မင်းနန်(မော်ကျွန်း) ရေးသားသည်။
လောက၌ လူအမျိုးမျိုး စရိုက်အထွေ ထွေ စိတ်နေစိတ်ထားအဖုံဖုံရှိပါသ
တွေရှိသလို အကျည်းတန် သူတွေလည်း ရှိပါ သည်။ စိတ်ရင်းကောင်း၍ စိတ်ကောင်းမွေးသူတွေ ရှိသလို စိတ်ရင်းမကောင်း စိတ်ကောင်းမမွေးသူတွေ လည်း ရှိပါ၏။ စိတ်နှင့်ရုပ် ဒွန်တွဲဖြစ်တည်နေသောလူတို့ တွင် အချို့မှာ ရုပ်ရည်ချောမောလှပပြီး စိတ်ထားလည်း ကောင်းမွန်သည်။ အချို့မှာ ရုပ်ရည်လည်းအကျည်းတန်သလို စိတ်ထားလည်းမလှပ။ အချို့မှာ ရုပ်ဆင်းသဏ္ဌာန် လှပတင့် တယ်သော်လည်း စိတ်နေစိတ်ထားမှာ မလှပ၊ မကောင်း မွန်။ အချို့မှာ ရုပ်ဆင်းသဏ္ဌာန်မလှပစေကာမူ စိတ် နေစိတ်ထား လှပဖြူစင်သည်။
အချို့သူတွေက အတိတ်ကံကောင်း အကျိုးပေးမှုအရ ရုပ်ရည် အဆင်းလှပ၏။ စကား ပြောလျှင်လည်း ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး။ သို့တစေ အတွင်း သဘောက မဖြောင့်စင်း။ မချောမွေ့။ သူတစ်ပါး တွေအပေါ် ငြူစူတတ်သည်။ ဝန်တိုတတ်သည်။ ကောက်ကျစ်စဉ်းလဲတတ်သည်။ သူတစ်ပါးတွေ၏ အောင်မြင်တိုးတက်မှု၊ ကြီးပွားချမ်းသာမှုအပေါ် မနာလိုတတ်ပေ။ သူတစ်ပါး၏ ကံဥာဏ်ဝီရိယအစွမ်းဖြင့် ရိုးရိုးသားသားကြိုးစားပြီး
''ဒေါသနဲ့ယှဉ်တွဲပြီးဖြစ်လာ
လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာရလာတာကို အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး။ မပျော်နိုင်ဘူး။ လူတစ်ယောက်ကြီးပွားသွားရင် မကြည့်နိုင်ဘူး။ မရှုစိမ့်ဘူး။ မနာလိုမရှုစိမ့်ဖြစ်တယ်လို့ေ
လူတစ်ဦး၏ အတွင်းသန္တာန်တွင် ဣဿာကြီးစိုးနေသောအချိန် ထိုသူ၌ သူတော်ကောင်းဓာတ်ကင်းမဲ့နေေ
အချို့ စကားပြောချိုသာပြီး ဟန်ပန်အမူအရာက စိတ်ကောင်းရှိလေဟန်ဆောင်တတ်
''မစ္ဆရိယဆိုတာ ကိုယ့်အရည်အသွေးမျိုး သူများကိုမရစေချင်တာ။ ကိုယ့်အခြေအနေမျိုး သူများမရစေချင်တာ။ ကိုယ်နဲ့သာ ယှဉ်ပြိုင်လာမယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲပိုင်ဆိုင်ထားချင်တယ
မစ္ဆရိယဆိုတာလဲ အတူတူပဲ။ ဒေါသနဲ့ယှဉ်တွဲတယ်။ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ။ နှမြောအိုးမို့ ဘာမှမလှူဘူး။ မတန်းဘူး။ မပေးဘူး။ မကမ်းဘူးလို့ ပြောကြတယ်။ မစ္ဆရိယက နှမြောတာချည်းပဲမဟုတ်ဘူး။
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူ များ မကြီးပွားစေချင်ဘူး။ ကိုယ်အောင် မြင်သလို သူများ မအောင်မြင်စေချင်ဘူး။ အဲဒါမျိုးကို မစ္ဆရိယလို့ပြောတာ။''
စင်စစ်မစ္ဆရိယဟူသည် အကုသိုလ်စေတ သိက်ပင်ဖြစ်ပါသည်။ ဝန်တိုခြင်းသဘောဖြစ်ပါသည်။ ဤဝန်တိုမှုကို အတွင်းသန္တာန်တွင် မွေးမြူ လိုက်သည် နှင့် မိမိ၏ဘဝကို လောင်မြိုက်မည့်မီးကို မိမိကိုယ် တိုင် မွှေးလိုက်ခြင်းသာဖြစ်ပါ၏။ ဝန်တိုခံရသူမှာ ပူ လောင်ခြင်းမရှိဘဲ မိမိကိုယ်တိုင် ဦးစွာပူလောင်ပေ လိမ့်မည်။
တောင်မြို့ မဟာဂန္ဓာရုံအရှင်ဇနကာဘိ ဝံသဆရာတော်ကြီးကလည်း မစ္ဆရိယနှင့်စပ်လျဉ်း၍ ဤသို့မိန့်တော်မူခဲ့ပါ၏။
''လူအများ၌ ကိုယ့်ထက် အိမ်ကောင်းယာ ကောင်းရှိမှာစိုးခြင်း၊ ကိုယ့်ထက်ဥစ္စာဓန ပေါမှာစိုးခြင်း၊ ရောင်းဝယ်ကောင်းမှာစိုး ခြင်း၊ ကိုယ့်ထက်ဆွေမျိုးညာတိ ပေါမှာစိုး ခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက် ဂုဏ်ကြီးမှာစိုးခြင်း၊ ကိုယ့်ထက် တတ်သိ မှာစိုးခြင်း..စသော သဘောများရှိတတ် လေသည်။ ထိုသဘောများက မစ္ဆရိယပင် တည်း။ ထိုသို့ မစ္ဆရိယဖြစ်သည့်အတွက် တစ်ဖက်လူ အကျိုးမယုတ်ဘဲ ကိုယ့်မှာ သာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားရ ကား၊ ဤမစ္ဆရိယကို ဝါသနာနှင့်တကွ အမြစ်ပါပြုတ်အောင်ကြိုးစား၍
တကယ်တော့ စိတ်ထဲတွင် မည်သည့်မစ္ဆ ရိယမှ အဝင်မခံသင့်ပါ။ သဝန်တိုမှုတစ်ခုခုကိန်းဝပ် လာသည်နှင့် စိတ်သည် မစင်ကြယ်တော့။ ညစ်နွမ်း သွားသည်။ သဝန်တိုမှုဟူသော စိတ်ဓာတ်၏ မစင် ကြယ်မှုအင်္ဂါက အကုသိုလ်ကို မွေးဖွားပေးသည်။ သဝန်တိုနေစဉ်အခိုက်အတန့် မိမိ၏အတွင်းသန္တာန် ကို ငဲ့စောင်းကြည့်လျှင် မည်မျှသေးသိမ်နုံ့နဲနေကြောင
မစ္ဆရိယငါးမျိုးရှိပါသည်။ မိမိနေသောနေ ရာတွင် အခြားသူလာနေမည်ကို မလိုလားမနှစ်သက် ခြင်းမှာ အာဝါသမစ္ဆရိယဖြစ်ပါ၏။ မိမိနှင့် ပေါင်း သင်းရင်းနှီးခင်မင်သူကို အခြားသူတစ်ဦးက ခင်မင် ရင်းနှီးမည်ကို မလိုလားမနှစ်သက်ခြင်းမှာ ကုလမစ္ဆ ရိယ ဖြစ်ပါသည်။
မိမိရရှိသော ငွေကြေးဥစ္စာမျိုးကို အခြားသူတွေရမည်ကို မလိုလားမနှစ်သက်ခြင်းမှာ လာဘမစ္ဆရိယဖြစ်ပါ၏။ ဆွေမျိုးအသိုက်အဝန်းအထဲ မှာပင်ဖြစ်စေ၊ ရုံးဌာန လုပ်ငန်းခွင်အတွင်းမှာပင်ဖြ
အချို့သူတို့သည် ကောက်ကျစ်စဉ်းလဲတတ် သည်။ သူတစ်ပါးတို့အပေါ် မရိုးမဖြောင့်ဆက်ဆံတတ် သည်။ သူ့အကျိုးစီးပွားအတွက်ဆိုလှ
အချို့သူတို့က မာယာအမျိုးမျိုး၊ ပရိယာယ် အထွေထွေ၊ ကောက်ကျစ်လှည့်စားမှုအဖုံဖုံ
ပုထုဇဉ်လူသားတို့အနေနှင့် အဆင်မပြေ မှု၊ အလိုမကျမှု၊ အစော်ကားခံရမှု၊ အဖိနှိပ်ခံရမှုတို့ နှင့် ကြုံဆုံသောအခါ အနည်းနှင့်အများ ဒေါသထွက် တတ်ကြသည်မှာ ဓမ္မတာသာဖြစ်ပါ၏။ သို့တစေ လူ တစ်ဦးနှင့်တစ်ဦး စိတ်နေစိတ်ထားနှင့် အသိဥာဏ် ကွာဟခြားနားမှုကြောင့် ဒေါသထွက်ရာ၌ အပြင်း အပျော့ ကွာခြားတတ်ပေသည်။ အချို့က မပြောပ လောက်သော အကြောင်းအပေါ်မူတည်၍ ဒေါသ ပြင်းပြင်းထန်ထန် ပေါက်ကွဲသည်။ ဓမ္မအသိရှိသူက မပြောပလောက်သောအကြောင်းအပေါ်
ထစ်ခနဲဆို ဒေါသဖြစ်လွယ်လွန်းခြင်းသည် သူတော်ကောင်းလက္ခဏာမဟုတ်လေပါ
အထက်ပါဓမ္မပဒတွင် ဘုရားရှင်က ''ဝန် တိုခြင်း၊ ငြူစူခြင်း ကောက်ကျစ် စဉ်းလဲခြင်းတို့သည် သူတော်ကောင်းလက္ခဏာမဟုတ်ကြော
သူတော်ကောင်းဖြစ်လိုသူ တိုင်း မိမိ၏အတွင်းသန္တာန်တွင် သူတစ်ပါးအပေါ် ဝန် တိုခြင်း၊ ငြူစူခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် ဒေါသ အမျက်ထွက်လွယ်ခြင်းဟူသော စရိုက်ဆိုးများ မတည် ကိန်းအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်
https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.33
No comments:
Post a Comment