စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိုက်ဆံစုချင်သလား…


Friday, Augest 02, 2013

ဒီရက်ပိုင်းတွေက လစာထုတ်ရက်ဆိုတော့ ကျွန်တော့်မှာလည်း ငွေကြေးလေး ရွှင်နေတာပေါ့ဗျာ။ ဒါပေမယ့် လစာ ထုတ်ရက်တိုင်း၊ ငွေပို ငွေလျှံရှိတိုင်း စုထားမယ်လို့ ကြံရွယ်ထားပေမယ့် မစုဖြစ်ပါဘူးဗျာ။ ဒါနဲ့ အချိန်လေး အား တုန်း ပိုက်ဆံစုဖို့ နည်းလမ်းကောင်းလေးတွေ အင်တာနက် မှာ လျှောက် ရှာကြည့်တယ်ဗျာ။ နည်းလမ်းတွေ၊ ဆောင်းပါးတွေ အများကြီး တွေ့ပါတယ်။ ဒီတစ်ပုဒ်ကတော့ ကျွန်တော်တို့နဲ့ ကိုက်တယ်ဗျ။ ဒါကြောင့် ကျွန်တော် က ပြန်ပြီး ဝေမျှပေးလိုက်တာပါ။

ကျွန်တော် ဖော်ပြပေးမှာကတော့ ကျွန်တော်တို့ဆီမှာ နေထိုင်နေတဲ့ လူနေမှု စရိုက်နဲ့ သင့်တော်တဲ့ အချက်တွေပဲ ဖြစ်ပြီး အချို့သော အချက်တွေက အသုံး မ ၀င်လို့ မဖော်ပြပေးတော့ပါဘူး။ ကဲ… ပိုက်ဆံ စုချင်သူတွေ ဒီစာလေး ဖတ်ပြီး အောင်မြင်အောင် စုနိုင် ဆောင်းနိုင်ပါစေ။

(၁) အိမ်မှာပဲ ထမင်းချက်စားပါ၊ ဆိုင်မှာ မစားပါနဲ့။

(၂) ကော်ဖီသောက်တတ်ရင်လည်း ရုံးမှာ၊ အိမ်မှာပဲ အထုပ်ဖျော်သောက်ပါ။ ဆိုင်မှာ မသောက်ပါနဲ့။

(၃) ဈေးဝယ်မသွားခင် ဈေးစာရင်း ရေးပြီး ၀ယ်ပါ။

(၄) လူသုံးကုန်၊ စားသောက်ကုန်တွေကို အများကြီး မ၀ယ်ပါနဲ့။ ၀ယ်ထားပြီးသား ပစ္စည်းတွေကိုလည်း သုံးစွဲရက် မကျော်ခင် သုံးပါ။

(၅) အရည်အသွေးကောင်း၊ ထုပ်ပိုးမှု ပုံစံမြင့် ပစ္စည်းတွေထက် အရည်အသွေးကောင်း ပစ္စည်းတွေသာ ၀ယ်ယူသုံးစွဲပါ။ ထုပ်ပိုးမှု စရိတ်တွေက ပစ္စည်းတန်ကြေးကို မြင့်တက်စေရုံသက်သက်ဆိုတာ နားလည်ပါ။

(၆) အကြွေးရှိရင် ပိုက်ဆံ မစုခင် အကြွေးအရင်ဆပ်ပါ။ နောက်မှ စုပါ။

(၇) ပေးဆောင်ဖို့ရှိတဲ့ အခွန်တွေကိုလည်း အချိန်မီ ပေးဆောင်ပါ။ အပိုကြေး၊ ဒဏ်ကြေး မပေးရအောင် နေပါ။

(၈) ATM Cardသုံးသူတွေက ကိုယ်အပ်ထားတဲ့ ဘဏ်ရဲ့ ATMစက်မှာ ပဲ ငွေထုတ်ပါ။ တခြားသော ဘဏ်တွေက ATMတွေမှာ ထုတ်ရင် အပိုကြေး ပေးဆောင်ရတတ်ပါတယ်။

(၉) သင့်မှာ ကလေးငယ်တွေနဲ့ လူကြီးသူမ မိသားစုတွေရှိရင် ကြိုးဖုန်းကို မသုံးပါနဲ့။ မိုလ်ဘိုင်းဖုန်းကိုပဲ သုံးသင့်ပါတယ်။

(၁၀) စာအုပ်တွေ ၀ယ်စုတာနဲ့ စာရင် စာအုပ်တွေ ငှားဖတ်ပါ။

(၁၁) စာအုပ်ဝယ်တော့မယ်ဆိုရင်လည်း ဘယ်လောက် ကိုယ့်အတွက် ဘယ်လောက် အသုံးဝင်မလဲ သေချာ စဉ်းစားပြီးမှ ၀ယ်ပါ။

(၁၂) ဈေးကြီးတဲ့ အရာတွေ မ၀ယ်ခင်တိုင်း ဈေးမေးပါ။ ဖြစ်နိုင် ရင် ဈေးဝယ်တိုင်း ဈေးနှုန်း ကြိုမေးပါ။

(၁၃) ကိုယ့်ရဲ့ ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာတွေကို ပြုပြင် ထိန်းသိမ်းခြင်းတွေ ပုံမှန် လုပ်ဆောင်ပါ။

(၁၄) လျှပ်စစ်မီးကို တတ်နိုင်သလောက် ချွေတာ သုံးစွဲပါ။

(၁၅) အပန်းဖြေ ခရီး မကြာခဏ မထွက်ပါနဲ့။


https://www.facebook.com/photo.php?fbid=344957838968663&set=a.273551502775964.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...