စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတိုင်းတရားနာရုံမျှနှင့် တရားဥာဏ်ပေါက်နိုင်ပါသလား

http://shamerinasresearchproject.webs.com/buddhism.jpg
ဤအချက်သည် အလွန်အရေးကြီးတဲ့ ပြဿနာဖြစ်လို့ “ဒသကနိပါတ်အင်္ဂုတ္ထိုရ်” ပါဠိတော် “ရှင်ပုဏ္ဏိယ”နှင့် “ဗုဒ္ဓ” မြတ်စွာတို့ အမေးအဖြေလုပ်ကြပုံကို ထုတ်ဖော်ပြပါမည်။

မေး= လူတိုင်းတရားဥာဏ် ပေါက်ရောက်နိုင်ပါသလား မြတ်စွာဘုရား။
ဖြေ=လူတိုင်း တရားဥာဏ် မပေါက်ရောက်နိုင်ဘူး ချစ်သား။

မေး=ပေါက်ရောက်နိုင်ရန် ဘယ်အချက်ပေါ်မှာ တည်ပါသလဲ မြတ်စွာဘုရား။
ဖြေ=ယုံကြည်မှုရှိခြင်း မရှိခြင်းပေါ်၌ တည်ပါတယ် ချစ်သား။

မေး=ယုံကြည်မှုရှိတော့ ဘာဖြစ်ပါသလဲ ဘုရား။
ဖြေ=ယုံကြည်မှုရှိမှသာလျှင် သူတော်ကောင်းထံ၌ ဆည်းကပ်နိုင်ပါတယ်။ ဒါကြောင့် တရားဥာဏ်
ပေါက်ရောက်မှုဟာ သူတော်ကောင်းထံမှာ ဆည်းကပ်ခြင်း မဆည်းကပ်ခြင်းပေါ်၌ တည်ပါတယ် ။

မေး=သူတော်ကောင်းထံ၌ ဆည်းကပ်တိုင်း တရားသိနိုင်ပါသလား မြတ်စွာဘုရား။
ဖြေ=တရားမသိနိုင်ပါဘူး ချစ်သား။

မေး=တရားသိနိုင်ခြင်းသည် ဘယ်အချက်ပေါ်မှာ တည်နေပါသလဲ မြတ်စွာဘုရား။
ဖြေ=ထိုသူတော်ကောင်းနှင့် ဆွေးနွေးခြင်း မဆွေးနွေးခြင်းပေါ်မှာ တည်နေပါတယ် ချစ်သား။

မေး=ဆွေးနွေးတိုင်းလဲ တရားသိနိုင်ပါသလားဘုရား။
ဖြေ=ဆွေးနွေးတိုင်းလဲ တရားမသိနိုင်ပါချစ်သား။

မေး=သည်လိုဆိုပါလျှင် တရားသိနိုင်ခြင်းသည် ဘယ်အချက်ပေါ်မှာ တည်နေပါသလဲ ဘုရား။
ဖြေ=ဆွေးနွေးတဲ့အခါမှာ ကောင်းစွာ နားထောင်ခြင်း မထောင်ခြင်းပေါ်၌ တည်ပါတယ်။

မေး=ကောင်းစွာနားထောင်တိုင်း တရားရနိုင်ပါသလားဘုရား။
ဖြေ= ကောင်းစွာနားထောင်တိုင်းလည်း တရားမရနိုင်ပါချစ်သား။

မေး=တရားမရနိုင်တာ ဘယ်အကြောင်းပါလဲဘုရား။
ဖြေ=နားထောင်ပြန်လျှင် မှတ်သားမှုရှိခြင်း မရှိခြင်းပေါ်၌ တည်ပါတယ် ချစ်သား။

မေး=မှတ်သားမှုရှိတိုင်းရော တရားရနိုင်ပါသလား ဘုရား။
ဖြေ=မရနိုင်ပါ ချစ်သား။

မေး=မရနိုင်သော အကြောင်းက ဘယ်လိုပါလဲ ဘုရား။
ဖြေ=မှတ်သားမှုရှိပြန်လျှင်လဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်မှု မဆင်ခြင်မှုပေါ်၌ တည်ပါတယ် ချစ်သား။

မေး=ဆင်ခြင်တိုင်းလည်း တရားရနိုင်ပါသလား။
ဖြေ=တရားမပေါက်နိုင်ပါဘူးချစ်သား။

မေး=တရားမပေါက်နိုင်သော အကြောင်းက ဘယ်လိုပါလဲဘုရား။
ဖြေ=တရားကို လက်တွေ့ကျင့်သုံးခြင်း မကျင့်သုံးခြင်းပေါ်မှာ တည်ပါတယ်ချစ်သား။

လက်တွေ့ကျင့်သုံးလျှင်တရားဥာဏ်ပေါက်ပါတယ်။လက်တွေ့မကျင့်သုံးလျှင်တရားဥာဏ်မပေါက်
နိုင်ပါဘူး ချစ်သားပုဏ္ဏိယ။

တရားမှန်ကို ရှာဖွေလိုသူတိုင်း “အရှင်ပုဏ္ဏိယ” နှင့် ဗုဒ္ဓရှင်တော်မြတ်စွာဘုရားတို့ ဖော်ပြခဲ့တဲ့ အမေး အဖြေတွေကို “အနုလုံ” “ပဋိလုံ” အပြန်ပြန်အလှန်လှန် စဉ်းစားပြီးတော့ ဖတ်ရှုကြစေလိုပါတယ်။

မှတ်ချက်။ ။ ဆရာတော် သုဝိစိတ္တ ရေသားပြုစုထားသော ဗဟုသုတ ပဒေသာ အမှတ်(၁) စာအုပ်မှ ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A354527&x

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...