စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကုသိုလ် ရေကန်ထဲသာ ခုန်ဆင်းလိုက်ပါ



တစ်ရက်က တွေးစရာအကြောင်းအရာလေးတစ်ခု အမှတ်မထင်သွားတွေ့မိတယ်၊
လူတစ်စုက လူနဲ့ဝေးတဲ့ တောထဲက ဘုန်းကြိးကျောင်းတစ်ကျောင်းဆီကို ရောက်သွားတယ်တဲ့၊
အဲဒီလူတွေက မြို့ပေါ်မှာ နာမည်ကြီးလူဆိုးတွေ ဖြစ်တယ်ဆိုပဲ၊ဘုန်းကြီးကျောင်းကလည်း ဒီလူတွေအကြောင်းကို နည်းနည်းသိထားတယ်၊သူတို့တတွေ ကျောင်းကိုလာတာကလည်း ကျောင်းမှာ ခဏခိုလှုံဖို့လာတာပါ၊ အပြင်မှာ ရှုပ်ထားတဲ့အမှုတွေကို ရှင်းမနိုင်လို့ ကျောင်းမှာ လာပုန်းတဲ့သဘောပေါ့၊
ဘုန်းတော်ကြီးတွေကလည်း လက်ခံရခက်နေတယ်၊
လက်မခံရင်လည်း ဘုန်းတော်ကြီးတွေအတွက် အန္တရာယ်ရှိနေတယ်၊

ဘုန်းတော်ကြီးတွေ စည်းဝေးတိုင်ပင်ကြရတယ်၊သူတို့ကို လက်ခံဖို့အကြောင်းအရာလေးတစ်ခုကို ဖန်တီးပေးကြရအောင်ပေါ့၊အဲဒီအကြောင်းအရာလေးက တရားသဘောလေးလည်း ပါတယ်၊
နည်းနည်းအခက်တွေ့စေမဲ့ သဘောလေးလည်း ပါတယ်၊အတွေးလေးတွေကို သူတို့ရင်ထဲမှာ ရောက်သွားစေဖို့ပေါ့၊ဒီအကြောင်းအရာလေးကို သူတို့ဖြေရှင်းနိုင်ရင် ကျောင်းမှာနေပေါ့၊
မဖြေရှင်းနိုင်ရင် ကျောင်းမှာ နေခွင့်မရှိဘူးလို့ ပြောလိုက်တယ်၊

အဲဒီပုစ္ဆာလေးကို သူတို့ ဖြေရှင်းနိုင်ရင် သူတို့ရင်ထဲမှာ အသိတစ်ခု ကိန်းပါစေ၊
ကိန်းသွားတဲ့ အသိလေးနဲ့ ကျောင်းမှာ ထားရမယ်လို့ ဆုံးဖြတ်ကြတယ်၊
အကယ်၍ မဖြေရှင်းနိုင်ဘူးဆိုလည်း သူတို့အတွက် နေရာမရှိဘူးပေါ့၊

အဲဒီပုစ္ဆာက ဘာလဲဆိုတော့ကျောင်းရှေ့မှာ အိုးကြီးကြီး တစ်လုံး ချထားတယ်၊
မလှမ်းမကမ်းမှာလည်း ရေကန်ကြိးကြိး တစ်ခုရှိတယ်၊အဲဒီ ရေကန်ထဲက ရေကို ကျောင်းရှေ့မှာ ချထားတဲ့ အိုးကြီးကြီးထဲ ထည့်ရမယ်၊ဘာပစ္စည်းမှ အကူအညီမယူရဘူး၊ လက်နဲ့ပဲ ထည့်ရမယ်တဲ့၊
အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ထားတယ်၊
ဘယ်အချိန်ကနေ ဘယ်အချိန်ထိ အိုးထဲကို ပြည့်အောင်ထည့်ရမယ်၊
အချိန်မှီ မပြည့်ရင် ကျောင်းမှာ နေခွင့်မရှိဘူးလို့ ပြောလိုက်တယ်။

လူဆိုးတွေ ပျော်သွားတာပေါ့၊ ဒီအိုးထဲ ရေဖြည့်တဲ့ကိစ္စက ဘာခက်တာ မှတ်လို့
ခဏပဲ ထည့်လိုက်ရမယ်ဆိုပြီး ပျော်နေကြတာပေါ့၊သူတို့ရဲ့ အထက်လူကြီးကလည်း ပြောလိုက်တယ်
အဲဒီကျောင်းက လက်မခံရင် ပြန်မလာနဲ့လို့ ပြောလိုက်တယ်၊
အခု ဒီပုံအတိုင်းဆို ဒီကျောင်းမှာ လွယ်လွယ်လေး နေလို့ ရပြီဆိုပြီး ပျော်နေကြတယ်၊

တကယ်တန်း အိုးရဲ့ အနီးနားထိအောင် သွားကြည့်တော့အိုးက အပြင်ကသာ အကောင်းကြိးဖြစ်နေတာ
အောက်ပိုင်း ဖင်မှာက အပေါက်ကြိးနဲ့၊'' ဟာ ဒီအပေါက်ကြိးနဲ့ အိုးထဲကို ဘယ်လို ရေထည့်မလဲ
ဒါ တို့ကို သက်သက်ညစ်တာပဲ ''ဆိုပြိး ဆူညံအော်ဟစ်ငြင်းခုံကြတယ်၊
ဘုန်းတော်ကြိးတွေကလည်း အလျှော့မပေးပါဘူး၊အိုးထဲကို ရေပြည့်အောင် ထည့်ရမယ်လို့ပဲ ဆက်လက်ပြီးသတ်မှတ်တယ်၊

ကဲ ဒါနဲ့ ဒီလို အော်ဟစ် ငြင်းခုံနေရုံနဲ့တော့ ပြီးမှာ မဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ် ရအောင် ထည့်ကြစို့ ဆိုပြိး
ဖင်ပိုင်းက အပေါက်ကြီးကို လက်နဲ့ ပိတ်ထားတဲ့သူက ပိတ်ထားရေခပ်တဲ့သူက ရေခပ်၊ လောင်း ထည့်၊
အဲဒီလို နည်းနဲ့ ထည့်နေလိုက်တာ တော်တော်နဲ့ မရဘူးသတ်မှတ်ထားတဲ့ အချိန်ကလည်း ပြည့်တော့မယ်
ဘယ်လို လုပ်ရမလဲ မသိတော့ဘူးဖြစ်နေတယ်၊နောက်ဆုံးမှာ အဲဒီအထဲက ခေါင်းဆောင်တစ်ယောက်က
 
'' ဟာ နေအုံး ငါ စဉ်းစားမိပြီ
ဒီအိုးကြီးကို မ မ '' ဆိုပြီး
ရေကန်ကြီးဆီကို မပြေးကြတယ်
ရေကန်ကြီးဆီလည်း ရောက်ရော
အဲဒီ အိုးကွဲကြီးကို ရေကန်ထဲ ပစ်ချလိုက်ကြတယ်
အိုးကွဲကြီးလည်း အဲတော့မှ ရေကန်ထဲမှာ နစ်မြုတ်သွားတယ်တဲ့
ကဲ ဒါဆို အိုးကြီးထဲ ရေတွေပြည့်သွားပြီ ဆိုပြီး ဘုန်းတော်ကြီးတွေကို ပြောသတဲ့၊

ဘုန်းတော်ကြီးတွေက အဲဒီတော့မှ အေး မင်းတို့လုပ်တာ မှန်ပါတယ် ၊ မင်းတို့ကို အဓိက ပြောချင်တာက
မင်းတို့ရဲ့ မိုက်မဲဆိုးသွမ်းနေတဲ့ စိတ်ဓာတ်တွေက အိုးကွဲကြီးနဲ့ တူတယ်၊
ကုသိုလ် စိတ်ကောင်း နှလုံးကောင်းဆိုတာ ဘုန်းကြိးကျောင်းက ရေကန်ကြီးနဲ့တူတယ် တဲ့
ရေကန်ကြီးထဲက ရေတွေကို အိုးကွဲကြိးထဲ နည်းနည်းစီ ခပ်ထည့်နေလို့
ဘယ်တော့မှ ပြည့်မလာသလိုပဲမင်းတို့ရဲ့အိုးကွဲနဲ့တူတဲ့ မိုက်မိုက်ရိုင်းရိုင်း စိတ်ဆိုး စိတ်ညံ့တွေထဲကို
ကုသိုလ်ရေလေး နည်းနည်းစီ ခပ်ထည့်နေရုံနဲ့တော့
ဘယ်တော့မှ ပြည့်လာမှာ မဟုတ်ဘူးတဲ့၊
ဘယ်တော့မှလည်း အေးချမ်း ငြိမ်းအေးလာမှာ မဟုတ်ဘူးတဲ့၊

အဲဒီတော့ မင်းတို့ရဲ့မိုက်မဲဆိုးသွမ်းနေတဲ့ စိတ်ဓာတ်တစ်ခုံလုံးကိုကုသိုလ်ရေတွေထဲမှာ စိမ်လိုက်မှ ရမယ်တဲ့၊ ရေထဲ ခုန်ဆင်းလိုက်မှ ရမယ်တဲ့၊ဒါကြောင့်မို့ မနက် မိုးလင်းက မိုးချုပ်ထိ ကုသိုလ်ရစေမဲ့ အပြုအမူကိုပဲ ပြုလုပ်ပါ၊ ကုသိုလ်ဖြစ်စေမဲ့ အပြောအဆိုမျိုးကိုပဲ ဂရုစိုက် ပြောဆိုပါ၊
ကုသိုလ်ဖြစ်မဲ့ အတွေး အကြံတွေကိုပဲ စိတ်ကူးကြံစည်ပြီး နေထိုင်ပါ၊ကုသိုလ်တွေ တောက်လျှောက်ရစေမဲ့ လုပ်ငန်းတွေကို လုပ်ပြီးနေပါ၊ ဒါမှသာ မင်းတို့ရဲ့ မကောင်းမှုတွေကို ဖုံးလွှမ်းပြီး အေးချမ်းသွားမှာ၊
အဲလိုမှ မဟုတ်ရင် အိုးကွဲကြီးထဲ ရေထည့်နေသလိုပဲ ဖြစ်နေပြီး ဘယ်တော့မှလည်း ပြည့်ဝတဲ့သူတွေ ဖြစ်လာမှာမဟုတ်ဘူးဘယ်တော့မှလည်း ကောင်းမွန်တဲ့သူ ဖြစ်လာမှာ မဟုတ်ဘူးတဲ့ဘယ်တော့မှလည်း အေးချမ်းတဲ့သူတွေ ဖြစ်လာမှာ မဟုတ်ဘူးတဲ့။

အဲဒီလို ဘုန်းတော်ကြီးများက မိန့်တော်မူပါသတဲ့၊


အရှင်သုဝီရ
အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်
၃၁-၈-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...