စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံ၌ ကင်ဆာရောဂါ ဖြစ်ပွားမှု မြင့်မားရခြင်းမှာ ပိုးသတ်ဆေးနှင့် ဓာတုပစ္စည်း များကြောင့်ဖြစ်



           ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန်သည့် အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ကင်ဆာဖြစ်ပွားမှု အများဆုံး ၁ဝ နိုင်ငံတွင် ပါဝင်နေကြောင်း သိရသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ချက်အရ ကင်ဆာရောဂါ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်း ရင်းများမှာ အစားအစာများ၌ ပါဝင်သော ဓာတုပစ္စည်းများနှင့် ပိုးသတ်ဆေးများကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ အသင်း ဥက္ကဋ္ဌ ဦးဘအုပ်ခိုင် ၏ ပြောပြချက်အရ သိရသည်။

             ဆက်လက်၍ ''ပိုးသတ်ဆေးများ ကြောင့်လည်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ကြောင်း၊ ဓာတု ဆေးတွေ ပါဝင်နေသည့် အစားအစာများကို ပြည်သူတွေ အနေနဲ့ ရှောင်လို့ရကောင်း ရနိုင်ကြောင်း၊ ရှောင်လို့မရတာက ပိုးသတ်ဆေးပင် ဖြစ်ကြောင်း၊ အသီးအနှံတွေက ပြည်သူတွေ အစားအများဆုံး စားသင့်တဲ့ အစားအစာလည်း ဖြစ်ပြီး အာဟာရ ငါးမျိုးလောက် ရနိုင်ကြောင်း၊ ရောဂါကို ကာကွယ်တဲ့ နေရာမှာလည်း အသုံးဝင်ကြောင်း၊ ဒါပေမဲ့ အခုအခါ အသီးအနှံတွေမှာ ပိုးသတ်ဆေးတွေ လွန်ကဲစွာ အသုံးပြုနေသဖြင့် သီးနှံစားပြီး အစာအဆိပ် သင့်တဲ့ပြဿနာတွေ ဖြစ်လာကြောင်း၊ ထို့ကြောင့်လည်း ပြည်သူတွေအနေနဲ့ ဓာတုပစ္စည်းများ မပါတဲ့ အစားအစာတွေ၊ ပိုးသတ်ဆေးမပါတဲ့ အာဟာရ အသီးအရွက်တွေကိုသာ စားသုံးသင့် သည်ဟု ယူဆကြောင်း'' ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံတွင် ပြည်သူများအသုံး ပြုနေသည့် ပလတ်စတစ်နှင့် ဖော့ဘူးများ ဓာတု ဆေးဝါးများ၊ ကြာရှည်ခံ ဆိုးဆေးများ၊ ကော်ဖီမစ်များ အစရှိသည့် ဓာတုပစ္စည်း ပါဝင်မှု များကြောင့် ဖြစ်ကြောင်း၊ စားသောက်ဆိုင်များတွင် အသုံးပြုနေသော ဖော့ဘူးများတွင် စတိုင်းရင်း (Styrene) ဓာတ်ပါသည့်အပြင် 2B ပလတ်စတစ် အုပ်စုဝင်များ ပါဝင်မှုကြောင့် အချိုရည်နှင့် ဂျယ်လီများ၊ အချဉ်ရည်များ၊ ဆေးလိပ်များ၊ အကင်များကြောင့်လည်း ဖြစ်ရကြောင်း သိရသည်။

ကောင်းကင်

http://www.myawady.net.mm/allnews/local/item/22201-2013-08-13-10-44-51

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...