စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးသူငယ်တွေ အတွက် မိခင်တွေရဲ့စာနာစကားသံ





ကလေးသူငယ်တွေဆိုတာ အနာဂတ်အတွက် ခွန်အားတွေလို့ ပြောလို့ရပါတယ်။ လောကကို အလှဆင်ကြမယ့် ကလေးသူငယ်လေးတွေဟာ အရွယ်နဲ့မလိုက်အောင် ခက်ထန်ကြမ်းတမ်း ပြီး အန္တရယ်ကြီးမားတဲ့ ဘဝမျိုးတွေ၊လူ့အဖွဲ့အစည်းအတွင်းမှာ ရော၊ မိခင်တွေကပါ အပစ်ပယ်ခံဘဝမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရ ပါတယ်။ အဲဒီလိုတွေ့ဆုံမှုတွေကို စာနာနားလည်ပေးတဲ့ မိခင်များရဲ့ စကားသံများကိုဖော်ပြလိုက်ပါတယ်။

ထွန်းအိန္ဒြာဗို

” ကလေးတွေက သူ့ ပတ်ဝန်းကျင်က သူ့ကို တကယ် ချစ်တယ်ဆိုတာ ယုံကြည်အောင် ကိုယ်ကတည်ဆောက် ပေးရမှာလေ။ အဲဒါမှ သူတို့က ပတ်ဝန်းကျင်ကို ယုံကြည် လာ ပြီးတော့ ကြီးလာရင်လည်း နိုင်ငံအတွက် တကယ်ကြိုး စားချင်တဲ့ ကလေးငယ်တွေ ဖြစ်လာတာ။ ကိုယ့်နိုင်ငံကို ချစ်စိတ်တွေက ကိုယ့်ကိုယ် ကိုယ်ချစ်စိတ်၊ ကိုယ့်အိမ်ကို ချစ်စိတ်၊ကိုယ့်ပတ်ဝန်းကျင် ကို ချစ်စိတ်ကစတာပဲ။ သူ့ ပတ်ဝန်းကျင်က သူ့ကို တကယ် ချစ်တယ်လို့ တည်ဆောက် ပေးရင် သူကလည်း ပတ်ဝန်း ကျင်ကို ပြန်ချစ်တယ်။ 


ကလေးရှေ့မှာဆိုရင်တော့ သူ့အဖေနဲ့ သူ့အမေတစ် ယောက်နဲ့ တစ်ယောက်တ ကယ်ချစ်ခင်နေကြတယ်ဆို တာပဲ ပေးသိရမယ်။ သူယုံ ကြည် အားကိုးတဲ့သူက အချင်းချင်း မညီညွတ်ဘူး ဆိုရင်သူကအားငယ် စိတ် ဝင်သွားတတ်တယ်။ ကလေးငယ်လေးတွေ လေ လွင့်နေတာကို မြင်တိုင်းတော့ စိတ်ဆင်း ရဲရတာပေါ့။ အဲဒါ ကြောင့်မို့ အမေ့အိမ် ပညာရေး ကွန်ရက်တွေ၊တခြားလူမှုရေး အသင်းအဖွဲ့ လုပ်သမျှတွေထဲ မှာ ကိုယ်နိုင်သလောက် ဝင်ကူတယ်ဆိုတာ သားသမီး ချင်းကိုယ်ချင်းစာတဲ့စိတ်က အခြေခံတာပါ။ကလေးငယ် တွေရဲ့ စိတ်ကလေးတွေက အဖြူထည်ပေါ့။ စာရွက် အဖြူတစ်ခုမှာဘာရေးရေး ထင်သလိုမျိုးပဲ။ စပြီး မှတ်တဲ့ အချိန်မှာ အသိမမှားဖို့ဘဲလိုတယ်။ “

မေသန်းနု

” သူတို့လေးတွေကိုတွေ့ ရတာ ရင်ထဲမကောင်းဘူး။ သူတို့အတွက်တွေ၊ ပတ်ဝန်းကျင်အတွက်ရောပေါ့။ ဒီလို တောင်းတာထက် တချို့ ပန်းလေးတွေရောင်းေ နကြတာ တွေ့ ရတာ ကျက်သရေ ရှိတာပေါ့။ အလုပ်တစ်ခုလုပ်လိုက်ရင်ပို အဆင်ပြေတာပေါ့။ သူတို့ ပညာရှာရမယ့် အရွယ်မှာ မရှာရ တော့ အသိဥာဏ်ပညာ ဆုံးရှုံးတာေ ပါ့။ ဒီထဲက လူကောင်း၊ ပညာတတ် လေးတွေ ပေါ်ထွက်လာနိုင်တယ်။ တအားကြီး မထူးချွန်တောင် သူတို့ အတွက်တစ်နေရာတော့ ရှိ နေရမှာပေါ့။ အခုလိုကျေ တာ့ နေရာတွေ ပျောက်ပြီး သူတို့ရဲ့ အနာဂတ်က မတောက်ပနိုင် ဘူးပေါ့။အဓိကက စိတ်ဓာတ်ပါပဲ”

ရတနာခင်

” အပြင်မှာ ကိုယ့်သားသမီးအရွယ်လေးတွေ လေလွင့်နေတဲ့ကလေးတွေ ကိုတွေ့ရင် စိတ်မကောင်းတအားဖြစ်မိတယ်။ ပန်းရောင်းတဲ့ကလေးတွေဆိုရင်လည်း ပန်း လာ ရောင်းရင်လည်း မဝယ်ချင် ပေမယ့် အစ်မကအများကြီး ဝယ်ဖြစ်တယ်။ပြီးတော့ ကိုယ့် သားသမီးတွေကိုလည်း ဘာသာရေးကို လုပ်အောင် လို့ နှိုင်းယှဉ်ပြ တယ်။ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ် စသည်ဖြင့် အစ်မကတော့ ဆုံးမဖြစ်တယ်။ ပြီးတော့ ကံရဲ့အကျိုးကိုသိအောင် ပြောပြတယ်။ မိုးရွာထဲမှာ နို့စို့ အရွယ်ကလေးလေးတွေ လိုက် ပြီးတောင်းတဲ့ သူတွေလို တွေ့ ရင်လည်း တအားသနား တယ်။ ကိုယ်ချင်းစာစိတ်တွေ လည်း ဖြစ်မိတယ်။ အစ်မက တတ်နိုင် သလောက်တော့ ကူညီပေးဖြစ်တယ်။ “

ကြည်လဲ့လဲ့ဦး

” ဘယ်မိဘမဆိုကိုယ့်သား သမီးကိုလမ်းမှားမရောက် စေချင်ပါဘူး၊ အစ်မမှာက သားသမီးနှစ်ယောက်ရှိတော့ မိဘတွေက သူတို့ရဲ့စံပြဖြစ်ရမှာပေါ့၊ အစ်မဘက်ကတော့ သားသမီးအပေါ် အခုကတည်းက အများကြီးတွေးထားပါတယ်၊ သားသမီးတွေကို အစ်မကတစ်ချိန်လုံးစိုးရိမ်နေမိတယ်၊ သူတို့တွေနဲ့ အမြဲတမ်းတွဲနေမယ့် အမေမျိုးပဲ ဖြစ် ချင်တယ်၊အဲဒီလို အလေ လွင့်နေတဲ့ကလေးတွေကို အစ်မအရမ်းသနားတယ်၊ အစ်မအဲဒီလိုမျိုးတောင်းတဲ့ ကလေးတွေတွေ့ရင် သူတို့ ကိုအစ်မဆုံးမတယ်။ လိမ္မာ အောင် လည်းအမြဲတမ်းပြော ပေးတယ်။ ကလေးတွေတွေ့ ရင်ပိုပြီးသနားလည်းသနား တယ် မေတ္တာစိတ်လည်းထားတယ်”

ပေါ်ပြူလာအဖွဲ


https://www.facebook.com/photo.php?fbid=463272927103877&set=a.35104771499306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...