ဥရောပကော်မစ်ရှင်အဖွဲ့က လက်ရှိတားမြစ်ထားသော ပုံတူမျိုးပွားခြင်းကို မဝေးတော့သည့်အနာဂတ်တွင် တရားဝင်ခွင့်ပြုချက်ရရန် တောင်းဆိုသွားမည်ဟု အောက်တိုဘာ ၁၉ရက်နေ့က ပြောကြားသွားခဲ့သည်။ လာမည့်(၅)နှစ်အတွင်းမှာ ဥရောပသမ္မဂ နိုင်ငံများတွင် အစားအသောက် ထုတ်ကုန်များအတွက် တရိစ္ဆန်ပုံတူမျိုးပွားခြင်းကို တရားဝင်ပြုလုပ်သွားနိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။
၁၉၆၀ အစပိုင်းနှစ်များကစ၍ သိပ္ပံပညာရှင်များမှာ ပုံတူမျိုးပွားခြင်းကို လေ့လာစမ်းသပ် ပြုလုပ်နေခဲ့ကြပြီး အောင်မြင်မှုများ ရရှိထားကြ၏။ သို့သော် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် ပြင်ပလောကတွင် ပုံတူမျိုးပွားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ရန် ကမ္ဘာက တားမြစ်ထားခဲ့သည်။
ဆေးသိပ္ပံနှင့် သုတေသနများအတွက် ရာစုနှစ်ဝက်အတွင်း တိရစ္ဆာန်များစွာကို စမ်းသပ်မျိုးပွား အောင်မြင်ခဲ့ကြပါသည်။ လူသားများကိုပင် အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ကြောင်း သတင်းများလည်း ထွက်ရှိခဲ့သည်။
လက်ရှိအချိန်ထိ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့သည့် တရိစ္ဆာန်အမျိုး(၂၀)ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
၁။ (မာကက္ကီးစ်)မျောက် (အပေါ်ဆုံးမှပုံ)
၂၀၀၀ခုနှစ်မှာ မာကက္ကီးမျောက်တစ်ကောင်ကို ဓါတ်ခွဲခန်းမှာ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။ နောက်ပိုင်းမှာ သိပ္ပံပညာရှင်များက မျောက်ကောင်ရေအတော်များများကို သွေးချိုနှင့် အခြားရောဂါများအတွက် သုတေသတနပြုလုပ်နိုင်ရန် ပုံတူမျိုးပွားခဲ့ကြကြောင်း သိရသည်။
၂။ ၀က်များ
အမေရိကန်မှ
ဓါတ်ခွဲခန်းတစ်ခုက ၂၀၀၀ခုနှစ်တွင် မျိုးဗီဇပုံတူပွားထားသော ၀က်များကို
လူသားများ၏ ဆဲလ်တစ်သျှူးများနှင့် ကိုယ်အင်္ဂါများတွင် အစားထိုးကုသနိုင်ရန်
မိတ်ဆက်တင်ပြခဲ့သည်။
၃။ အာရှရေချိုငါးများ
၁၉၆၃ခုနှစ်တွင်
အာရှရေချိုငါးကြီးတစ်ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။
နောက်ထပ်(၁၀)နှစ်အကြာတွင် တရုတ်သိပ္ပံပညာရှင် Tong Dizhouက
ဥရောပငါးတစ်မျိုးကို ပုံတူမျိုးပွား အောင်မြင်ခဲ့သည်။
၎။ သိုးမလေး ဒေါ်လီ
၁၉၉၆ခုနှစ်မှာ
ဒေါ်လီအမည်ရှိ သိုးတစ်ကောင်ကို ပုံတူပွားနိုင်ခဲ့ကြသည်။ သိုးမလေးမှာ
ကမ္ဘာတွင် ပထမဆုံးသော နို့တိုက်သတ္တ၀ါ ပုံတူမျိုးပွား အောင်မြင်မှုအဖြစ်
မှတ်တမ်းဝင်ခဲ့၏။ သိုးမလေးဒေါ်လီမှာ (၆)နှစ်ကြာ အသက်ရှည်ခဲ့ပြီး
ပုံတူမျိုးပွားခြင်းလောကတွင် အအောင်မြင်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရသည်။
ထို့နောက် နို့တိုက်တရိစ္ဆာန် ရာနှင့်ချီ၍ ပုံတူမျိုးပွားခဲ့ကြပြီး ဖြစ်သည်။
၅။ Cumulina ကြွက်
Cumulina
အမည်ရှိ ကြွက်တစ်ကောင်ကို အမေရိကန်နိုင်ငံ ဟာဝိုင်အီမှ ပုံတူမျိုးပွား
အောင်မြင်ခဲ့သည်။ ထိုကြွက်မှာ ပုံတူမျိုးပွားစဉ် ချွတ်ချော်မှုတစ်ခုကြောင့်
(၃၁)လကြာသာ အသက်ရှင်ခဲ့သည်။
၆။ နွားများ
ပုံမှာဖော်ပြထားသည့်
နွားနှစ်ကောင်မှာ ဂျပန်၌ ၁၉၉၈ခုနှစ်မှာ ပထမဆုံးအကြိမ် အောင်မြင်စွာ
ပုံတူမျိုးပွားနိုင်ခဲ့သည့် နွားနှစ်ကောင်ဖြစ်သည်။ ၄င်းမှာ
ပုံတူမျိုးပွားနည်းတွင် ဂျပန်၏ အကြီးကျယ်ဆုံး အောင်မြင်မှုဖြစ်ပြီး
၎င်းမှတစ်ဆင့် အခြားပုံတူမျိုးပွားမှု နည်းစနစ်များအတွက်
ပိုမိုကောင်းမွန်သော အသားနှင့် နို့ကို ဖြန့်ဖြူးနိုင်ခဲ့သည်။
နောက်ပိုင်းမှာ ထောင်နှင့်ချီ၍ နွားများကို ပုံတူမျိုးပွားခဲ့ကြပြီး
ဖြစ်သည်။
၇။ ဆိတ်များ
ဖော်ပြပုံပါဆိတ်များမှာ
၁၉၉၈ခုနှစ်က အမေရိကန်နိုင်ငံမှ ဓါတ်ခွဲခန်းတစ်ခုမှာ ပုံတူပွားယူခဲ့သော
ဆိတ်များဖြစ်သည်။ သိပ္ပံပညာရှင်များက မွေးမြူရေးတိရစ္ဆာန်များ
ပုံတူမျိုးပွားခြင်းနည်းပညာကို လူသားများ၏ အကျိုးကျေးဇူးများအတွက်
ဆေးဝါးသုံးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးချလာနိုင်ကြသည်။
၈။ မော်ဖလွန်တောဆိတ်
ဆိတ်မျိုးစိတ်များအနက်
ရှားပါးသော မော်ဖလွန်တောဆိတ်တစ်ကောင်ကို ၂၀၀၀ပြည့်နှစ်က ဥရောပတွင်
အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြရာ ဤနည်းလမ်းဖြင့် မျိုးတုန်းမည့်
ရှားပါးတရိစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန် မျှော်လင့်နေကြသည်။
၉။ အာရှနွားရိုင်းတစ်မျိုး
၂၀၀၁ခုနှစ်က
ဖော်ပြပါ အာရှနွားရိုင်းတစ်ကောင်ကို အောင်မြင်စွာ
ပုံတူမျိုးပွားယူနိုင်ခဲ့သည်။ သို့သော် ချွတ်ယွင်းမှုအချို့ကြောင့်
ဖော်ပြပါနွားလေးမှာ ၂ရက်သာ အသက်ရှင်ခဲ့ကြောင်း သိရသည်။ ၁၀။ ယုန်များ
ယုန်ဖြူများကို ၂၀၀၁ခုနှစ်မှာ သိပ္ပံပညာရှင်များ ပုံတူမျိုးပွား၍ အောင်မြင်ခဲ့ကြပြီး၊ နောက်ထပ်ယုန်အကောင် အနည်းဆုံး(၃၀)ကျော် ပုံတူမျိုးပွားယူခဲ့ကြပြီး ဖြစ်သည်။ ၁၁။ ကြောင်များ
ကိုဘီအမည်ရှိ
ကြောင်တစ်ကောင်ကို ၂၀၀၁မှာ ပုံတူမျိုးပွားယူနိုင်ခဲ့ကြပြီး နိုင်ငံတကာ
အိမ်မွေးတိရစ္ဆာန်များ ပုံတူမျိုးပွားခြင်း ဈေးကွက်လမ်းစပွင့်လာခဲ့သည်။
၁၂။ ကြွက်ကြီးများ
၂၀၀၂ခုနှစ်တွင်
ကြွက်ကြီးတစ်ကောင်ကို ပုံတူမျိုးပွားမှု စတင်အောင်မြင်ခဲ့ကြသည်။
ဤကြွက်မတိုင်မီ ၁၅ကြိမ်တွင် မအောင်မြင်ခဲ့ကြပေ။
ဓါတ်ခွဲခန်းကြွက်ကြီးများကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခြင်းမှာ
ဆေးပညာဆိုင်ရာ သုတေသနများအတွက် ကြီးမားသောအကျိုးပင် ဖြစ်သည်။
၁၃။ လား
အမေရိကန်နိုင်ငံ
သုတေသနအဖွဲ့တစ်ခုက ၂၀၀၃ခုနှစ်မှာ လားတစ်ကောင်အား ပုံတူမျိုးပွား
အောင်မြင်ခဲ့ပြီး မျိုးစပ်မြင်းတစ်ကောင်ကို ပထမဆုံး ကလုန်းလုပ်နိုင်ခဲ့သည်။
၁၄။ ပြိုင်မြင်းများ
၂၀၀၃ခုနှစ်မှာပင်
အီတလီမှ သိပ္ပံသုတေသနအဖွဲ့တစ်ဖွဲ့က ပြိုင်မြင်းတစ်ကောင်ကို
ပုံတူမျိုးပွားနည်းဖြင့် အောင်မြင်စွာ ရယူနိုင်ခဲ့ကြသည်။
အီတာလျံပြိုင်မြင်း အများအပြားကို ပုံတူမျိုးပွားယူရန်
မျှော်လင့်ခဲ့ကြသော်လည်း နောက်ထပ်မအောင်မြင်ခဲ့ကြပေ။
၁၅။ အာဖရိကတောကြောင်
အာဖရိကတောကြောင်များမှာ
မျိုးတုံးမည့်အန္တရာယ် ရှိမနေသော်လည်း နည်းပါးလာသော
တရိစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်သောကြောင့် အမေရိကန် သိပ္ပံပညာရှင်များက
၂၀၀၃ခုနှစ်တွင် ပုံတူမျိုးပွားနည်းဖြင့် တစ်ကောင်ရယူခဲ့ကြသည်။
၁၆။ သမင်ပြောက်
တက္ကဆက်
A&M တက္ကသိုလ်မှ အမြီးဖြူသမြင်ပြောက်တစ်ကောင်အား ပုံတူမျိုးပွား
ရရှိခဲ့သည်။ မြောက်အမေရိကမှ သိပ္ပံပညာရှင်များမှာ သမင်မျိုးပေါင်းများစွာ
ပုံတူမျိုးပွားနည်းဖြင့် စမ်းသပ်နေကြဆဲဖြစ်သည်။
၁၇။ Ferrets
၁၉၆၀ အစပိုင်းနှစ်များကစ၍ သိပ္ပံပညာရှင်များမှာ ပုံတူမျိုးပွားခြင်းကို လေ့လာစမ်းသပ် ပြုလုပ်နေခဲ့ကြပြီး အောင်မြင်မှုများ ရရှိထားကြ၏။ သို့သော် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် ပြင်ပလောကတွင် ပုံတူမျိုးပွားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ရန် ကမ္ဘာက တားမြစ်ထားခဲ့သည်။
ဆေးသိပ္ပံနှင့် သုတေသနများအတွက် ရာစုနှစ်ဝက်အတွင်း တိရစ္ဆာန်များစွာကို စမ်းသပ်မျိုးပွား အောင်မြင်ခဲ့ကြပါသည်။ လူသားများကိုပင် အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ကြောင်း သတင်းများလည်း ထွက်ရှိခဲ့သည်။
လက်ရှိအချိန်ထိ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့သည့် တရိစ္ဆာန်အမျိုး(၂၀)ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
၁။ (မာကက္ကီးစ်)မျောက် (အပေါ်ဆုံးမှပုံ)
၂၀၀၀ခုနှစ်မှာ မာကက္ကီးမျောက်တစ်ကောင်ကို ဓါတ်ခွဲခန်းမှာ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။ နောက်ပိုင်းမှာ သိပ္ပံပညာရှင်များက မျောက်ကောင်ရေအတော်များများကို သွေးချိုနှင့် အခြားရောဂါများအတွက် သုတေသတနပြုလုပ်နိုင်ရန် ပုံတူမျိုးပွားခဲ့ကြကြောင်း သိရသည်။
၂။ ၀က်များ

၃။ အာရှရေချိုငါးများ

၎။ သိုးမလေး ဒေါ်လီ

၅။ Cumulina ကြွက်

၆။ နွားများ

၇။ ဆိတ်များ

၈။ မော်ဖလွန်တောဆိတ်

၉။ အာရှနွားရိုင်းတစ်မျိုး

၁၂။ ကြွက်ကြီးများ

၁၃။ လား

၁၄။ ပြိုင်မြင်းများ

၁၅။ အာဖရိကတောကြောင်

၁၆။ သမင်ပြောက်

၁၇။ Ferrets

University of Iowa က ၂၀၀၄ခုနှစ်မှာ ပထမဆုံးအကြိမ် ဖာရက်စ်ခေါ် မျိုးတုံးမည့်အန္တရာယ်ကြုံနေရသော (ဖျံမျိုးစိတ်) နို့တိုက်တိရိစ္ဆာန်ငယ်လေးများကို ပုံတူမျိုးပွားခြင်း အောင်မြင်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးအတွက် လေ့လာသုတေသနပြုနိုင်ရန် အထောက်အကူပြုခဲ့သည်။
၁၈။ ကျွဲများ
၁၈။ ကျွဲများ

ကျွဲကို
အိန္ဒိယနိုင်ငံက အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။
မျိုးပွားယူထားသော ကျွဲမများမှ နေ့စဉ် နို့(၃၅)ကီလိုဂရမ်
ထုတ်ပေးနိုင်ကြောင်းလည်း သိရသည်။ သို့သော် ထိုကျွဲများ၏သက်တမ်းမှာ
အလွန်တိုတောင်းပြီး (၅)ရက်သာ အသက်ရှင်ခဲ့ကြောင်း သိရသည်။
၁၉။ ခွေး
တောင်ကိုးရီးယား သိပ္ပံပညာရှင်များက ၂၀၀၅ခုနှစ်တွင် စနူပီခွေးများကို ၄င်းတို့၏ စတမ်းဆဲလ်(stem cell) မွေးမြူမျိုးပွားကာ ပုံတူမျိုးပွားနိုင်ခဲ့ကြပြီး ပထမဆုံးအကြိမ် ခွေးပုံတူမျိုးပွားခြင်း အောင်မြင်မှု ဖြစ်ခဲ့သည်။ ဤကဲ့သို့ စတမ်းဆဲလ်များ မွေးမြူကြီးထွားစေသော နည်းလမ်းမှာ လူသားများ၏ ရောဂါအများအပြားအတွက် အကျိုးကျေးဖူးများကြောင်း သိရသည်။
၂၀။ ၀ံပုလေ

ွ
၂၀၀၅ခုနှစ်တွင် တောင်ကိုးရီးယားမှ Seoul National Universityမှ ၀ံပုလွေနှစ်ကောင် ပုံတူမျိုးပွားနည်းဖြင့် ရယူနိုင်ခဲ့ကြပြီး သူတို့က သဘာဝပတ်ဝန်းကျင်မှ တောတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် နည်းလမ်းရှိပြီဟု ကြေငြာခဲ့ကြသည်။

No comments:
Post a Comment