စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စမတ်ဖုန်းနှင့် ကင်မရာများကို အားသွင်းပေးနိုင်မည့် နည်းပညာမြင့် စက်ဘီး


Tuesday, August 06, 2013

iPhoneကဲ့သို့ စမတ်ဖုန်းများနှင့် ကင်မရာများကို အားသွင်းပေးနိုင်မည့် စက်ဘီးသစ် တစ်မျိုးကို စတင် တီထွင်လိုက်ပြီ ဖြစ်သည်။ စွမ်းအင်ခြွေတာရေး ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသည့် အဆိုပါ စက်ဘီးသည် လက်ကိုင်တွင် ပါရှိသည့် USB Portမှတစ်ဆင့် ဖုန်းများကို အားသွင်းပေးနိုင်မည်ဟု သိရသည်။ လိုအပ်သော လျှပ်စစ်ဓာတ်အားသည် စက်ဘီးစီးသူ နင်းလိုက်သည့် ခြေနင်း လည်ပတ်မှုမှတစ်ဆင့် စုဆောင်း ရရှိမည် ဖြစ်သည်။ စက်ဘီးတွင် Touchscreen တစ်ခုလည်း ပါရှိပြီး စက်ဘီးစီးသူ၏ နှလုံးခုန်နှုန်း၊ စုဆောင်းရရှိသည့် ဓာတ်အား အစရှိသော အချက်အလက်များကို မှတ်တမ်းတင် ဖော်ပြနိုင်သည်။

Levitation (ဈာန်ကြွခြင်း)ဟု အမည်ပေးထားသော စက်ဘီးကို Dezienဆိုသော လုပ်ငန်း၏ ခေါင်းစဉ်အောက်တွင် တာဝန်ယူသည့် ဒီဇိုင်နာ (၃)ဦးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ မိုက်ကယ်စထရိန်း၊ ရာမီရီယိုဒိုင်ယက်ဇ်နှင့် ဘရန်ဒန်ဟာ့တ်လေတို့ (၃)ဦးသည် စက်ဘီး၏ ကိုယ်ထည်တွင် ဓာတ်အားစုဆောင်းမည့် ဘက်ထရီ တစ်ခုကို ထည့်သွင်း တပ်ဆင်ခဲ့သည်။ ထိုဘက်ထရီမှ ဓာတ်အားကို စက်ဘီးလက်ကိုင်တွင် မြှုပ်နှံထားသည့် USB Portမှတစ်ဆင့် ပြန်လည် ထုတ်ယူ သုံးစွဲနိုင်မည်ဟု ဆိုသည်။

Levitation၏ ဆန်းကျယ်သော တြိဂံဆန်ဆန် ကိုယ်ထည်ကိုင်းသည် HI-MACSခေါ် အခရိုင်းလစ်နှင့် ကျောက်တုံးတို့ကြား ရောစပ်ပစ္စည်း တစ်မျိုးဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ စက်ဘီးသည် Built-Inတပ်ဆင်ထားသည့် Wi-Fi ထုတ်လွှင့်မှု ကိရိယာ တစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပြီး ယင်းမှတစ်ဆင့် အင်တာနက် ချိတ်ဆက်နိုင်မည်ဟု သိရသည်။ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်တွင် အခြေစိုက်သည့် Dezien၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က "Levitationရဲ့ အနှစ်သာရက လူ့ပတ်ဝန်းကျင်မှာ စက်ဘီးစီးရင်း သန့်စင်တဲ့၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့၊ သိုလှောင်ထားနိုင်တဲ့ စွမ်းအင်တစ်ရပ် ထုတ်လုပ်နိုင်ဖို့ပါပဲ"ဟု ပြောကြားသွားခဲ့သည်။


https://www.facebook.com/photo.php?fbid=452998168131353&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...