
နွေဦးရာသီရဲ့ ညနေခင်းတစ်ခုမှာ သားအဖ နှစ်ယောက် ပန်းခြံထဲ လမ်းလျှောက်နေခဲ့တယ်။ ကလေးမလေးဟာ ရယ်စရာကောင်းတဲ့ အဘွားအိုတစ်ဦးကို တွေ့လိုက်တယ်။ ပူနွေးတဲ့ရာသီဥတုမှာ သူက သိုးမွေးအကျီကြီးကို ၀တ်ထားတယ်။ လည်ပင်းမှာလည်း သားရေပ၀ါပတ်ထားတယ်။ သူ့ပုံစံက နှင်းတွေ အများကြီး ကျလို့ ၀တ်ထားသလိုမျိုး။ ကလေးမလေးဟာ ဖခင်ရဲ့လက်မောင်းကို ဆွဲလို့
“ဖေဖေ အဲဒီအဘွားအိုရဲ့ ပုံစံဟာ အရမ်းရယ်စရာကောင်းတာပဲနော်” လို့ပြောလိုက်တယ်။
ဖခင်က ခဏတည်ကြည်သွားပြီး စကားစတယ်။“ဟီလာရီ သမီးကြည့်ရ တာ အရည်အချင်းတစ်ခုလျော့နေသလို
ူ“အဲဒီအဘွားအိုဟာ ဖျားနေလို့၊ နေထိုင်မကောင်းသေးလို့ အနွေးထည်၊ မာဖလာတွေဝတ်ထားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သစ်ကိုင်းပေါ်က ပန်းပွင့်တစ်ပွင့်ကို သူကြည့်လိုက်တဲ့ပုံစံက အရမ်းကို အသက်ဝင်နေတယ်။ ကဲ....သူ့ပုံစံက ချစ်ဖို့ကောင်းမနေဘူးလား။ သဘာဝကို သူနှစ်သက်တယ်။ ဒီအဘွားအိုဟာ လူကိုဆွဲဆောင်နိုင်တယ်လို့ ဖေဖေထင်တယ်” လို့ ဖခင်ကဆက်ပြောတယ်။
အဲဒီအချိန်ကျမှ ကလေးမလေးဟာ နောက်တစ်ခေါက် အဘွားအိုကိုသေ ချာပြန် ကြည့်မိတယ်။ ကလေးမလေးဟာ အပြုံးလေးနဲ့ အဘွားအိုဆီသွားပြီး
“ နွေဦးကို အရသာခံနေတဲ့ အဘွားရဲ့ပုံက လူကိုဆွဲဆောင်စေတယ်။ အဘွားကြောင့် နွေဦးက ပိုလှသွားပါတယ်” လို့ပြောတယ်။ အဘွားအိုဟာစိတ်လှုပ်ရှားစွာန
ဖခင်ရဲ့ အသွန်အသင်ကို ဟီလာရီ စွဲစွဲမြဲမြဲ မှတ်ယူခဲ့တယ်။ အလယ်တန်း ကနေ အထက်တန်း အဲဒီနောက် အလုပ်အထိ၊ လောကကြီးထဲအထိ ဘယ်နေရာရောက်ရောက် ဟီလာရီဟာ သူငယ်ချင်းတွေ ၀ိုင်းဝိုင်းလည်တဲ့ ဗဟိုဖြစ်ခဲ့တယ်။
ဒီနေ့အထိ သူဟာ အမေရိကန်မှာသာမက နိုင်ငံတကာရဲ့စိတ်ဝင်စား၊ အလေးထားမှုကိုခံနေရတဲ့ ဟီလာရီ ကလင်တန်( Hillary Clinton) ဖြစ်လာခဲ့ပါတယ်။အကောင်းမြင်
KZL
ပုဂံအွန်လိုင်းမီဒီယာ
https://www.facebook.com/photo.php?fbid=620679147972727&set=a.572785052762137.
No comments:
Post a Comment