စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝက်ခြံအမာရွတ်တွေနှုတ်ဆက်ဖို့ အချိန်တန်ပြီ


Saturday, August 31, 2013

ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံးပြီးနောက် ၃-နှစ်ခန့် တိုင်အောင် ဟိုမုန်းတွေပြောင်းလဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အားဖြင့် ၉.၉၉ ဦးခန့်  အနည်းနဲ့ အများဆိုသလို ၀က်ခြံမပေါက်ဖူးတဲ့ သူရယ်လို့ မရှိကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ရှားပါးလွန်းတဲ့ အသားအရေကံထူးရှင်တွေလို့ ဆိုနိုင်ပါတယ်။ အသင်အတင့် ၀က်ခြံပေါက်ပြီးနောက် ၃-ရက် နဲ့ ၁-ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေပိုင်ရှင်တွေမှာတော့ ရုပ်အလှ ပျက်လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန်နေရစ်ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးနည်းလမ်း (၈)သွယ်ထဲက တစ်ခုခုနဲ့  အဆင်ပြေသွားပြီဆိုရင်တော့ သင့်မျက်နှာ ပေါ်က *** ၀က်ခြံအမာရွတ်တွေကို…..တာ့တာ *** လို့ သာဆိုလိုက်ပါတော့နော်။

(၁) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီရည်။

နံ့ သာဖြူမှုန့် နဲ့ နှင်းဆီရေကို ပျစ်ပျစ်ဖျော်စပ်ပြီး၊ အမာရွတ်ပေါ်တိုက် ရိုက်လိမ်းပေးပါ။ အချိန် ၁နာရီကျော်ထားပါ(သို့ မ ဟုတ်) တညလုံးလိမ်း အိပ်နိုင်ပါတယ်။ ပြီးရင်ရေအေးဖြင့်မျက်နှာသစ်လိုက်ပါ။ အသားအရေအေးမြ တဲ့ခံစားမှုကို ချက်ချင်းသိရမှာပါ။ အမာရွတ်တွေ သိသိသာသာလျော့ပါး သက်သာလာစေပါတယ်။(rose water လို့ ခေါ်တဲ့ နှင်းဆီရေကို အလှကုန်ပစ္စည်းဆိုင်တွေ မှာ ၀ယ်ယူရရှိနိုင်ပါတယ်)

(၂) သံလွင်ဆီ။

သံလွင်ဆီနဲ့ အမာရွတ်ကို နေ့ စဉ်လိမ်းပေးကြည့်ပါနော်။ အစိုဓာတ်ထိန်းပေးနိုင်တဲ့အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီအစွမ်းကြောင့် အသားအရေနူးညံ့ချောမွတ်ကာ အမာရွတ်တွေလည်း ပြေပျောက်သွားနိုင်ပြီပေါ့ရှင်။

(၃) သခွားသီး။

အသားအရေထိန်း အလှကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သခွားသီးနဲ့ ဖော်စပ်ထုတ်လုပ်ထားရပါသလဲ? အဖြေကတော့ ရှင်းရှင်း လေးပါ။ သခွားရည်က အသားရေကိုနူးညံ့ချောမွေ့ အေးမြစေပြီး၊ ၀က်ခြံအမာရွတ်တွေကိုလည်း ပျောက်ကင်းသက်သာစေလို့ ပါ ဘဲ။

(၄) ရှာစောင်းလက်ပပ်။

ရှေးယခင်ကစလို့  ရှားစောင်းလက်ပပ်ပင်ရဲ့  ဂျယ်လီတွေကို အသားအရေအတွက် အိမ်တွင်းသမားတော်အဖြစ် သုံးစွဲလာခဲ့ကြ ပါတယ်။ သူက မျက်နှာအသားအရေကို ကျမ္မာသိပ်သည်းကြံ့ခိုင်စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံကြောင့်စွဲကျန်ရစ်တဲ့အမာ ရွတ်တွေကို သက်သာပျောက်ကင်းစေတယ်နော်။

(၅) ရေ။

တစ်နေ့ ကို သောက်ရေ ဖန်ခွက် ၈-ခွက်စာထက်မနဲ သောက်ဖြစ်အောင်သောက်ကြနော်။ ရေသောက်ခြင်းက ခန္ဒာကိုယ်အရေ ပြားရှိ အဆိပ်အတောက်များကို ဖယ်ရှားသန့် စင်စေပြီး၊ အရေပြားဆဲလ်အသစ်များကို မွေးဖွားပေးကာ၊ ၀က်ခြံကြောင့်ဖြစ်တဲ့ ဆဲလ်အသေတွေ/အမာရွတ်တွေကို ဖယ်ရှားသန့် စင်စေပေးတယ်လေ။

(၆) သံပုရာသီး။

ဝက်ခြံအမာရွတ်ကြောင့် ညစ်နေတဲ့ အသားအရေကို သံပုရာရည်က ပြန်လည်ဝင်းပလာစေပါတယ်။ ၀ါဂွမ်းလုံးလေးမှာ သံပုရာ ရည် လတ်လတ်ဆတ်ဆတ်နှစ်စိမ်ပြီး အမာရွတ်တွေပေါ် ကြပ်ထုပ်ထိုးပေးပါ။

(၇) နာနတ်သီး။

နာနတ်သီးထဲရှိ သဘာဝ ascorbic အက်ဆစ်အစွမ်းက ၀က်ခြံအမာရွတ်ညိုမဲမဲတွေကိုပြေပျောက်စေပြီး အသားအရေပြန်လည် တောက်ပလာစေလို့  နာနတ်သီးကို စားလည်းစားပါ။ နာနတ်သီးစိပ်ကလေးနဲ့ လည်း အမာရွတ်တွေကို ပွတ်ပေးကြပါနော်။

(၈) အက်စ်ပရင်ဆေးပြား(Aspirin)

ဖျားနာကိုက်ခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ အက်စ်ပရင်ဆေးဝါးထဲမှာပါတဲ့ salicylic အက်ဆစ်က ၀က်ခြံအမာရွတ်တွေကို အလွှာ လိုက်ကွာကျစေလို့ ဆေးပြား ၂-ပြားကို အမှုန့် ကြိတ်၊ ရေနဲ့ ပျစ်ပျစ်ဖျော်ပြီး အမာရွတ်ပေါ် အစက်ချပေးပါ။ ၁၅ မိနစ်ခန့် အကြာ ရေအေးဖြင့် မျက်နှာသစ်ပေးလိုက်ရုံပါဘဲ။

(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း။ Daily Health Tips)
ကျန်းမာရေးစာတိုများစုစည်းမှု

http://www.myanmaronlinenews.net/2013/08/blog-post_3908.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...