ရှည်လျားလှတဲ့ လူ့ဘဝခရီးလမ်းကို လမ်းသုံးလမ်းနဲ့ ဆက်သွယ်တိုးချဲ့ထားတယ်။ အဲဒီလမ်းတွေက သူငယ်ချင်းလမ်း၊ အချစ်လမ်း၊ မိသားစုလမ်းဆိုတဲ့ လမ်းတွေဖြစ်တယ်။ လမ်းတိုင်းမှာ ရောင်စုံအမှတ်အသားတွေ ကိုယ်စီရှိကြတယ်။ စည်းမျဉ်းတွေ ကိုယ်စီရှိကြတယ်။ ရောင်စုံအမှတ်အသားတွေရဲ့ အဓိပ္ပာယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး စည်းမျဉ်းတွေရဲ့ အရေးပါတဲ့အချက်တွေကို လက်ကိုင်ထားနိုင်ရင် ခရီးလမ်းမှာ အန္တရာယ်မရှိ၊ အခက်အခဲမရှိ အဆုံးထိ လျှောက်လှမ်းနိုင်မှာဖြစ်တယ
အဝါရောင် သူငယ်ချင်းလမ်း
သူငယ်ချင်းလမ်းမှာ လျှောက်လှမ်းနေသူတွေကို အဝါရောင်က နွေးထွေးစေတယ်။ ငြိမ်သက်အေးချမ်းစေတယ်။ များသောအားဖြင့် ပါးလျလျစောင့်မျှော်ခြင်းတစ
သင့်စိတ်ကို ပိုလှုပ်ရှားစေတဲ့ကား ဒါမှမဟုတ် သင်နဲ့လမ်းဆုံးထိ အတူရှိနေမယ့်ကား ဒါမှမဟုတ် သင့်ကိုရှေ့ကနေ တိတ်တဆိတ် ဦးဆောင်လမ်းပြနေတဲ့ကား ဒါမှမဟုတ် သင့်နောက်ကနေပြီး တိတ်တဆိတ် ငြိမ်ငြိမ်သက်သက် အားပေးဖေးမနေတဲ့ကားကိုပဲ သင်ဖြေးဖြေးချင်း ချဉ်းကပ်ရမှာဖြစ်တယ်။ ဒီအဝါရောင် သူငယ်ချင်းမိတ်ဆွေလမ်းပေါ်က အဝါရောင်ကားလေးဟာ တခြားကားနဲ့ တဖြေးဖြေး ရင်းနှီးကျွမ်းဝင်မှုတွေရပြီ
အနီရောင် ချစ်သူလမ်း
မီးလျှံလို အနီရောင်ကား၊ မီးရောင်လို လမ်းမ၊ မီးတောင်လို ပေါက်ကွဲပန်းထွက်မယ့် အချစ်လမ်းမှာ ကားတွေဟာ တစ်စီးပြီးတစ်စီး သင့်ဘေးကနေ လေအလျင်လို တဟူးဟူးဖြတ်သွားကြလိမ့်မယ်။
အနီရောင်ဟာ သတိပေးတဲ့ အမှတ်အသားဖြစ်သလို သင့်ကို ကယောက်ချောက်ချားဖြစ်စေတဲ့ အမှတ်အသားလည်းဖြစ်တယ်။ ဒီလမ်းပေါ်မှာ သင်ရူးရူးမူးမူး မောင်းနှင်လို့ရတယ်။ နက်နက်နဲနဲ ချစ်ကြိုက်လို့ရတယ်။ ဒါပေမယ့် တစိုက်မတ်မတ်ပဲ မောင်းနှင်ရမယ်။ "ဟိုတစ်ခုက ကောင်းသလိုလို၊ ဒီတောင်ကပဲ ပိုမြင့်သလိုလို"နဲ့ ဟိုယောင်ဒီယောင် မဖြစ်ရဘူး။ တည်တည်သန့်သန့် တစ်ခုဆိုတစ်ခု ပြင်းအားကောင်းကောင်းနဲ့ မောင်းနှင်ရပါမယ်။ တခြားအနီရောင်ကားတွေကို အနီရောင်မီးပွိုင့်အဖြစ် မှတ်ယူပြီး ဝေးဝေးရှောင်ရမယ်။ ဒါမှမဟုတ် ရပ်စောင့်ရပါမယ်။ အနီရောင်မီးပွိုင့်ကို အတင်းကျော်ဖြတ်တဲ့ကားတချို့
လူ့ဘဝလမ်းတစ်လျှောက်မှာ ဒီလမ်းလေးက လူကို စိတ်အလှုပ်ရှားဆုံး၊ ရင်ကိုအနူးညံ့ဆုံး၊ မျက်ရည်တွေ အဝဲသီဆုံးလမ်းဖြစ်သလို ထိခိုက်၊ နာကျင်မှုလည်း အများစေဆုံးလမ်းဖြစ်တယ်။ အနီရောင် အချစ်လမ်းလေးအတိုင်း ဆက်လက်မောင်းနှင်ပြီး၊ ကွေ့ကောက်တဲ့ လမ်းတံတားတွေကိုဖြတ်ပြီး၊ ထာဝရ တောအုပ်လေးကိုဖြတ်ပြီး၊ ညုတုမြူတု တောင်ကမူလေးကို ဖြတ်ပြီးတဲ့နောက် ရှေ့မှာမြင်ရမယ့်အရာက အစိမ်းရောင် မိသားစုလမ်းလေးပဲဖြစ်ပါတယ်။
အစိမ်းရောင် မိသားစုလမ်း
သဘာဝ အစိမ်းရောင်၊ လွတ်လပ်ပေါ့ပါးတဲ့ အစိမ်းရောင်၊ မျှဝေတဲ့ အစိမ်းရောင်... သူငယ်ချင်းလမ်းမှာ ရှိခဲ့ဖူးတဲ့ အထီးကျန်ခြင်းမျိုးတွေ၊ စောင့်မျှော်ခြင်းမျိုးတွေ၊
လွယ်ကူတဲ့ ဒီစည်းမျဉ်းတွေကို သတိလေးနဲ့ သင်လိုက်နာမောင်းနှင်ခဲ့ရင်
နိုင်းနိုင်းစနေ
https://www.facebook.com/photo.php?fbid=452475914850245&set=a.351047714993066.
No comments:
Post a Comment