယူးဂီနီကျွန်း၊ သြစတြေးလျနှင့် အန္တာတိက တို့ပါဝင်သော ဂွန်ဒွားနားကုန်းမြေကြီး (Gondwana land) ရှိခဲ့၏။ ယင်းကုန်းမြေကြီးသည် အဖက်ဖက်သို့ ကွဲထွက်ကာ ၄င်းကုန်းမြေများ၏ ရှေ့ဦးပိုင်း၌လည်း တောင်တန်းကြီးများကို ဖြစ်ပေါ်စေသည်ဟု ဆို၏။ တောင်အတ္တလန်တိတ် သမုဒ္ဒရာနှင့် အိန္ဒိယပင်လယ်တို့မှာ ရွေ့လျားသော တိုက်ကြီးများကြောင့် ဖြစ်ပေါ်လာသည့် နေရာလပ်များသာ ဖြစ်သည်ဟု တင်ပြထား၏ (ပုံ ၃ ရှု)။
ဝက်ဂနာ (Wegener, A.) ၏ အယူအဆ
၁၉၁၀တွင် ၀က်ဂနာသည် သူ၏ အယူအဆကို တင်ပြခဲ့၏။ ကာဗွန်နီဖရတ်ယုဂ် အချိန်က တိုက်ကြီးများ တည်ရှိပုံကို ဖေါ်ပြရာတွင် ဆနိုက်ဒါ တင်ပြခဲ့သော ပုံများနှင့် ဆင်တူကြောင်း တွေ့ရသည်။ ကွဲပြားသည့် အချက်များမှာ အိန္ဒိယနှင့် အန္တာတိကတို့ကို အာဖရိကနှင့် သြစတြေးလျတို့ ကြားတါင် ထည့်သွင်း ဆက်စပ်ထားခြင်းပင် ဖြစ်သည်။ ၄င်း၏ ယူဆချက်တွင် ရှေးအခါက ကမ္ဘာကြီး၌ ဆိုင်အက်လွှာ (sial) ကြီးတစ်ခုသာ ရှိပြီး ၄င်းကို ပန်ဂေအာ (Pangaea)ဟု အမည်ပေးထား၏။ ပန်ဂေအာတွင် တေလာ၏ လော်ရေးရှားနှင့် ဂွန်ဒွားနားကုန်းမြေတို့ စုပေါင်းပါဝင်သည် (ပုံ ၄ ရှု)။
ယခုကဲ့သို့ တိုက်ကြီးများ ပျံ့နှံ့တည်ရှိနေမှုသည် ပန်ဂေအာ ကျိုးပြတ်ထွက်သည့် အစိုင်ခဲကြီးများ ဘေးအဖက်ဖက်သို့ ရွေ့လျားမှုကြောင့်သာ ဖြစ်သည်။ ကမ္ဘာ့တောင်ခြမ်းရှိ တိုက်ကြီးများသည် သက်လယ်ကပ် (Mesozoic) အချိန်မှ စတင်ကာ တောင်ဝင်ရိုးစွန်းအရပ်မှ အဖက်ဖက်သို့ ရွေ့လျားခဲ့သည်။ ဂရင်လန်ကျွန်းမှာ နောက်ဆုံးမှ ခွဲထွက်သည်ဟု ၀က်ဂနာက ဖေါ်ပြထား၏။ အတ္တလန်တိတ် သမုဒ္ဒရာမှာ ထိုသို့ တိုက်ကြီးများ ရွေ့လျားမှု ဖြစ်ပြီးနောက် ကျန်ခဲ့သော ကွက်လပ်နေရာများသို့ အစားဝင်ကာ ကမ္ဘာ၏ကြားလွှာ (mantle) ရှိ ဆီမာလွှာ (sima) များက သင့်တင့်သော အခြေနေသို့ ရောက်အောင် ဖန်တီးထားသည်ဟု ၀က်ဂနာက တင်ပြထားသည် (ပုံ ၅ ရှု)။
ထိုအယူအဆ၏ ထူးခြားချက်မှာ တိုက်ကြီးများသည် ပလိုင်စတိုဆင်းယုဂ် (plesistocene) ငယ် (လွန်ခဲ့သော နှစ် ၂သန်း) ကမှ ထင်ထင်ရှားရှား ဖြစ်ပေါ်ခဲ့သည်ဟူသော အချက်ပင် ဖြစ်သည်။ တိုက်ကြီးများသည် အနောက်ဖက် အရပ်သို့လည်း ရွေ့ခဲ့ကြောင်း ဖေါ်ပြထား၏။ အမေရိကတိုက်နှစ်ခုသည် အနောက်ဖက်သို့ ရွေ့စဉ် ရှေ့ဦးပိုင်းတို့မှာ သမုဒ္ဒရာကြမ်းပြင်၏ ခုခံမှုကို ခံရသော တွန့်ခေါက်သော ရောကီးတောင်တန်း (The Rockies)၊ ကက်စကိတ်တောင်တန်း (The Cascades)၊ ဆီယာရာနီဗားဒါးတောင်တန်း (The Sierra Nevada) နှင့် အင်ဒီးတောင်တန်း (The Andes) များဖြစ်လာ၏။ တိုက်ကြီးနှစ်ခုကြားရှိ ကုန်းမြေသည် နောက်ပိုင်း၌ ကျန်ရစ်ခဲ့ရာ အနောက်အိန္ဒိယကျွန်းစု ဖြစ်ပေါ်ခဲ့သည်ဟု ယူဆထားသည်။ သမုဒ္ဒရာအတွင်းရှိ ရေနက်ချိုင့်ဝှမ်းကြီးများသည် ကြမ်းပြင်ပေါ်တွင် ဖြစ်ပေါ်ခဲ့သော ယခုတိုင် ပြန်လည်မစေ့စပ်နိုင်သေးသည့် ကြားအက်ကြောင်းကြီးများ ဖြစ်သည်ဟု ဖေါ်ပြထား၏။
ရေခဲသက်သေ
ဝက်ဂနာသည် မိုးလေ၀သပညာရှင် ဖြစ်သည့်အလျောက် ရှေးယခင်က ဖြစ်ပေါ်ခဲ့သော ရာသီဥတု ပြောင်းလဲမှုများကို လေ့လာရာမှ တိုက်ကြီးများ ရွေ့ခဲ့သည်ဟူသော အယူအဆကို ဖေါ်ထုတ်ခဲ့၏။ ရာသီဥတုသည် တနေရာ၌ အမြဲတမ်းတည်ရှိနေမည်ဆိုပါက လက်ရှိရာသီဥတုနှင့် ကုန်းပိုင်းတွင်တွေ့ရသည့် မြေမျက်နှာသွင်ပြင်တို့ မကိုက်ညီကြောင်းကို တင်ပြထား၏။ အိန္ဒိယ၊ အာဖရိကတောင်ပိုင်းတို့တွင် လွန်ခဲ့သော နှစ် သန်းပေါင်း သုံးရာဝန်းကျင် ကာဗွန်နီဖရတ်ယုဂ် အချိန်က ရေခဲမြစ်များ စီးဆင်းခဲ့သည်ဆိုသော အချက်မှာ ငြင်းပယ်၍ မရနိုင်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသများ၌ ရေခဲများ စီးဆင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သော ထွင်းကြောင်းများ၊ ဓားသွားပုံ တောင်ထိပ်များ စသည့် သွင်ပြင်များကို တွေ့ရခြင်းကြောင့် ဖြစ်သည်။
၎င်းဒေသများသည် ဤနေရာ၌ တသမတ်တည်း တည်ရှိခဲ့သော ကုန်းမြေများသာ ဖြစ်ပါက ရေခဲမြစ်များ ဖုံးလွှမ်းရန် အကြောင်းမရှိချေ။ ထို့ကြောင့် ၄င်းကုန်းမြေများသည် ရေခဲဖုံးလွှမ်းနေချိန်က တောင်ဝင်ရိုးစွန်း အနီး တနေရာတည်းတွင် စုစည်းတည်ရှိခဲ့ကြမည်ဟု ပြောနိုင်၏၊ ၀က်ဂနာသည် ထိုအချိန်က တိုက်ကြီးများ တည်နေပုံကို ဖေါ်ပြရာတွင် အာဖရိက၊ အိန္ဒိယ၊ သြစတြေးလျနှင့် တောင်အာဖရိကတို့သည် အန္တာတိကာကို ပတ်ရံလျက် တည်ရှိပုံအဖြစ် ဖေါ်ပြထား၏။ (ပုံ ၆ ရှု)။

ကျောက်မီးသွေးသက်သေ
ကျောက်မီးသွေးသည် ရွံ့ညွန်ထူထပ်ပြီး အပူပိုင်းသစ်တောများ ပေါက်ရောက်သော အီကွေတာပိုင်းအနီး ဖြစ်ပေါ်နိုင်ကြသည်။ မြောက်အမေရိက၊ ဥရောပမြောက်ပိုင်း၊ အာရှနှင့် သြစတြေးလျတို့တွင် ကျောက်မီးသွေးကြောများကို တွေ့ရသော်လည်း ၄င်းဒေသတို့၌ ယခုအခါ အပူပိုင်းရာသီဥတု မရှိကြသည်ကို တွေ့ရ၏။ ထို့ပြင် အမေရိကတိုက်သည် အနောက်ပိုင်းသို့ ရွေ့ခဲ့ကြောင်း အထောက်အထားပြုသည့် အချက်တခုမှာ ဥရောပနှင့် မြောက်အမေရိကတိုက် တို့တွင်ရှိသော ကျောက်မီးသွေးကြောတို့သည် ဖွဲ့စည်းပုံချင်း တူညီသည်ကို တွေ့ရခြင်းဖြစ်သည်။ ထို့ပြင် သြစတြေးလျနှင့် တောင်အာဖရိကတို့တွင် ကျောက်များဖြစ်ပုံ တူညီသည့် အချက်များမှာ တိုက်ကြီးများ တချိန်က ရွေ့ခဲ့ကြောင်းကို အထောက်အထားပြနေ၏။

ရှေးသံလိုက်ဓာတ်ဆိုင်ရာ အထောက်အထား
ရှေးသံလိုက်ဓာတ် (palaeomagnetism) ကို လေ့လာခြင်းဖြင့် ရှေးကာလ အပိုင်းအခြား အမျိုးမျိုးတွင် 

တည်ရှိခဲ့သော မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းသည် အောက်ပါအတိုင်း တည်ရှိခဲ့မည် ဟူ၍ ဖြစ်သည်။
(၁) ဆီလူရီယံယုဂ် (Silurian) သက်တမ်း (လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ မှ ၄၄၀) အတွင်းက မြောက်လတ္တီကျု ၁၄ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၁၂၄ ဒီဂရီတွင် ရှိခဲ့သည်။
(၂) ကာဗွန်နီဖရတ်ယုဂ် (လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ မှ ၃၅၀ အထိ) သက်တမ်းတွင် မြောက်လတ္တီကျု ၁၆ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၁၄၇ ဒီဂရီတွင် ရှိခဲ့သည်။
(၃) တတိယယုဂ် (tertiary) (လွန်ခဲ့သော နှစ်သန်းပေါင်း ၂ မှ ၇၀ အထိ) သက်တမ်းတွင် မြောက်လတ္တီကျု ၅၁ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၁၅၃ ဒီဂရီတွင် ရှိခဲ့သည်။
ဤကဲ့သို့ မြောက်ဝင်ရိုးစွန်းသည် ကာလအပိုင်းအခြားအလိုက် ရွှေ့ပြောင်းတည်ရှိခဲ့ခြင်းမှာ တိုက်ကြီးများ ရွှေခဲ့သည်ဟူသော အချက်ကို အထောက်အထားပြုနေသည်ဟု သက်သေထူခဲ့သည် (ပုံ ၇ ရှု)။

တောင်တန်းကြီးများ သက်သေ
ဥရောပရှိ ယခင်တောင်တန်းကြီးများနှင့် အမေရိကရှိ တောင်တန်းကြီးများသည် ဆက်သွယ်ခဲ့သော အနေအထားကို ပြနေ၏။ နယူးအင်္ဂလန်နှင့် နယူးဖောင်လန်တို့တွင် သက်ဦးကပ် (palaeozoic) အလယ်ပိုင်းနှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော တွန့်ခေါက်တောင်တန်းတို့၏ လွှာတွန့်ဝင်ရိုး (axis of fold) တို့သည် ကမ်းခြေ၌ ရုတ်တရက် ပြတ်သွားသည်ကို တွေ့ရသည်။ ထို့အတူ ဥရုဂွေးနှင့် ဘရာဇီးတို့တွင် ဒီဗိုနီယန်ယုဂ် (Devonian period) အစပိုင်းက ဖြစ်ပေါ်ခဲ့သော တောင်တန်းများ၏ လွှာတွန့်ဝင်ရိုးတို့သည် အတ္တလန်တိတ်ကမ်းခြေတွင်ပင် အဆုံးသတ်သွားသဖြင့် တောင်အမေရိကနှင့် အာဖရိကတို့ အဆက်သွယ်ခဲ့ပုံကို ထင်ရှားစေသည်။ ဤအချက်များသည် တိုက်ကြီးများ ရွေ့ခဲ့ခြင်းကို အထောက်အကူပြုနေ၏။
သက်ရှိ သက်မဲ့များ အထောက်အထား
 

သက်ရှိသတ္တ၀ါများ၊ သက်မဲ့ရုပ်ကြွင်းများသည် တိုက်ကြီးများရွေ့ခဲ့ပုံကို အထောက်အထား ပြုနေ၏။ ကာဗွန်နီဖရတ် နောက်ပိုင်းအချိန်က ပေါ်ပေါက်ခဲ့သော Mesosaurus တွားသွားသတ္တ၀ါများ၏ အရိုးစုများကို တောင်အမေရိကနှင့် အာဖရိကတိုက်တို့တွင်သာ တွေ့ရပြီး ကျန်မည်သည့် ဒေသတွင်မျှ မတွေ့ရချေ။ မိုင်လေးထောင်မျှကွာသော အတ္တလန်တိတ် သမုဒ္ဒရာကြီး ခြားလျက်ရှိသည့် တိုက်ကြီးနှစ်တိုက်ပေါ်တွင်သာ တွေ့ရခြင်းသည် ထူးခြားသော အချက်ပင်ဖြစ်၏။ ထို့ပြင် Manatee ခေါ် ရေချိုငါးနှင့်တူသည့် နို့တိုက်သတ္တ၀ါမျိုးကို အမေရိကတောင်ပိုင်း၊ အလယ်ပိုင်နှင့် မြောက်အာဖရိကတိုက် တို့တွင်သာ တွေ့ရ၏။ ကင်းမြီးကောက်အမျိုးမျိုးကို နေရာအနှံ့အပြား၌ တွေ့ရခြင်းသည်လည်း တိုက်ကြီးများ ရွေ့ခြင်း၏ အထောက်အထား ဖြစ်၏ (ပုံ ဂ ရှု)။

ကမ်းရိုးတန်းများ အထောက်အထား
၁၆၂၀တွင် ဖရန်စစ်ဗေကွန်ဆိုသူ အင်္ဂလိပ်အဘိဓမ္မာဆရာတဦးက အတ္တလန်တိတ်သမုဒ္ဒရာ၏ တဖက်တချက်ရှိ ကမ်းရိုးတန်းဒေသများ၏ တူညီမှုကို လေ့လာခဲ့၏။ ဘရာဇီး၏ ထိပ်ဦးချွန်သော အပိုင်းသည် ဂူနီယာ (Guinea) ပင်လယ်ကွေ့နှင့် အန်ဝင်ခွင်ကျဖြစ်ပြီး အာဖရိက အနောက်ပိုင်းသည် ကာရစ်ဗီယမ် ပင်လယ်နေရာတွင် ဆက်စပ်နေကြောင်း တွေ့ရသည်ဟု ဆို၏။ ထို့ပြင် မြောက်အမေရိကသည် အနောက်ဥရောပ ကမ်းရိုးတန်းနှင့် ထိစပ်နေနိုင်သည် ဟုလည်း ဖော်ပြခဲ့၏ (ပုံ ၉ ရှု)။
ယင်းအချက်ကို ပညာရှင်အချို့က ငြင်းချက်ထုတ်ကြ၏။ ယနေ့ တွေ့မြင်ရသော ကမ်းရိုးတန်းများ တူညီနေမှုသည် တိုက်ကြီးများ ရွေ့လျားအောင် ဖန်တီးသော အင်အားကြောင့်မဟုတ်၊ ရာသီဥတု တိုက်စားမှုကြောင့် အကြောင်းအားလျော်စွာ တူညီနေမှုသာ ဖြစ်သည်ဟု ၄င်းတို့က ကန့်ကွက်ကြသည်။

တိုက်ကြီးများရွေ့လျားစေသောအား
ဤသီအိုရီနှင့် ပတ်သက်၍ ပညာရှင်အသီးသီးတို့ တင်ပြကြသော အယူအဆများ မှန်ကန်ကြောင်း လက်ခံနိုင်ရန် တိုက်ကြီးများကို ရွေ့အောင်ဖန်တီးသည့် အင်အားတစ်ရပ်ကို ဖေါ်ထုတ်ခဲ့သည်။ ဖော်ထုတ်ရာတွင် တိုက်ကြီးများသည် ဆိုင်အယ်လွှာ (သိပ်သည်းဆ ၂.၇) ဖြင့် တည်ဆောက်ထားပြီး ၄င်းတို့သည် ပိုမိုသိပ်သည်းသော ဆီမာလွှာ (သိပ်သည်းဆ ၂.၉) ပေါ်တွင် ပေါလောပေါ်နေသည် ဟူသော အချက်ကို အခြေခံ၍ တွေးဆတင်ပြကြ၏။

ရှေးဦးစွာ ပညာရှင်တို့သည် ကမ္ဘာ့အပြင်မှ သက်ရောက်သော ဆွဲအားကို စူးစမ်းကြသည်။ တေလာက တိုက်ကြီးများ ရွေ့စေသောအားသည် လမှ သက်ရောက်သည်ဟု ဖေါ်ပြ၏။ ယင်းဖေါ်ပြချက်တွင် ခရီတေးရျတ်ယုဂ် (cretaceous period) (လွန်ခဲ့သောနှစ် သန်းပေါင်း ၇၀ မှ ၁၃၅) အတွင်းက လသည် ကမ္ဘာမြေ၏ဆွဲငင်အားကို ခံရသည့် ဂြိုလ်ငယ်အဖြစ် ရှိနေသည်။ ထို့ပြင် လသည် ကမ္ဘာနှင့် ယခုထက် ပိုမိုနီးကပ်သဖြင့် ကမ္ဘာ့မြေကို ဆွဲငင်သောအား ပိုမိုကြီးမားသောကြောင့် တိုက်ကြီးများကို ရွေ့အောင် ဆွဲငင်ခဲ့သည်ဟု ဖေါ်ပြထား၏။ သို့သော် ၄င်း၏ ယူဆချက်မှာ အောက်ပါငြင်းချက်များကို ပြေလည်အောင် မရှင်းနိုင်ခဲ့ချေ။
 
(၁) တေလာ၏ ဖေါ်ပြချက်တွင် တောင်တန်းကြီးများသည် တိုက်ကြီးများရွေ့ခြင်းကြောင့် ဖြစ်ရသည်ဆိုလျှင် ခရီတေးရှတ်ယုဂ် မတိုင်မီက ရှိနှင့်ပြီးသော တောင်တန်းကြီးများ၏ ဖြစ်စဉ်ကို မဖေါ်ပြနိုင်။
 
(၂) အကယ်၍ လ၏ဆွဲငင်အားသည် တိုက်ကြီးများကို ရွေ့သွားစေပြီး တွန့်ခေါက်တောင်တန်းများ ဖြစ်ပေါ်စေခဲ့သည်ဆိုပါက ပွတ်တိုက်မှုကြောင့် ကမ္ဘာ မြေကြီး၏ လည်ပတ်မှု တစ်နှစ်အတွင်း ရပ်တန့်သွားနိုင်သည်ဟု ဂျက်ဖရီ (Jeffery) က ငြင်းချက်ထုတ်ခဲ့သည်။
ထို့ကြောင့် တေလာ၏ ရှင်းလင်းချက်သည် လုံးဝမပြည့်စုံ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် ယနေ့တိုင် ဆက်လက် လည်ပတ်နေသောကြောင့် ဖြစ်၏။ ကမ္ဘာမြေ၏ ပြင်ပမှ သက်ရောက်သော အားတစ်ခုခုသည် တိုက်ကြီးများရွေ့လျားခြင်းနှင့် တောင်တန်းကြီးများ ဖြစ်ပေါ်ခြင်းကို မဖန်တီးနိုင်ကြောင်းမှာ ထင်ရှားလေသည်။ ၄င်းပြင် တောင်တန်းကြီးများသည် ကမ္ဘာပေါ်ရှိ ဘူမိလွှာတွန့်ချိုင့်ကြီး (geosynclines) အတွင်း အနည်များ ပို့ချရာမှ ဖြစ်ပေါ်လာရသောကြောင့် တိုက်ကြီးများ ရွေ့အောင် ဖန်တီးမည့်အားသည်လည်း ကမ္ဘာအတွင်းမှပင် လာမည်ဟု ခန့်မှန်းထားသည်။
၁၉၁၁ တွင် ဘူမိပညာရှင် ဗေကာ (Baker, Howard) ဆိုသူသည် ယူဆချက်တခုကို ရှင်းလင်းခဲ့၏။ ၄င်း၏ အယူအဆမှာ သက်နှောင်းကပ် (Cenozoic) အချိန်က ဗီးနပ်ဂြိုလ် (Venus) သည် ကမ္ဘာ့အနီးသို့ ချဉ်းကပ်လာပြီး ကမ္ဘာ၏ အပေါ်ယံမြေလွှာပိုင်းကို ကွဲထွက်သွားစေသည်။ ထိုသို့ ကွဲထွက်သွားသော ကုန်းမြေထုကြီးမှာ လ ဖြစ်ပေါ်သွားပြီး ကျန်ရစ်သော ကွက်လပ်နေရာတွင် ရေများဝင်၍ ပစိဖိတ်သမုဒ္ဒရာကို ဖြစ်ပေါ်စေသည်ဟု တင်ပြ၏။ ကွဲထွက်ရာမှ ကျန်ခဲ့သော ကုန်းမြေထုကြီးထဲရှိ ဘေးတိုက် တွန်းကန်အားသည် ယနေ့တွေ့မြင်နေရသော တိုက်ကြီးများအဖြစ် ကွဲထွက်သွားသည်ဟု ဖေါ်ပြထား၏။ သို့သော် ယင်းယူဆချက်ကို ယနေ့တိုင် လက်မခံသေးပေ။
ဝက်ဂနာ၏ ယူဆချက

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...