စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယခုထက် ပိုမိုကျန်းမာစေရန် လိုက်နာသင့်သည့် အခြေခံနည်း သုံးသွယ်




(၁) လမ်းများများ လျှောက်ပါ

လူအများစု လွယ်လင့်တကူ လုပ်နိုင်တဲ့ လမ်းလျှောက်တာက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပန်းခြံထဲမှာ စိမ်ပြေနပြေ လမ်းလျှောက်တာမျိုးကို မဆိုလိုပါဘူး။ တက်တက်ကြွကြွနဲ့ သွက်သွက်လက်လက် လမ်းလျှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ခပ်သွက်သွက် လမ်းလျှောက်ပေးတာကြောင့် ပိုမိုကျန်းမာပြီး အသက်ရှည်စေပါတယ်။

(၂) ပိုမို လတ်ဆတ်သော အစာများကို တတ်နိုင်သမျှ အစိမ်းစားပါ

သင် ကျန်းမာရေး ပိုကောင်းချင်တယ်ဆိုရင် တစ်နေ့တာ စားသမျှ အစာအားလုံးရဲ့ ထက်ဝက်ခန့်ဟာ အပင်ထွက်အစာတွေ ဖြစ်သင့်ပါတယ်။ အပင်ထွက်အစာတွေကို မြေကြီးက ရတဲ့အတိုင်း လတ်လတ်ဆတ်ဆတ် အစိမ်းစားပေးတာ အကောင်းဆုံးပါ။

(၃) နှစ်သက်သော ဝါသနာကို အကောင်အထည်ဖော်ပါ


နေ့စဉ် ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံထဲမှာ သင့်ရင်ခုန်သံတွေ မြန်ဆန်စေဖို့ ဝါသနာတစ်ခုခု၊ ပျော်ရွှင်စရာ တစ်ခုခုကို ထည့်သွင်းထားပါ။ ဒါက အသက်ရှင်ရတာ ပိုကျေနပ်ပျော်ရွှင်စေပြီး ပိုမိုကျန်းမာစေတဲ့ နည်းဖြစ်ပါတယ်။

ဇွန်
Ref: Good Health

http://on.fb.me/UWRK0Q
laminmaung


 http://bluenavyblog.blogspot.com/2013/01/blog-post_8389.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...