စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ

နိုင်ငံတကာနှင့် ဆက်ဆံမှု့တိုးတက်လာသော ယနေ့အချိန်တွင် ယဉ်ကျေးမှု့ ကူးလူးယှက်နွယ်ခြင်း..
များကြောင့်တချို့ကိစ္စ များတွင် အရိုးပေါ်အရွက်ဖုံးသည့်အခြေအနေများကိုတွေ့လာကြရပါသည်။

နိုင်ငံတကာ ဘာသာဗေဒ စကားများ အသုံးတွင်ကျယ်လာမှု့အပေါ်မူတည်ပြီး .....
.မြန်မာ့ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းစဉ်လာများမှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန်အတွက် မြန်မာ့ ဆွေမျိုးစပ်
 ဝေါဟာရများအကြောင်း အနည်းငယ်တင်ပြလိုပါသည်။
 မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ ကိုလေ့လာကြည့်သောအခါ မိသားစုခြင်း ရိုသေလေးစားမှု့၊
ချစ်ခင်ကြင်နာမှု့ကို အခြေတည်ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း တွေ့ရပါသည်။
အရွယ်အကြီးအငယ်ကို လိုက်ပြီး.... မိကြီး ၊ မိထွေး ၊ ဘကြီး ၊ ဘထွေး၊... ဟူ ၍ လည်းကောင်း...
မေတ္တာကို အခြေခံပြီး.....  ဖိုး ၊ ဖွား ၊ သား ၊ သမီး ၊ ခင်ပွန်း ၊ ခမည်း ၊  ခဲအို ၊ ခယ်မ ၊ ........
စသဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြပါသည်။

ဖိုး ၊ ဖွား ၊ တို့၏အထက်..ဆွေမျိုးဆက်များအား အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့ သည့် သဘောဖြင့်..
ဘေး ၊ ဘီ ၊ ဘင် ၊ ဟူ ၍ လည်းကောင်း.........
သား ၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ် တွယ်တာသည့်သဘော၊
မြှေးကပ်တွယ်သည့် သဘောဖြင့် ....မြေး ၊ မြစ် ၊ တီ ၊ ကျွတ် ၊ တွတ် ၊ ဟူ ၍ လည်းကောင်း ..
ခေါ်ဝေါ် အသုံးပြုခဲ့ပါသည်။

မင်းကြီး မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော က၀ိလက္ခဏာဒီပနီကျမ်းတွင်..
မိမိအထက်...ဆွေမျိုး ခုနှစ်ဆက်ကို...
အဖ
အဖိုး
အဘေး
အဘီ
အဘဲး
အဘော
အဘွေး ... ဟူ ၍ လည်းကောင်း...........
မိမိအောက် ဆွေမျိုး ခုနှစ်ဆက်ကို......
သား
မြေး
မြစ်
တီ
တွတ်
ကျွတ်
မျှော့........ ဟူ ၍ လည်းကောင်း ....ဖေါ်ပြထားပါသည်။
.................................................................................

အမိ ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင်
................= တိုက်ရိုက် သွေးသား တော်စပ်ခြင်း
( နှာသံ ဖြင့် ရွတ်ရသော နူတ်ခမ်းဗျည်း  ကို အနိမ့်သက်သံ အိ ဖြင့် ပေါင်းစပ်ထားခြင်း )
အဖ ၊ အဖေ = ချစ်ခင် အားကိုး ပြုလောက်သူ
...... = အကြီး အကဲ အချုပ်
( နူတ်ခမ်းဌာန်ဖြစ် ရုန်းပွင့်ဗျည်း ပ ကို လေသံတင်းဖြင့် ရွတ်ဖတ်ခြင်း မှ ဖ ဖြစ်လာသည် )ဖိုး ၊ အဖိုး = ခေါင် ၊ အကြီး အမှုး = အဖိုးထိုက် အဖိုးတန်

အဖွား = အထူး ချစ်ခင်အပ်သူ  = ကြီးမားသော
(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ သို့ ရောက်အောင်
ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး  အမြင့်သက်သံ ဖြင့် ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်)

သား = အသွေးအသား ၊ ငယ်ရွယ်သူ

သမီး = ရင်သွေး ၊ မိန်းကလေး.....(သား + မိ  မှ လာသည်)

မြေး = ရှက်တွယ် ၊ မြှေးကပ် သူ

မြစ် = အမြစ်တွယ် သည့် သဘော

တီ...တွတ်....မျှော့....= မပြုတ်အောင် တွယ်ကပ်သည့် သဘော
........................................................................................

မိခင် နှင့် တော်စပ်သူများ........

မိကြီး  = အမိ ထက် ကြီးသူ ၊ အမိ နှင့် မခြား ချစ်အပ်သူ
( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး အဖြစ်လည်း သုံးသည် )
မိထွေး = အမိ ထက်ငယ်သူ ၊ အဖ ၏ နောက် ဇနီး

ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ
( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး ၊ အဖေ့ နှမ ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည် )

ဒွေးဒေါ် ၊ ဒွေးလေး ၊ ဒွေးကြီး  = ကြီးမြတ်သူ
........................အမေ ၏ ညီမ ၊ အဖေ့ ညီ၏ ဇနီး

ဒေါ်ကြီး ၊ ဒေါ်လေး ၊ အဒေါ် = ကြီးမြတ်သူ
........................အမေ ၏ အစ်မ ၊ အဖေ့ အစ်ကို ၏ ဇနီး

ဦးကြီး ၊ ဦးရီး ၊ ၀ရီး ၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ
.............အမိ ၏ အစ်ကိုကြီး ၊ အဖ ဘက်မှ အဒေါ်၏ ခင်ပွန်း
.................................................................................

ဖခင် နှင့် တော်စပ် သူများ ........
ဘကြီး ၊ ဘထွေး = အဖ နှင့် မခြား ချစ်အပ်သူ
ပထွေး = အမိ ၏ နောက်အိမ်ထောင်

အရီးကြီး ၊ အရီးလတ် ၊ အရီးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ
......................အဖေ ၏ နှမ အကြီး+ အလတ် + အငယ်  ၊  အမေ့မောင် ဦးလေး၏ ဇနီး


ညီ ၊ ညီမ = တမိသားချင်း ၊ မိမိ နှင့် ထပ်တူမျှ တွယ်တာအပ်သူ
.....................စွဲငြိ + ငြိတွယ် + ညီမျှ ခြင်း သဘော

နှမ = နှစ်သက်တွယ်တာ အပ်သော
တမိပေါက် သားချင်းများ အနက် ယောင်္ကျားလေးမှ မိမိအောက်ငယ်သော..မိန်းကလေး အား ခေါ်ခြင်း

နောင် ၊ နောင်ကြီး ၊ နောင်ငယ် = ရှေ့ ကျသည့်သဘော ၊
........တမိပေါက် သားချင်းများ ညီ အစ်ကို များ အနက် အငယ်က အကြီးကို ခေါ်ခြင်း

မောင် ၊ မောင်ကြီး ၊ မောင်ငယ် = အင်အားကြီးမား ၊ အားကိုးအားထား
တမိပေါက် သားချင်းများ အနက် မိန်းကလေးမှ မိမိအောက်ငယ်သော ယောင်္ကျားလေး အား ခေါ်ခြင်း

အစ်ကို ၊ အစ်ညီ ၊ အစ်မ = ပြည့်ပြည့် ၀၀ ၊ အားပြု လောက်သော
တမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ မိမိ ထက် အကြီးများ အား ခေါ်ခြင်း

ဝမ်းကွဲ ၊ တနို့ခြား = ညီအစ်ကို + မောင်နှစ်မ အရင်းမှ မွေးဖွား လာသူများ
.................................................................................
လက်ထပ် ထိမ်းမြား ၍ တော်စပ်သူများ ................
ခမီး (ခမည်း) ၊ ခမက် = ဖခင်ရင်းကဲ့သို့ မြတ်နိုး ချစ်ခင်အပ်သူ ၊
..............................သား သမီး နှင့် စပ်ကာ ခင်မင်တွယ်တာရသူ
( လင်မယား နှစ်ယောက်၏ အမိ အဖ အချင်းချင်း တော်စပ်ပုံ )

ခယ်မ = နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ
( မယား ၏ ညီမ ၊ ညီ ၏ မယား )

ခဲအို = အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ
 ( အမ ၏ ခင်ပွန်း ၊ လင် ယောင်္ကျား ၏ အစ်ကို )

ခင်ပွန်း ၊ ခင်ပွန်းမ = ခင်မင် ချစ်ခင် ရင်းနှီး ကျွမ်းဝင်ရသူ

ဇနီး  = အထူး နီးနီးကပ်ကပ် ရှိသူ

ခြွေးမ = အခြွေ အရံ  ခြွေရွေ  ၀န်းရံ  =သားဖြစ်သူ၏ ဇနီး

တူ ၊ တူမ = တူညီ ၊ ထပ်တူ (မိမိ ရင်သွေးနှင့် မခြား ချစ်ခင်အပ်သူ)
(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ )

မယား = စွဲယူ ၊ စွဲမြဲ  ( စွဲမြဲ ထားသော မိန်းမ)

လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ

မရီး = = ပွန်းပွန်းတီးတီး ကျွမ်းဝင်အပ်သော အမျိုးသမီး  (အကို ၏ ဇနီး ၊ မယား ၏ အမ )

မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ   ( လင် ၏ ညီ ၊ ညီမ ၏ လင် )

ယောက္ခမ = ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ   ( မယား+ လင် ၏ အမိအဖ )

ယောက်ဖ = ရစ်ပတ် ဖွဲ့နှောင် လာသူ   ( မယား ၏ မောင် ၊ နှမ ၏ လင် )

ယောက်မ = ရစ်ပတ် ဖွဲ့နှောင် လာသူ    ( လင် ၏ နှမ ၊ မောင် ၏ ဇနီး )
( ဆရာမ ဒေါ်မာလေး ၏ မြန်မာဆွေမျိုးစပ် ဝေါဟာရ များ....စာပေဗိမာန် ၁၉၇၇ မှကောက်နူတ် တင်ပြပါသည် )
By KyawLwin San

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...