ပဲနှင့် ပီလောပီနံတောက်ရခြင်းအကြောင်း
ဂျပန်နိုင်ငံ အစားအသောက် သုတေသန ဓာတ် ခွဲခန်းများ(Japan Food Research Labora
tories) ပညာရှင် နှစ်ဦးဖြစ်သူ Mr. G. Yukawa နှင့် Mr. T. Nishimura တို့နှင့် တွေ့ဆုံ ဆွေး
နွေးပွဲ နှစ်ခုသို့ တက်ရောက်ခွင့် ကြုံခဲ့ ပါသည်။ တစ်ခုမှာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး
ဝန်ကြီး ဌာနတွင် ပြုလုပ်သော မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစား သောက်ကုန် ထုတ်လုပ် တင်ပို့
ရောင်းချ သူများ အသင်း၏ အသင်း ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပြီး၊ နောက် တစ်ခုမှာ
မြန်မာနိုင်ငံ စီးပွား ကူးသန်းနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) တွင်
ပြုလုပ်သော ဂျပန်နိုင်ငံ အစားအသောက် အန္တရာယ် ကင်းရှင်းရေး (Food Safety) နှင့်
အစားအသောက် ဓာတ်ခွဲခန်း(Food Laboratory) များ အကြောင်း ဟောပြောပွဲ ဖြစ်သည်။ ဤ
ဆွေးနွေးပွဲ ၂ခုမှ သတိပြုမိသော ကျန်းမာ ရေးနှင့် ဆက်နွယ်သည့် အချက် တစ်ချက်မှာ ပဲ (ပဲကြီး၊
ပဲထောပတ်၊ စွန်တာနီ၊ စွန်တာပြာ စသည်) တွင် ပါဝင်သော ဟိုက်ဒြိုဆိုင် ယာနစ် အက်စစ်
(Hydracyanic- HCN) အကြောင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ တင်ပို့သော ပဲများ၏ HCN
ပမာဏသည် တင်ပို့စဉ်က ဓာတ်ခွဲ စမ်းသပ်သော ပမာဏထက် ဂျပန်ဆိပ် ကမ်းသို့ ဆိုက်ရောက်
သောအခါ ပိုများနေကြောင်းနှင့် ဂျပန်နိုင်ငံ၏ ခွင့်ပြုစံနှုန်းကို ကျော်လွန် နေသဖြင့် အငြင်းပွား
ဖွယ်ရာ ဖြစ်ကြောင်း၊ ယင်းသို့ ကွဲလွဲနေမှုသည် အချိန်ကာလနှင့် သက်ဆိုင် နေမည် ဖြစ်ကြောင်း၊
တင်ပို့ချိန်နှင့် ဆိုက်ရောက်ချိန် ကာလသည် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်သဖြင့်
ထိုအတောအတွင်း ပဲတွင် ပါဝင်သော ရေကဖြိုခွဲ (hydrolyse)သဖြင့် HCN
ပိုထွက်လာနိုင်ကြောင်းကို ဆွေးနွေးသွား ကြသည်။ ငယ်စဉ်က လူကြီးသူမများ ပြောလေ့ရှိသော
အကြောင်းအရာ တစ်ခုကို သတိရမိသည်။ အထက်ဖော်ပြ ပါပဲဟင်း တစ်မျိုးမျိုးကို
ချက်မည်ဆိုလျှင် ပဲများကို ကြိုတင် ရေစိမ်ထားရန် ပြောလေ့ရှိခြင်းပင် ဖြစ်သည်။
သို့မှသာ`ပဲတောက်ခြင်း(အဆိပ်အတောက် ဖြစ်ခြင်း) ကို ရှောင်ရှား နိုင်မည်ဟု ဆိုသည်။
ပဲတောက်ခြင်းသည် အထက်ပါ HCN နှင့် ဆက်နွယ်နေမည်ကို ဆင်ခြင်မိသည်။ HCN သည်
အဆိပ်အတောက် ဓာတုပစ္စည်း တစ်ခုဖြစ်သည်။ လူတို့၏ အသက်ရှူလမ်းကြောင်းကို
ပိတ်ဆို့နိုင်သဖြင့် အဆိပ်ပြင်းသော အမျိုးအစားတွင် ပါဝင်နေသည်။ ပဲတွင် ဗီတာဂလိုက်ကိုဆိုဒ်
(Beta-glycoside) ဟူသော ဆိုင်ယင်နိုဂျင် (Cyanogen) အုပ်စုပါဝင်သည့် ဓာတ်ပါရှိသည်။ ယင်း
Beta-glycoside ဓာတ်ပြိုကွဲသော အခါ HCN ထွက်လာသည်။ HCN သည် ရေတွင် ပျော်ဝင်နိုင်ပြီး
အငွေ့ပျံလွယ်သည်။ ၂၈°C ကျော်လျှင်ပင် လေထုထဲသို့ အငွေ့ပျံ၍ ထွက်လာသည်။ ထို့ကြောင့်
ပဲကို မချက်ပြုတ်မီ ရေစိမ်ထားခြင်း၊ ချက်ပြုတ်သောအခါ ဆူပွက်သည်အထိ ချက်ပြုတ်ခြင်းဖြင့်
အဆိပ်တောက်ခြင်းကို လျှော့ချနိုင်ပေမည်။ ဆေးသုတေသန ဦးစီးဌာန(အောက် မြန်မာပြည်) မှ
ထုတ်ဝေသော ၂၀ဝ၉ ခု၊ စက်တင်ဘာလထုတ် DMR Bulletin တွင် င်္ပီလောပီနံ (cassava
topioca) အကြောင်း ရေး ထားသည်ကို စိတ်ဝင်စားဖွယ် ဖတ်ရသည်။ ပီလောပီနံ သည် ကမ္ဘာတွင်
လူတို့ စားသုံးနေသော တတိယ အများဆုံး ကာဗိုဟိုက်ဒြိတ် (carbohydrate) အရင်းအမြစ်
ဖြစ်သည်။ လီနာမာရင် (Lina marin) ဟုခေါ်တွင်သည့် ဆိုင်ယင်နိုဂျင် အုပ်စု ပါဝင်သော
ဂလိုက်ကိုဆိုဒ် (Cyanogenic glycoside) ပါရှိသည်။ ပီလောပီနံ အမြစ်၏ ဆဲလ် (cell) များမှ
လီနာမာရင် နေ့(စ်) (Linamarinase enzyme) က ဓာတ်ပြု ဖြိုခွဲသောအခါ HCN ထွက်လာသည်။
ပီလောပီနံကို ကျကျနန ချက်ပြုတ် ထားခြင်း မရှိဘဲ စားသောက် မိပါက လတ်တလော HCN
အဆိပ် တောက်ခြင်း (Acute Cyanide Poisoning)မျိုး ခံစားရ နိုင်သည်။ လက္ခ ဏာများမှာ
စားသုံးပြီး လေးနာရီမှ ခြောက် နာရီအတွင်း ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အရုပ် ကြိုးပြတ် သဖွယ်
ခြေလက် မသယ်နိုင်ခြင်းတို့ဖြစ်ပြီး အချို့မှာ တစ်နာရီ၊ နှစ်နာရီအတွင်း အသက် ဆုံးရှုံးသည် အထိ
ဖြစ်သွား တတ်သည်။ အချို့မှာမူ ခန္ဓာကိုယ်မှ HCN ကို သိုင်ယိုဆိုင် ယင်နိတ် (Thiocy anate)
သို့ အသွင်ပြောင်း စေနိုင်သော သတ္တိရှိသဖြင့် HCN အဆိပ် တောက်ခြင်းကို ကာကွယ်နိုင်သည်။
သို့သော် သိုင်ယိုဆိုင် ယင်နိတ် သည် အိုင်အိုဒင်း(Iodine) မော်လီကျူး အရွယ် အစားနှင့် တူညီ
သဖြင့် သိုင်းရွိုက်အကျိတ် (Thyroid gland) မှ အိုင်အိုဒင်း စုပ်ယူ ခြင်းကို ဝင်ရောက် နှောင့်ယှက်
နိုင်ပြန်သည်။ ထို့ကြောင့် သေချာစွာ ချက်ပြုတ် ထားခြင်း မရှိသော ပီလောပီနံ စားသုံးမှု
များလာသော အခါ လည်ပင်းကြီးရောဂါ (goiter) ဖြစ်လာနိုင်သည်။ ပီလော ပီနံ နှစ်မျိုး ရှိသည်ဟု
သိရသည်။ `အခါး´ မျိုးသည် `အချို´မျိုးထက် အဆ ၅၀ ခန့်ပို၍ အဆိပ်အတောက်များကြောင်း
ဖော်ပြကြသည်။ ဩစတြေးလျ နိုင်ငံသား ရုက္ခဓာတုဗေဒ ပညာရှင် Dr. Jasson က ပီလောပီနံတွင်
ပါဝင်သော ဆိုင်ယင်နိုဒ် ပမာဏ လျှော့ချ နိုင်သည့် နည်းကို သုတေသနပြု ဖော်ထုတ်ထားသည်။
ပီလောပီနံကို အမှုန့်ကြိတ်၍ ရေနှင့် မွှေပြီး အရည်ပျစ်ပျစ် ရအောင် ပြုလုပ်ကာ ယင်း အရည်ပျစ်ကို
အလွှာပါးပါး အနေ အထားဖြင့် နေရိပ်တွင် ၅ နာရီခန့် လှန်းထားပါက ဆိုင်ယင်နိုဂျင်
အုပ်စုပါဝင်သော ဂလိုက်ကို ဆိုဒ်များသည် လီနာမာရင်နေ့(စ်) အင်ဇိုင်းကြောင့် ခြောက်ပုံငါးပုံခန့်
ပြိုကွဲသွားသည်။ ထိုအခါ HCN သည် ဓာတ်ငွေ့ အနေဖြင့် လေထုထဲသို့ လွတ်ထွက်
သွားနိုင်သဖြင့် HCN ပမာဏ မရှိသလောက် လျော့နည်းသွားသည်။ ထို့အခါ မိမိလိုသလို
အန္တရာယ်ကင်းစွာ ချက်ပြုတ် စားနိုင်ကြောင်း ထောက်ပြထား သည်။ မြန်မာ့ဓလေ့တွင် ပဲဟင်းကို
ဟင်းတစ်မယ် အဖြစ် စားသုံးခြင်းနှင့် ပီလောပီနံ ဥပြုတ်ကို သရေစာ အဖြစ် စားသုံးခြင်းတို့
ရှိသဖြင့် စားသုံးသူများ သတိပြု နိုင်ရေးအတွက် တစေ့တ စောင်း တင်ပြလိုက်ပါသည်။
Source - Health Digest Journal
by
စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Thursday, July 26, 2012 at 10:00am ·