ကျနော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်
လည်ချောင်းနာတယ်ဆိုတာက အများအားဖြင့်တော့ Pharyngitis ကြောင့်ဖြစ်တာများပါတယ်။ Pharyngitis ဆိုတာက Pharynx (အာခေါင်တစ်လျှောက်) နဲ့ Tonsil (အာသီး) အဲဒီနှစ်ခုလုံးရောင်နေတာပါ။
သာမန်ရောဂါပိုးမရှိဘူးဆိုရင် မမြင်ရတတ်ပါဘူး။ ရောဂါပိုးဝင်နေမှသာ ရောင်ပြီးကြီးလာတတ်ပါတယ်။
လည်ချောင်းနာတာပာာ ဖျားနာတာ၊ တုပ်ကွေးမိတာနဲ့တွဲပြီးဖြစ် တတ်သလို မဖျားဘဲနဲ့ လည်ချောင်းနာတာတစ်ခုတည်းဖြစ်နေတာမျိုးလည်း ရှိပါတယ်။ နာရင်တချိန်လုံးနာနေတတ်ပြီး
အထူးသဖြင့် တံတွေးမြိုလိုက်ရင် အပ်နဲ့ထိုးသလို၊ မီးစနဲ့ထိုးသလို
စူးကနဲနာတတ်ပါတယ်။ နာနေတဲ့အချိန်တွေမှာဆိုရင် လည်ချောင်းထဲကို လက်ထည့်ပြီး
ကုတ်ဖဲ့ပြစ်ချင်စိတ်တွေတောင်ပေါ်တတ်ပါတယ်။ အများအားဖြင့်တော့ ဖြစ်တဲ့အချိန်သိပ်မကြာတတ်ပေ မယ့် တချို့တွေမှာအကြာကြီးဖြစ်နေ တာမျိုးလည်း ရှိတတ်ပါတယ်။ အများဆုံးဖြစ်တတ်တာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ် ပါတယ်။ ဗိုင်းရပ်စ်ရဲ့နောက်မှာတော့ ဒုတိယအဖြစ်အများဆုံးက ဘက်တီးရီးယားကြောင့်ပါ။ အဲဒါတွေအပြင် မှိုပိုး၊ သွေးရောဂါနဲ့ ဆေးလိပ်သောက်တာတွေကြောင့်လည်း နာတတ်ပါတယ်။
လည်ချောင်းနာတဲ့အခါမှာ စကားပြောရင်၊ အစာမျိုချရင် ပိုနာပါတယ်။ မျိုရခက်တတ်ပါတယ် (အစာမပြောနဲ့ တံတွေးတောင်မျိုရခက်ပါတယ်)။ လည်ချောင်းတွေခြောက်နေတတ်ပါ တယ် (ရေခဏခဏသောက်ရတတ်ပါတယ်)။ လည်ပင်း ဒါမှမပာုတ်မေးရိုးအောက်တွေက အကျိတ်တွေကြီးလာတတ်ပါတယ် (အထူးသဖြင့်တော့ ဘက်တီးရီးယားကြောင့်ဖြစ်ရင်
ပိုသိသာပါတယ်)။ အာသီးမှာ ပြည်တည်နေတတ်ပါတယ် (အထူးသဖြင့် ဘက်တီးရီးယား)၊
အသံပြောင်းသွားတာ၊ ခံတွင်းနံ့နံတာ၊ မစားချင်မသောက်ချင်တာတွေပါ
တွဲဖြစ်တတ်ပါတယ်။
လည်ချောင်းနာတာပာာ ဖျားနာတာ၊ တုပ်ကွေးမိတာနဲ့တွဲပြီးဖြစ်
လည်ချောင်းနာတဲ့အခါမှာ စကားပြောရင်၊ အစာမျိုချရင် ပိုနာပါတယ်။ မျိုရခက်တတ်ပါတယ် (အစာမပြောနဲ့ တံတွေးတောင်မျိုရခက်ပါတယ်)။
အခုလိုမျိုးလည်ချောင်းနာတာတ စ်ခုတည်းနဲ့ပဲလာတတ်သလို တုပ်ကွေးမိသလိုလက္ခဏာတွေနဲ့လ ည်း
တွဲပြီးလာတတ်ပါတယ်။ အဲဒါတွေကတော့ ကိုယ်ပူမယ်၊ ချမ်းမယ်၊ ချောင်းဆိုးမယ်၊
နှာစီးမယ်၊ နှာရည်ယိုမယ်၊ ခေါင်းကိုက်မယ်၊ တကိုယ်လုံးကိုက်ခဲနေမယ်၊
ပျို့ချင်အန်ချင်သလိုဖြစ်မယ်။ ဒီလည်ချောင်းနာတဲ့ဝေဒနာပာာ ခဏခဏဖြစ်တတ်ပြီး အများအားဖြင့်တော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ် တတ်လို့ သိပ်အရေးမကြီးတတ်ပေမယ့် ဘက်တီးရီးယားကြောင့်ဖြစ်မယ် ဆိုရင်တော့ အရေးကြီးတတ်ပါတယ်။ လုံးဝအတိအကျကြီးမပာုတ်ပေမယ့်  အရေးကြီးသလား၊ မကြီးသလားဆိုတာကို ကိုယ့်ဘာသာကိုနည်းနည်းခွဲကြ ည့်လို့ရမယ့်နည်းတော့ရှိပါတ ယ်။
အဲဒါကလည်ချောင်းနာတဲ့အချိန်မှာ နှာစီးနေလား၊ နှာရည်ယိုနေလား၊
ခေါင်းကိုက်နေလား၊ ချောင်းဆိုးနေလား အဲဒါမျိုးတွေရှိနေရင်
ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်ပါတယ်။ အဲလိုမျိုးမရှိဘဲ လည်ချောင်းနာတာကအရမ်းဆိုးနေ တာ၊ လည်ပင်းနားကအကျိတ်တွေကြီးလာ တာ၊ အာသီးအရမ်းရောင်လာတာ၊ ပြည်တည်နေတာ၊ အရမ်းဖျားနေတာမျိုးတွေရှိနေ ရင်တော့ ဘက်တီးရီးယားကြောင့်ဖြစ်တတ် ပါတယ်။ အကြမ်းဖျင်းလောက်သာခွဲလို့ရ ပါတယ်။ အတိအကျတော့မပာုတ်ပါဘူး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့လည်ချောင်းနာတာတွေမှာလည်း ဆိုးရင်ပြည်တည်တာတွေ၊ အကျိတ်တွေကြီးတောတွေဖြစ်တတ် လို့ပါ။ ဘက်တီးရီးယားလား ဗိုင်းရပ်စ်လားဆိုတာကို အတိအကျသိချင်ရင်တော့ Throat swab (လည်ချောင်းထဲမှအရည်ကိုယူပြီး စမ်းသပ်ကြည့်ခြင်း) နဲ့စမ်းသပ်နိုင်ပါတယ်။
ဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့
ပိုးသတ်ဆေးမလိုတတ်ပါဘူး။ ဘက်တီးရီးယားဆိုရင်တော့ ပိုးသတ်ဆေးလိုတတ်ပါတယ်။
ဒါပေမယ့် အများအားဖြင့်တော့ ဆေးခန်းကိုသွားရင်တော့
ဗိုင်းရပ်စ်ဆိုရင်တောင်ပိုး သတ်ဆေးပေးပါတယ်။ ဘာလို့လည်းဆိုတော့ ဗိုင်းရပ်စ်ဝင်ရာကနေနောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်လာနိုင် လို့ပါ။ တကယ်လို့လည်ချောင်းနာနေတာကေ န အရမ်းဆိုးပြီး အသက်ရှူရတာခက်လာတာ၊ အစာလုံးဝမျိုလို့မရတာမျိုးထိဖြစ်လာရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။ ဘက်တီးရီးယားကြောင့်လည်ချော င်းနာရင် နောက်ပိုင်းမှာ နှလုံးလေးဘက်နာ (Rheumatic fever) ဖြစ်တတ်လို့ ဘက်တီးရီးယားကြောင့်လည်ချော င်းနာတယ်ဆိုတာကိုသိသိချင်းပဲ ပိုးသတ်ဆေးသုံးပြီးကုသရပါမယ်။
လည်ချောင်းနာတာပာာ အောက်ပါအကြောင်းတွေကြောင့် ပိုပြီးဖြစ်တတ်ပါတယ်။
၁။ လည်ချောင်းနာခြင်းပာာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာပိုပြီးဖြ စ်တတ်ပါတယ်။ ကလေးတွေမှာလည်ချောင်းနာရင်ေ တာ့ ဘက်တီးရီးယားပိုဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။
၂။ ဆေးလိပ်သောက်သူတွေ၊ ဆေးရွက်ကြီးသုံးစွဲသူတွေ။
၃။ ဓါတ်မတည့်တဲ့ရောဂါရှိတဲ့သူေ တွ။
၎။ ခဏခဏ နှာစီးနေတတ်တဲ့သူတွေ။
၅။ ကိုယ်ခံအားမကောင်းတဲ့သူတွေ (HIV ပိုးရှိသူတွေ၊ ဆီးချိုရောဂါဝေဒနာရှင်တွေ၊ Steroid ပါတဲ့ဆေးသောက်နေရသူတွေ၊ စိတ်ဖိစီးနေတဲ့သူတွေ၊ ကင်ဆာဆေးတွေသောက်နေရတဲ့သူတွေ)
လည်ချောင်းနာပြီဆိုရင် အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးတွေ (Ibuprofen, Diclofenac, Naproxen, Mefenamic acid, Meloxicam) အဲဒါတွေအကုန်လုံးသောက်လို့ရ ပါတယ် (အကိုက်အခဲပျောက်ဆေးအကုန်လုံးက
အစာအိမ်ကိုထိတတ်လို့ ချင့်ချိန်ပြီးသောက်ပါ။ နာတိုင်းသောက်နေရင်တော့
သိပ်မကြာခင် အစာအိမ်ဖြစ်ပြီး သွေးအန်ပါလိမ့်မယ်။ သောက်တဲ့အခါလည်း
အစာအိမ်ဆေး Omeprazole အုပ်စုတစ်မျိုးမျိုးနဲ့တွဲေ သာက်ပါ)။ အနာသက်သာအောင် Steroid ပါတဲ့ဆေးတွေကိုလည်းသောက်လို့ ရပါတယ် (Dexamethasone)၊ တစ်ခုရှိတာက Steroid ပါတဲ့ဆေးတွေကိုသောက်ရင် ကြာရှည်စွဲသောက်တာမျိုးမလုပ်ပါနဲ့။
လည်ချောင်းနာတာပာာ အောက်ပါအကြောင်းတွေကြောင့် ပိုပြီးဖြစ်တတ်ပါတယ်။
၁။ လည်ချောင်းနာခြင်းပာာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာပိုပြီးဖြ
၂။ ဆေးလိပ်သောက်သူတွေ၊ ဆေးရွက်ကြီးသုံးစွဲသူတွေ။
၃။ ဓါတ်မတည့်တဲ့ရောဂါရှိတဲ့သူေ
၎။ ခဏခဏ နှာစီးနေတတ်တဲ့သူတွေ။
၅။ ကိုယ်ခံအားမကောင်းတဲ့သူတွေ (HIV ပိုးရှိသူတွေ၊ ဆီးချိုရောဂါဝေဒနာရှင်တွေ၊ Steroid ပါတဲ့ဆေးသောက်နေရသူတွေ၊ စိတ်ဖိစီးနေတဲ့သူတွေ၊ ကင်ဆာဆေးတွေသောက်နေရတဲ့သူတေ
လည်ချောင်းနာပြီဆိုရင် အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးတွေ (Ibuprofen, Diclofenac, Naproxen, Mefenamic acid, Meloxicam) အဲဒါတွေအကုန်လုံးသောက်လို့ရ
ငုံဆေးတွေကတော့ ခဏတဖြုတ်ပဲသက်သာတတ်ပါတယ်။ ငုံထားတုန်းခဏပဲသက်သာပြီး
အရှိန်ပြယ်သွားရင် ပြန်နာနေတတ်ပါတယ်။ အဲဒါအပြင် Lozenges
ပါတဲ့ငုံဆေးပြားတွေက ပိုပြီးဆိုးတတ်လို့ မသုံးတာကောင်းပါတယ်။
ဆားရည်နွေးနွေးငုံပေးလို့ရပါတယ်။ ပိုးသတ်ဆေးသောက်မယ်ဆိုရင်တော့
Roxithromycin 300mg တစ်နေ့တစ်ကြိမ် ၁၀ရက် သို့မပာုတ် Erythromycin 500mg
တစ်နေ့၂ကြိမ် ၁၀ရက် သောက်လို့ရပါတယ်။
၃ရက် ၄ရက်လောက်သောက်ပြီးသွားချိန်မှာ သက်သာသွားပါလိမ့်မယ်။ ဒါပေမယ့် ဆေးကိုမရပ်လိုက်ပါနဲ့ ဆက်သောက်ပါ။ ရောဂါသက်သာသွားပေမယ့် ပိုးမသေသေးတဲ့အတွက်ဆက်သောက် ဖို့လိုပါတယ်။ ဘက်တီးရီးယားပိုးဆိုတာသေချာ မှသာ ဒီလိုမျိုးသောက်ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်နာနေတာကိုပဲ ဘက်တီးရီးယားမ၀င်အောင်ကြိုတ င်ကာကွယ်ထားချင်တာဆိုရင်တော့  အဲလောက်အကြာကြီးမလိုပါဘူး။ အကောင်းဆုံးကတော့ ပိုးသတ်ဆေးသောက်မယ်ဆိုရင် သောက်သင့်တဲ့ပမာဏနဲ့ရက်ကိုေ တာ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် ။
No comments:
Post a Comment