
ပြာသိုလဆန်း(၁) ရက်နေ့ဟာဆိုလျင် ကရင်နှစ်သစ်ကူးနေ့ဖြစ် ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားများ အတွက်
အထွတ်အမြတ်ထားတဲ့ နေ့တနေ့ဖြစ်ပါတယ်။ နှစ်သစ် ရောက်တိုင်း ကရင်အမျိုးသားတွေဟာ မိမိတို့၏ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များကို အလေးအမြတ်ပြု ပူဇော်ပသ ကန်တော့ ကြပါတယ်။ သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြ ပါတယ်။
ပြီးတော့ ပျော်ပွဲရွှင်ပွဲ တွေဒုံးယိမ်းအကတွေနဲ့လည်းဖြေဖျော်ပေးပါသေးတယ်။ ဒါကြောင့် နှစ်သစ်ကူးပွဲတော်မှာ ရိုးရာ ယဉ်ကျေးမူ အကတခုဖြစ်တဲ့ ဒုံးယိမ်းအကဟာ လူအများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။
ဒုံးနှင့်အတူတွဲကအသုံးပြူတဲ့ တီးမှုတ်တူရိယာများကတော့ ပင်စည်၊ ကြေးကွင်း၊ နွဲ၊မောင်း၊ ဝါးလက်ခေါက်တို့ဖြစ်ပါ တယ်။ တေးသီချင်းနှင့်အတူသံပြိုင်သီဆိုကရပါတယ် တီးဝိုင်းအနားမှာ နောက်ခံ တေးအဖွဲ့တဖွဲ့လည်းထားရှိရပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားမှာ လုံချည်၊ အင်္ကျီအောက်ခံ အဖြူရောင်လက်ရှည် နှင့် အပေါ်ကရိုးရာအင်္ကျီ၊ ခါင်းပေါင်း၊ ခြေစွပ်အဖြူဝတ်ပြီး အမျိုးသမီးမှာလည်း ထဘီ၊ အင်္ကျီ၊ ခေါင်းစည်းပုဝါ နှင့်အတူ ဘယ်ဘက်လက်၏လက်ခလယ်မှာ အဖြူရောင်ပုဝါ သေးသေး လေးတခုကို ညှပ်ထားရပါတယ် အမျိုးသားတွေလိုပဲ ခြေစွပ်အဖြူ များကိုဝတ်ဆင်ကြပါ တယ်။

ပြန်လည်ပြုပြင်ခဲ့ရခြင်း၏အကြောင်းမှာ ဥမာအားဖြင့် ဒုံးဆအော် (ခေါ်) မျောက်အကဒုံးဟာ မျောက်မျက်နှာလိုမျိုး မျက်နှာအမူအရာထားကရပြီး၊ ဒုံးဒရယ် သည် လည်းပဲ ဒရယ်ဂျိုကိုခေါင်းမှာတပ်ပြီး ကရတဲ့အတွက်ကြောင့် ၄င်းအက တွေဟာ ယဉ်ကျေးမူနဲ့ လိုက် ဖက်မှုမရှိဖြစ်နေပါတယ်။ ထို့ကြောင့် ၄င်းအကတွေကို ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ပါတယ်။
ဒုံးယိမ်းအကကိုပထမဆုံးတခါ ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း ကရင်စာပေယဉ်ကျေးမူရှိ ဒုံးဆရာကြီး ရွှေကြိုးကြာမှ ရိုးရာယဉ်ကျေးမူဒုံး၏အမည်အခေါ်အဝေါ်နှင့် အကအားလုံးကို တမျိုးတ စားတည်းဖြစ်အောင် ယဉ်ကျေးမူရှိရှိနှင့် မြူးမြူးကြွကြွကရတဲ့အကမျိုးဖြစ်လာအောင် ၁၉၆၄ ခုနှစ် (မဆလ) ခေတ်မှာ ဒုံးယိမ်းအကကို ပြန်လည်ပြုပြင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကရင်တွေ နှစ်သစ်ကူးပွဲတော်ကျင်းပတိုင်း ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအကကိုပါ ကနေခဲ့ကြတာ ဒီကနေ့ဒီ အချိန်အထိပါပဲ။ ဆောင်းနဲ့နှင်းခွဲခြားမရသလို ကရင်လူမျိုးနဲ့ဒုံးယိမ်းအက ဟာခွဲခြားလို့မရပါဘူး။ နှင်းတွေဝေတဲ့ပြာသိုလရောက်တဲ့အခါတိုင်း ဖါးစည်သံတလွင်လွင်နဲ့ ကရင်ဒုံးယိမ်းအသံလေး တွေဟာ ဆောင်းအလှကိုချယ်မှုန်းထားသလိုပါဘဲ။
ကောင်းဝါမှကူးယူဖော်ပြသည်။
..ကရင်နှစ်ကူးမှာပျော်ရွင်ကြပါစေ...
No comments:
Post a Comment