စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုးသမီး




ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင် အမျိုး သမီး ဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိ အမှတ်ပြုခဲ့ကြ ပါသေးတယ်။

Radioactivity သီအိုရီကို စတင် ထုတ်ဖော်နိုင်သူ၊ radioactive isotopes ခွဲထုတ်ခြင်း နည်းပညာကို ဖန်တီးသူ၊ ပိုလိုနီယမ်၊ ရေဒီယမ် အစရှိ သဖြင့် ဒြပ်စင်နှစ်ခု ရှာဖွေတွေ့ရှိသူ အဖြစ် အောင်မြင်ကျော်ကြားပြီး အခြားသော သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုပေါင်း များစွာ ရရှိထားသူ ဖြစ်ပါတယ်။

၁၈၆၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မွေးဖွားပြီး ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိနေပြီ ဖြစ်ပါ တယ်။

အမျိုးသမီး တစ်ဦးအနေနဲ့ သူမရဲ့  တီထွင်မှု၊ ရှာဖွေ ဖော်ထုတ်နိုင်မှုဟာ အခြားသော အောင်မြင်တဲ့ အမျိုးသား သိပ္ပံပညာရှင်များနဲ့ တန်းတူ ယှဉ်နိုင်ခဲ့ ပါတယ်။ လက်ရှိအချိန်ထိလည်း ကမ္ဘာ့ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင်၊ ကမ္ဘာ့ အထူးချွန်ဆုံး အမျိုးသမီး ရူပ၊ဓာတု ဗေဒ ပညာရှင်အဖြစ် အသိမှတ် ပြုခံထား ရကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar


https://www.facebook.com/photo.php?fbid=619495161414689&set=a.45281132808307

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...