ဆံပင်ကျွတ်ခြင်းလို့ အလွယ်ပြောလိုက်ပေမယ့် အမှန်တော့ဆံပင်တင်မက ကျန်တဲ့အမွေးအမျှင်တွေပါ ကျွတ်တာကိုဆိုလိုပါတယ်။ အမွေးအမျှင်ကျွတ်တာက အကြမ်းဖျင်းအားဖြင့် ခွဲရင်တော့ ၂မျိုးပဲခွဲခြားလို့ရပါတယ်။
ရောဂါရှိရင်သော်လည်းကောင်း၊ ဆေးဝါးကြောင့်သော်လည်းကောင်း အစရှိတာတွေကြောင့် ဆံပင်ကျွတ်တာဆိုရင် အဲဒီရောဂါကိုကုသပြီးရင် အဲဒီဆေးဝါးကိုရပ်တန့်လိုက်တဲ့အချိန်မှာ
ဆံပင်ပြန်ပေါက်လာပါတယ်။ ဥပမာပြောရရင် ကင်ဆာဝေဒနာရှင်တွေမှာ
ဓါဓုကုထုံးသုံးတဲ့အခါမှာ ဆံပင်ကျွတ်ပါတယ်။ ဆေးရပ်လိုက်ရင်
ဆံပင်ပြန်ပေါက်ပါတယ်။ အမာရွတ်ကျန်ခဲ့တဲ့ အမွေးကျွတ်ခြင်းကတော့
ဘယ်တော့မှပြန်ပေါက်မလာနိုင် တော့ပါဘူး။ ထိခိုက်မိတာ၊ မိမိကိုယ်ကိုပြန်တိုက်တဲ့ရောဂါစုတွေ အစရှိတာတွေကြောင့် အမာရွတ်ကျန်ခဲ့တဲ့ အမွေးကျွတ်ခြင်းဖြစ်ပေါ်ရပါတ ယ်။ ဒီမှာတော့ အရမ်းအဖြစ်များတဲ့ non scarring alopecia အကြောင်းပဲရေးပါ့မယ်။
အမွေးကျွတ်တယ်ဆိုရင် တကိုယ်လုံးကအမွေးတွေကျဲလာတာ ဖြစ်နိုင်သလို ခေါင်းတစ်ခုပဲကွက်ပြီး ကျွတ်နေတာလည်းဖြစ်နိုင်ပါတယ်။
ကိုယ်ပေါ်ကအမွေးကတော့ သိပ်မသိသာပေမယ့် ခေါင်းမှာကျွတ်တာကတော့
အတော်လေးကိုသိသာသလို နေရလည်းခက်ပါတယ်။ ထိပ်ပြောင်တာပာာ
ကိုယ့်ကိုကိုယ်ယုံကြည်ချက်လ ည်းကျဆင်းနိုင်တယ်လို့ဆိုပါ တယ်။ အမာရွတ်မထင်ဘဲ အမွေးကျွတ်တာကိုထပ်ခွဲရင်လည်း အကြောင်းရင်း ၃မျိုးရှိနိုင်ပါတယ်။ အဲဒါတွေကတော့
၁။ (Nutritional)အစားအသောက်ကြောင့်။ ။ စားတဲ့အစားအသောက်ထဲမှာ ဇင့်ဓါတ်နဲ့ သံဓါတ်တွေလျော့နည်းနေရင် အမွေးကျွတ်ပါတယ်။
၂။ (Androgenetic)အသက်အရွယ်၊ မျိုးရိုး၊ ကျားပောာ်မုန်းကြောင့်။ ။ အရမ်းအဖြစ်များပါတယ်။ အမျိုးသားထုရဲ့ ထက်ဝက်လောက်ပာာ ဒီအကြောင်းအရာကြောင့် ဆံပင်ကျွတ်တာဖြစ်ပါတယ်။ အခုဒီပို့စ်မှာလည်း ဒီအကြောင်းအရာကိုအဓိကထားတင် ပြမှာဖြစ်ပါတယ်။
အမွေးကျွတ်တယ်ဆိုရင် တကိုယ်လုံးကအမွေးတွေကျဲလာတာ
၁။ (Nutritional)အစားအသောက်ကြေ
၂။ (Androgenetic)အသက်အရွယ်၊ မျိုးရိုး၊ ကျားပောာ်မုန်းကြောင့်။ ။ အရမ်းအဖြစ်များပါတယ်။ အမျိုးသားထုရဲ့ ထက်ဝက်လောက်ပာာ ဒီအကြောင်းအရာကြောင့် ဆံပင်ကျွတ်တာဖြစ်ပါတယ်။ အခုဒီပို့စ်မှာလည်း ဒီအကြောင်းအရာကိုအဓိကထားတင်
၃။ (Auto immune disease) အချို့သောမိမိကိုယ်ကိုပြန်တိုက်သောရောဂါများမှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။
အစားအသောက်ကြောင့်ဆိုရင်လည်း အဲဒီလိုအပ်နေတဲ့ဓါတ်တွေပြန် ဖြည့်လိုက်ရင်
ပြန်ကောင်းလာပါတယ်။ ရောဂါကြောင့်ဆိုရင်လည်း ရောဂါကို ပျောက်ကင်းအောင်
ကုသလိုက်ရင် ဆံပင်ပြန်ပေါက်ပါတယ်။ ဒါပေမယ့် Androgenetic
ကြောင့်ဖြစ်တဲ့ဆံပင်ကျွတ်ခြ င်းကတော့ အဖြစ်အများဆုံး၊ ကုသရအခက်ဆုံးဖြစ်နေပါတယ်။ အဲဒါကိုနောက်တစ်မျိုးအနေနဲ့ male pattern baldness လို့လည်းခေါ်ကြပါတယ်။
Androgenetic alopecia(ထိပ်ပြောင်ခြင်း)
၁။ ဘာကြောင့်ဖြစ်ရတာလဲ။
အစားအသောက်ကြောင့်ဆိုရင်လည်
Androgenetic alopecia(ထိပ်ပြောင်ခြင်း)
၁။ ဘာကြောင့်ဖြစ်ရတာလဲ။
Study တွေအမျိုးမျိုးနဲ့ လေ့လာကြည့်ပေမယ့်လည်း အခုထိတော့တိကျတဲ့အဖြေတစ်ခုမ ရသေးပါဘူး။ အကြောင်းအရာကတစ်ခုတည်းကြောင့်မပာုတ်ဘဲ မျိုးရိုးကြောင့်၊ နေထိုင်ရာပတ်ဝန်းကျင်ကြောင့်  စသဖြင့်အကြောင်းအရာတွေအများ ကြီးရှိနိုင်ပါတယ်။ အဓိကအားဖြင့်တော့ မျိုးရိုးကြောင့်ဖြစ်ပါတယ်။ ထိပ်ပြောင်တဲ့မျိုးရိုးရှိသူတွေရဲ့ မွေးညှင်းပေါက် (Hair follicle) တွေပာာ ကျားပောာ်မုန်းတစ်မျိုးဖြစ် တဲ့ Androgenထဲကမှ Dihydrotestosterone (DHT) ကိုတုန့်ပြန်တာကြောင့်ဖြစ်ပါတယ်။
DHT ကမွေးညှင်းပေါက်တွေကို ကျုံ့သွားအောင်လုပ်ပါတယ်။ အဲဒီတော့ ရှိနေတဲ့အမွေးရဲ့သက်တမ်းတို သွားသလို နောက်ထပ်အမွေးအသစ်တွေလည်း ထပ်မထွက်နိုင်တော့ပါဘူး။ နောက်ထပ်သီအိုရီတစ်မျိုးကတော့ enzyme prostaglandin D2 synthase လို့ခေါ်တဲ့အင်ဇိုင်းတွေများ လာရကနေ သူကထုတ်တဲ့ prostaglandin D2 (PGD2)တွေမွေးညင်းပေါက်တွေမှာ များလာတာကလည်း အမွေးကျွတ်ရခြင်းအကြောင်းအရ င်းဖြစ်တယ်လို့ဆိုပါတယ်။
၂။ ဘယ်သူတွေမှာဖြစ်သလဲ။ ဘာတွေဖြစ်သလဲ။
၂။ ဘယ်သူတွေမှာဖြစ်သလဲ။ ဘာတွေဖြစ်သလဲ။
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အသက် ၄၀ကျော်တဲ့အမျိုးသားထုရဲ့ တစ်ဝက်ကျော်ပာာ ထိပ်ပြောင်တယ်လို့ဆိုပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း ထိပ်ပြောင်ပါတယ်။ ထူးခြားတာက ချင်ပန်ဇီမျောက်တွေမှာလည်း ဒီထိပ်ပြောင်ခြင်းရှိတယ်လို့ ဆိုပါတယ်။ ထိပ်ပြောင်တာက ဆိုးကျိုးအနေနဲ့အဓိကထိခိုက် တာကတော့ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ပါတ ယ်။ ထိပ်ပြောင်တဲ့သူတွေပာာ မိမိကိုယ်ကိုယုံကြည်ချက်ကျဆ င်းလေ့ရှိကြပါတယ်။ ဒါ့အပြင် ဆံပင်နည်းနေတဲ့အတွက် ခေါင်းကိုနေလောင်နိုင်ပါတယ် ။ နှလုံးရောဂါပိုဖြစ်နိုင်သလို ဆီးကျိတ်ကြီးတဲ့ရောဂါလည်း ပိုဖြစ်နိုင်ပါတယ်။ လူဖြူတွေမှာအဖြစ်များပါတယ်။ လူဖြူတွေနောက်ကနေ အာရှသားတွေကလိုက်ပြီး လူမည်းတွေ၊ လူနီတွေနဲ့ အက်စကီမိုးတွေက အစဉ်လိုက်လိုက်ပါတယ်။ အသက်၄၀ကျော်မှဖြစ်တတ်တယ်ဆို ပေမယ့်လည်း အသက်၃၀လောက်မှာလည်းဖြစ်နိုင်ပါတယ်။
၃။ ဘာတွေနဲ့ကုသလို့ရမလဲ။
အခုလောလောဆယ် ဆံပင်ကျွတ်တာကို ကုသရာမှာ အသိအမှတ်ပြု အနောက်တိုင်းဆေးတွေအနေနဲ့တော့ ၂မျိုးပဲရှိပါတယ်။ အဲဒီဆေးတွေကတော့ Minoxidil(လိမ်းဆေး)နဲ့ Finasteride(သောက်ဆေး) တို့ဖြစ်ပါတယ်။
Minoxidil ဘယ်လို action နဲ့အလုပ်လုပ်လဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့်အဲဒီဆေးက ဆံပင်သက်တမ်းကို ရှည်စေတဲ့အပြင် မွေးညင်းပေါက်တွေဆီကိုလည်း သွေးလည်ပတ်မှုပိုကောင်းလာစေ ပါတယ်။ ထိပ်ပြောင်တဲ့သူတွေထက်စာရင် အလယ်ပြောင်နေတဲ့သူတွေအတွက်ပိုကောင်းပါတယ်။ ဒါပေမယ့်လည်း ဆေးသောက်ပြီးတုန့်ပြန်တဲ့အချိန်ကတော့ ကြာလွန်းပါတယ်။ ဆေးလိမ်းပြီး ၄လလောက်အကြာထိသိသာထင်ရှားတဲ့ ရလာဒ်မပေါ်တတ်ပါဘူး။ ပြီးတော့ သူ့ကိုလိမ်းရင် တစ်သက်လုံးလိမ်းပေးရပါတယ်။ ဆေးရပ်လိုက်တာနဲ့တပြိုင်နက် အမွေးကျွတ်တာကပြန်ဖြစ်တာပါပဲ။ အား၂မျိုးနဲ့လာပါတယ်။ 2% and 5% တို့ဖြစ်ပါတယ်။ 5% ကတော့ပိုကောင်းတယ်လို့ဆိုပါ တယ်။ လောလောလတ်လတ်ဆံပင်စကျွတ်တဲ့ သူတွေနဲ့ ဆံပင်ကျွတ်တာသိပ်မများသေးတဲ့ သူတွေအတွက် ပိုကောင်းပါတယ်။
Finasteride ကတော့သောက်ဆေးဖြစ်ပါတယ်။ ယောက်ျားတွေပဲသောက်လို့ရပါတ ယ်။ ဒီဆေးကဆံပင်ကျွတ်တာကိုရပ်တန့်စေပြီး ဆံပင်အသစ်ပြန်ပေါက်ဖို့လည်း အားပေးပါတယ်။ ထိပ်ပြောင်တဲ့သူတွေအတွက်စိတ်ပျက်စရာကောင်းတာက ဒီဆေးပာာလည်း အလယ်ပြောင်တဲ့သူတွေမှာပိုပြီး အကျိုးရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း ထိပ်ပြောင်တဲ့သူတွေမှာလည်း သိသာအောင်ဆံပင်ပြန်ပေါက်လာေ စပါတယ်။ ဒီဆေးပာာလည်း အမြဲတမ်းသောက်ရမှာပါ။ ဆေးရပ်လိုက်တာနဲ့ဆံပင်ပြန်ကျွတ်နိုင်ပါတယ်။
အသိအမှတ်ပြုဆေးဝါးတွေမပာုတ် ဘဲနဲ့လည်း ဈေးကွက်ထဲမှာဆံပင်ပေါက်ဆေး ဆိုပြီးကြော်ငြာနေတဲ့ဆေးဝါး တွေအများအပြား ရှိပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ဆံပင်ကျွတ်တယ်ဆိုတာက အကြောင်းရင်းများစွာရှိနေနိုင်တဲ့အတွက်ကြောင့် သူများနဲ့တည့်ပြီး ကောင်းနေတဲ့ဆေးကကိုယ့်အတွက် တော့ ကောင်းချင်မှကောင်းမှာပါ။ ဒါ့အပြင် ကိုယ့်ဦးရေပြားနဲ့မတည့်တဲ့ ဆေးဝါးတွေသုံးစွဲမိရင် ဦးရေပြားပျက်ဆီးပြီး ပိုဆိုးနိုင်ပါတယ်။ အဲဒီအတွက် ဆံပင်ပေါက်ချင်ဇောနဲ့ သိပ်အယုံမလွယ်ဖို့ သတိပေးပါရစေ။
ဆံပင်ပေါက်အောင်လုပ်တဲ့ နောက်တစ်နည်းကတော့ ခွဲစိတ်တဲ့နည်းပါ။ ကမ္ဘာကျော်ဘောလုံးသမားရွန်နီ လုပ်ထားသလိုမျိုးပါ။ ဦးရေပြားကိုလှန်ပြီး ဆံပင်ပြန်စိုက်တာပါ။ ပြောင်နေတဲ့အကျယ်အ၀န်းပေါ်လိုက်ပြီး လိုအပ်တဲ့ဆံပင်အနည်းအများရှိပါတယ်။ နောက်ပိုင်းမှာ စိုက်ထားတဲ့နေရာတွေက အမာရွတ်တွေပေါ်လာနိုင်တဲ့ဆိုးကျိုးအပြင် ကုန်ကျစရိတ်များလွန်းပါတယ်။
၎။ နောက်ဆက်တွဲ
ဆံပင်ဘာကြောင့် ကျွတ်တာလဲဆိုတာကို စစ်ဆေးရခက်သလို ဆံပင်ဘယ်လောက်ထိ ကျွတ်မှာလဲဆိုတာကလည်း ခန့်မှန်းရခက်ပါတယ်။ တချို့တွေကတော့ ဆံပင်ကျွတ်ရင်း တစ်ခေါင်းလုံးကုန်တဲ့အထိ ဆံပင်အနည်းငယ်ပဲကျန်တဲ့အထိကိုကျွတ်သွားပါတယ်။ တချို့တွေကတော့ ထိပ်ပိုင်းပဲပြောင်ရုံ၊ တချို့ကတော့ အလယ်ပိုင်းပဲပြောင်ရုံ ဖြစ်နိုင်ပါတယ်။
ကျနော့်အမြင်အရတော့ ဘာအကြောင်းကြောင့်ဆံပင်ကျွတ်ကျွတ် ထိပ်ပြောင်တာက အားနည်းချက်တစ်ခုအနေနဲ့မမြင်မိပါဘူး။ ထိပ်ပြောင်တဲ့သူတွေပာာ ပညာရှိတဲ့လက္ခဏာကိုပြသတာဖြစ် ပါတယ်။ ကျနော်တို့သမ္မတကြီးဆိုရင်လည်း ထိပ်ပြောင်ပါတယ်။ အိုင်းစတိုင်းလည်း ထိပ်ပြောင်ပါတယ်။ အခြားထိပ်ပြောင်တဲ့နာမည်ကျော်တွေအများအပြားရှိပါသေးတယ် ။ ထိပ်ပြောင်မင်းသား၊ ဘောလုံးသမားတွေတောင်ရှိသေးတဲ့အတွက် ထိပ်ပြောင်တာက အားနည်းချက်အဖြစ်မရှိတော့ပါ ဘူး။
၃။ ဘာတွေနဲ့ကုသလို့ရမလဲ။
အခုလောလောဆယ် ဆံပင်ကျွတ်တာကို ကုသရာမှာ အသိအမှတ်ပြု အနောက်တိုင်းဆေးတွေအနေနဲ့တေ
Minoxidil ဘယ်လို action နဲ့အလုပ်လုပ်လဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့်အဲဒီဆေးက ဆံပင်သက်တမ
Finasteride ကတော့သောက်ဆေးဖြစ်ပါတယ်။ ယောက်ျားတွေပဲသောက်လို့ရပါတ
အသိအမှတ်ပြုဆေးဝါးတွေမပာုတ်
ဆံပင်ပေါက်အောင်လုပ်တဲ့ နောက်တစ်နည်းကတော့ ခွဲစိတ်တဲ့နည်းပါ။ ကမ္ဘာကျော်ဘောလုံးသမားရွန်နီ
၎။ နောက်ဆက်တွဲ
ဆံပင်ဘာကြောင့် ကျွတ်တာလဲဆိုတာကို စစ်ဆေးရခက်သလို ဆံပင်ဘယ်လောက်ထိ ကျွတ်မှာလဲဆ
ကျနော့်အမြင်အရတော့ ဘာအကြောင်းကြောင့်ဆံပင်ကျွတ
No comments:
Post a Comment