စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အနီရောင်အသား ကန့်သတ်စားကြပါ




လေ့လာချက် အသစ်တစ်ခုအရ အူမကြီး ကင်ဆာဖြစ်နေပြီလို့ ရောဂါ အမည်တပ် မခံရခင် တုန်းက အနီ ရောင်အသားများနှင့် အသင့်စားသုံး ရန် စီမံထားသော ကြာရှည်ခံ အစား အစာများအား အများဆုံး စားသုံးကြ သူတွေဟာ ကင်ဆာရောဂါဖြစ်နေ ကြောင်းပြောပြီး နောက်ထပ် ၈ နှစ် လောက်သာ အသက်ရှည်ကြောင်း တွေ့ခဲ့ရပါတယ်။အတ္တလန္တာရှိ အမေရိကန် ကင်ဆာ အဖွဲ့အစည်းမှ ခေါင်းဆောင် Dr. Marjorie ၏ ပြောပြချက်အရ "ဤတွေ့ရှိချက်ဟာ အနီရောင် အသားနှင့် ကြာရှည်ခံအောင် စီမံ ထားသော အစားအစာများကို စားသုံး ရာမှာ ကန့်သတ်ရန် ညွှန်ကြားချက် များ လိုက်နာဖို့ အရေးကြီးတယ်" လို့ ဆိုပါတယ်။

ဤလေ့လာ သုတေသန ပြုချက် ကို ၁၉၉၂ ခုနှစ်နှင့် ၁၉၉၃ ခုနှစ် အတွင်း ကင်ဆာရောဂါမရှိတဲ့ အမေရိ ကန်နိုင်ငံသားပေါင်း ၁၈၄ယဝ၀ဝ ဦးအား စစ်တမ်းကောက်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ Dr.Mc Cullough ၏ ပြောပြ ချက်အရ "ကျွန်တော်တို့က သက် သတ်လွတ်စားဖို့ ပြောနေခြင်းမဟုတ် ပါ။ အသား အများကြီး (ဥပမာ- တစ်ခါစားလျှင် အနီရောင်အသား ၅ တုံး၊ ၆ တုံးထက်ပို၍စား) စားသုံးတဲ့ သူတွေဟာ နှစ်ကြာလာတာ နဲ့အမျှ အူမကြီးကင်ဆာ ဖြစ်လာနိုင်စရာ ရှိပါ တယ်" လို့ ရှင်းပြပါတယ်။

BY HEALTH DIGEST


https://www.facebook.com/photo.php?fbid=581143655260621&set=a.445129605528694.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...