စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိုတာနှေးချင်သလား



‘သဏိကံဇိရတိ’ လို့ပါဠိတော်မှာ ရှိတယ်နော်။ ‘သဏိကံ’ ဆိုတာဖြည်းဖြည်း၊
‘ဇိရတိ’ ဆိုတာအိုတယ် ဆိုတဲ့ အဓိပ္ပာယ်။ တရားနှလုံးသွင်းပြီးတော့ စိတ်အေး
ချမ်းအောင် နေတဲ့သူဟာ အိုတာနှေးတယ်တဲ့။

ခန္ဓာကတော့ သူ့ဟာသူ တစ်နေ့ထက်တစ်နေ့ အိုသွားနေတာတော့ မတတ်နိုင်
ဘူး။ ဒါတောင်မှ ကျန်းမာရေးဂရုစိုက်ရင်တော့ အိုတာကိုတောင်နှေးအောင်လုပ်
လို့ရပါတယ်။

ရုပ်ရည်ကတော့ ဟုတ်ပါတယ်၊ အိုတဲ့ရုပ်ရည်ဘက်ကိုသွားတယ်။ စိတ်ကိုကြည့်
တဲ့အခါကျတော့ အသိအမြင် ပိုထက်မြက်လာတယ်။ စိတ် အိုသွားတယ်လို့ မခံ
စားရဘူး။ စိတ် အိုမသွားဘူးနော်။ ဒါကြောင့် တရားနဲ့နေပြီး စိတ်အေးအေးချမ်းချမ်း
နေတဲ့သူဟာ စိတ်မအိုဘူး။

ငါအသက်ကြီးသွားပြီ၊ အိုပြီလို့ တွေးမိရင်တော့ ဘာမှ မလုပ်ချင်တော့ဘူး။ အဲသ
လိုအတွေးမျိုး မတွေးချင်ဘူး။

အသက်တော့ ကြီးလာနေတာ မှန်တယ်။ ဒါပေမဲ့ ငါ အများကြီး လုပ်နိုင်သေးတယ်။
ကောင်းတာတွေ အများကြီး လုပ်အုံးမယ်။ အဲသလို ရည်ရွယ်ချက် ထားလိုက်တော့
စိတ်ထဲမှာ တော်တော် အားရှိတယ်။ အဲဒီစိတ်ရဲ့ အားကြောင့်ခန္ဓာကိုယ်လည်း အား
ရှိတယ်။ ဒါကြောင့် ကောင်းတာတွေ အများကြီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး
ထားပါ။ စိတ်ချမ်းချမ်းသာသာ ကြည်ကြည်လင်လင်နဲ့ မဂ္ဂင်ရှစ်ပါးကို နှလုံးသွင်းပြီး
တော့၊ အားထုတ်ပြီးတော့ နေပါ။ အဲသလိုဆိုရင် အိုတာပါ နှေးသွားလိမ့်မယ်နော်။

ဆရာတော်ဦးဇောတိက

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...