စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပါရမီ (၁၀) ပါး, အပြား (၃၀)


▬▬▬▬▬▬▬▬▬▬▬

ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ၀ီရိယေန ပဉ္စမံ။
ခန္တိ သစ္စ္စမဓိဋ္ဌာနံ၊ မေတ္တုပေက္ခာတိ တေ ဒသ။
(ဗုဒ္ဒ၀ံသ၊စာပိုဒ်-၇၆။ စရိယာပိဋက၊ဋ္ဌ၊၂၇၀။)

ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီ၊ ခန္တီပါရမီ၊
သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီဟု ပါရမီ (၁၀)ပါး
ရှိပေသည်။

၁။ ဒါနပါရမီ = မဟာကရုဏာနှင့် (အကြောင်းဥပါယ်တံမျဉ်၌ လိမ္မာကျွမ်းကျင်
သော) ဥပါယကောသလ္လဥာဏ် အခြေခံပါရှိသည့် မိမိကိုယ်ပိုင်ပစ္စည်းများ
ကို သူတစ်ပါးအား စွန့်ကြဲပေးကမ်းလှူဒါန်းကြောင်း ဖြစ်သော စေတနာ
သည် ဒါနပါရမီ မည်၏။

၂။ သီလပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိသည့်
ကာယသုစရိုက် ၀စီသုစရိုက်တရားများသည် (= ပရမတ္ထတရား ကိုယ်အနက်
သဘောအားဖြင့်ဆိုရမူ မပြုသင့်သော ဒုစရိုက်မှုတို့မှ ရှောင်ကြဉ်သည့် ၀ိရတီ
စေတသိက်များနှင့် ပြုသင့်ပြုထိုက်သည့် ၀တ်ကြီးဝတ်ငယ် စသည်ကို ပြုလုပ်
ကြောင်းဖြစ်သည့် စေတနာ အစရှိသော တရားများသည်) သီလပါရမီ မည်၏။

၃။ နေက္ခမ္မပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိ၍
ဝတ္ထုကာမ ကိလေသာကာမ ထိုထိုဘ၀တို့၌ အပြစ်ကို မြင်သောဥာဏ်ရှေ့သွား
ရှိလျက် ထိုကာမနှင့် ဘ၀တို့မှ လွတ်မြောက်လိုသည့် စိတ်စေတသိက် တရားစု,
ယင်းကဲ့သို့သော ဦးတည်ချက်ဖြင့် ရသေ့ရဟန်း ပြုလိုသောပြုနေသော စိတ်
စေတသိက် တရားစုသည် နေက္ခမ္မပါရမီ မည်၏။

၎။ ပညာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိလျက်
ထိုထိုတရားတို့၏ (= ထိုထို ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏)
သာမညလက္ခဏာ ၀ိသေသလက္ခဏာတို့ကို ထိုးထိုးထွင်းထွင်း သိတတ်သော
ပညာစေတသိက်သည် ပညာပါရမီ မည်၏။

၅။ ၀ီရိယပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိလျက်
ကိုယ်ရောစိတ်ပါ သူတစ်ပါးတို့ အကျိုးဖြစ်ကြောင်း စီးပွားကောင်းတို့ကို အား
ထုတ်ခြင်း ၀ီရိယသည် ၀ီရိယပါရမီ မည်၏။

၆။ ခန္တီပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိလျက်
သတ္တ၀ါသင်္ခါရတို့၏ အပြစ်များကို သည်းခံခြင်းသည် (= ပရမတ္ထ တရားကိုယ်
အားဖြင့် သည်းခံသော အခြင်းအရာအားဖြင့် ဖြစ်သည့် အဒေါသရှေ့ဆောင်
သည့် စိတ်စေတသိက် တရားအစုသည်) ခန္တီပါရမီ မည်၏။

၇။ သစ္စ္စာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိသည့်
မိမိ၏ ၀န်ခံကြံစည်ချက်ကို မချွတ်မယွင်းစေခြင်းသဘောသည်သစ္စာပါရမီ မည်
၏။ (ဤသစ္စာပါရမီအရ - ၀ီရိယစေတသိက်, စေတနာစေတသိက်, ပညာစေတ
သိက်တို့ကို အရာအားလျော်စွာ တရားကိုယ်ကောက်ယူရသည်။)

၈။ အဓိဋ္ဌာနပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိ
သည့် မတုန်မလှုပ် ကုသိုလ်မှုတို့ကို ဆောက်တည်ခြင်းသည် (= ထိုသို့
ဆောက်တည်သော အခြင်းအရာအားဖြင့် ဖြစ်သော စိတ်စေတသိက်တရားစု
သည်) အဓိဋ္ဌာနပါရမီ မည်၏။

၉။ မေတ္တာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံပါရှိလျက် သတ္တလောက၏ စီးပွားချမ်းသာကို ရွက်ဆောင်တတ်သော တရားကိုယ်အားဖြင့် အဗျာပါဒ အမည်ရသည့် အဒေါသစေတသိက်သည် မေတ္တာပါရမီ မည်၏။ အထူးသဖြင့် - မေတ္တာဈာန်ကို ၀င်စားနိုင်သဖြင့် ထိုမေတ္တာဈာန်နာမ်တရားတို့တွင် ပါဝင်တည်ရှိသော အဒေါသစေတသိက်ကို ရည်ညွှန်း
ထားပေသည်။

၁၀။ ဥပေက္ခာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဥာဏ် အခြေခံ
ပါရှိ၍ အလိုရှိအပ်သည့် သတ္တ၀ါသင်္ခါရ, အလိုမရှိအပ်သည့် သတ္တ၀ါသင်္ခါရ
တို့၌ ချစ်ခြင်း မုန်းခြင်းကို ပယ်ဖျောက်လျက် အညီအမျှ ဖြစ်ခြင်းသည်
(= ထိုအခြင်းအရာအားဖြင့် ဖြစ်သော တတြမဇ္ဈတ္တတာ စေတသိက်သည်)
ဥပေက္ခာပါရမီ မည်၏။

အထူးအားဖြင့် အလိုရှိအပ် မရှိအပ်သည့် သတ္တ၀ါတို့၌ ချစ်ခြင်းမုန်းခြင်းကိုပယ်ဖျောက်လျက် စိတ်ကို အညီအမျှ လျစ်လျူသဘော၌ ထားနိုင်သောဗြဟ္မစိုရ်တရားလေးပါးတို့တွင်ပါဝင်သော ဥပေက္ခာဗြဟ္မ၀ိဟာရဈာန်နှင့်ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ကိုလည်းကောင်း, ၀ိပဿနာ
ပိုင်းတွင်လည်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာတည်သော, ယင်းသင်္ခါရတရားတို့ အပေါ်၌ ကြောင့်ကြမှု တောင့်တမှုမရှိဘဲကြောင့်ကြပြေ၍ တောင့်တပြေ၍ နေသာထိုင်သာ ရှိသော သင်္ခါရုပေက္ခာဥာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ကိုလည်းကောင်း ရည်
ညွန်းထားပေသည်။

ဖားအောက်တောရဆရာတော်ကြီး
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...