Thursday, August 01,2013
မထူးဆန်းတဲ့ ကြက်ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ….
ပြုတ်ပြီး အသားနွှင်ထားသော ကြက်ရင်ပုံသား – တရုတ်ထမင်းစားပန်းကန်လုံး ၂ လုံးခန့် (အသားကို အရမ်းနူးအောင် မပြုတ်ပါနှင့်)
အစေ့ထုတ်ပြီ ပါးပါးလှီးထားသော ခရမ်းချဉ်သီး – တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခွဲခန့်
ပါးပါးလှီးထားသော ဂေါ်ဖီထုတ် – တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခွဲခန့်
ပါပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – လက်တစ်ဆုပ်ခန့်
ပါးပါးရှည်ရှည် အချောင်းလေးများလှီးထားသော မုန်လာဥနီ – လက်တစ်ဆုပ်ခန့်
ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် – လက်တစ်ဆုပ်ခန့်
ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – လက်တစ်ဆုပ်ခန့်
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခန့် (စားနိုင်သလောက်)
ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ပဲငံပြာရည်အကျဲ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
ငရုတ်သီးအလှော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
အားလုံးကို ဇလုံလေးထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်ပြီး
Chaw Su's Food Friends (Facebook)
https://www.facebook.com/photo.php?fbid=450987058332464&set=a.351047714993066.
No comments:
Post a Comment