ဒီနည်းလေးကလည်း
 သူငယ်ချင်းတစ်ယောက် မေးဖူးလို့ ပြောပြလိုက်တဲ့နည်းလေးပါ..။ ကျနော်တို့ 
ကွန်ပျူတာကို စဖွင့်ဖွင့်ချင်းမှာ Starting Windows ပြီးရင်.. Desktop 
Screen ပွင့်လာပါတယ်..။ အဲချိန်မှာ ဝင်းဒိုးဟာ ဟတ်ဒစ်ထဲမှာရှိတဲ့  
ဆော့ဝဲလ်တွေ အားလုံးကို Desktop ပေါ်ဆွဲတင်ပါတယ်..။ အဲလိုဆွဲတင် 
နေတဲ့အချိန်မှာပဲ ဆော့ဝဲတော်တော်များများရဲ့ update ဘောက်စ်တွေဟာ Screen 
မှာပွင့်လာပါတယ်..။
IDM (အင်တာနက်ဒေါင်းလော့မန်နေဂျာ)တို့လို၊ VZO တို့လို၊ gtalk တို့လို ဘောက်စ်လေးတွေ တစ်ခုပြီး တစ်ခု တက်တက်လာပါတယ်..။ လိုက်ဖျက်နေရတာလည်း အလုပ်ရှုပ်ပါတယ်..။
အဲလိုဘောက်စ်တွေ တက်မလာအောင်၊ ပွင့်မလာအောင် ကျနော်ဒီအောက်က ပုံလေးတွေအတိုင်း ပိတ်ထား လိုက်ပါတယ်..။ ကီဘုတ်မှ ရှော့ကပ်ကီး windows+R နဲ့ Run Box ကိုအရင်ဖွင့်လိုက်ပါ..။ ပြီးရင် msconfig စာသားကို ရိုက်ထည့်ပါ..။ ကျန်တာလေးတွေတော့ အောက်ကပုံအတိုင်း လိုက်လုပ်ပေးလိုက်ပါ...
    
တကယ်လို့
 ဒီနည်းနဲ့ မပိတ်ပဲထားရင် IDM တို့လို update တက်တတ်တဲ့ ဆော့ဝဲတွေဟာ 
မိမိသတိမထားမိပဲ Yes နှိပ်လိုက်မိရင်.. ဒါမှမဟုတ် တစ်ဦးတစ်ယောက်က 
မိမိမသိတဲ့အချိန်၊ မရှိတဲ့အချိန်မှာ Yes နှိပ်လိုက်မိရင်.. update 
ဖြစ်သွားပါတယ်..။ အဲအခါမျိုးတွေမှာ ဆော့ဝဲလ်ကို သုံးလို့မရတော့ပါဘူး..။ 
License key တို့ Serieal key တို့ပဲ တောင်းနေတော့ပါတယ်..။ 
လုပ်နည်းကိုင်နည်း မသိရင် အတော်လေးရွာလည်ပါတယ်..။ 
      ဒါကြောင့် ဒီဆော့ဝဲလ် 
update ဘောက်တွေ တက်လာတဲ့အခါ No တို့ Cancel တို့ပဲနှိပ်ပေးရပါမယ်..။ 
ဘာမှမဖတ်တတ်တဲ့ လူများကတော့ ကိုယ်မသိတာမှန်သမျှ ပေါ်လာတဲ့ ဘောက်စ်လေးတွေရဲ့ 
အပေါ်ညာဘက်ထောင့်က အနီရောင် ကြက်ခြေခတ်ကိုပဲ နှိပ်ပြီး ဖျက်ဖျက်ပေးလိုက်ပါ..
 အဲဒါဆိုရင် ဆော့ဝဲလ်တွေ ဂဂျောင်မဖတ်တော့ပါဘူး..။
Ref::: http://lwinminbo.blogspot.com 
http://

No comments:
Post a Comment