စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လုပ်ငန်းခွင်မှာ မပြုလုပ်သင့်တဲ့ အမူအရာ (၇)မျိုး


လိုတာထက်ပိုပြီး ပြုံးရယ်တာတွေက ကြာလာရင် အများက လက်မခံချင်တော့လောက်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ ကိစ္စတွေကို ထင်သလောက် အလေးအနက်မထားဘူးလို့ အထင်ခံရလာနိုင်တယ်၊ လှောင်ပြောင်နေတာလားဆိုပြီးတော့လည်း အမြင်ကတ်ခံရလာနိုင်ပါတယ်။

 

၁။ ခေါင်းခါလွန်းခြင်း
အပြုသဘောမဆန်တဲ့ လက္ခဏာပါ။ ခေါင်းခါလွန်းတာက မလေးမစားလုပ်တဲ့သဘော၊ ဘယ်အရာကိုမှ လက်မခံချင်ဘဲ ငြင်းဆန်တဲ့သဘောမျိုးလည်း သက်ရောက်ပါတယ်။
၂။ ဘာလာလာခေါင်းငြိမ့်တာ
ခေါင်းငြိမ့်တယ်ဆိုတာ လက်ခံတယ်၊ ထောက်ခံတယ်ဆိုတဲ့ သဘောကိုပြတဲ့ လက္ခဏာပါ။ ဒါပေမဲ့ တချို့ပညာရှိတွေကလည်း ခေါင်းခဏခဏငြိမ့်တာကို မိန်းမဆန်တဲ့အလေ့အထလို့လည်း သတ်မှတ်ပါတယ်။ ကောင်းသည်၊ ဆိုးသည် မစဉ်းစားဘဲ ခေါင်းချည်းပဲငြိမ့်နေတာမျိုးက တစ်ခါတလေမှာ တစ်ဖက်သားကို အရေးမလုပ်ရာရောက်တယ်မဟုတ်လား။
play

၃။ ခန္ဓာကိုယ်ကိုခပ်တင်းတင်းထားခြင်း
ခြေထောက်တွေကို တင်းတင်းကြီးချိတ်၊ လက်ကိုပိုက်၊ ကိုယ်တွေခါးတွေကျုံ့ကွေးပြီးနေတာမျိုးက ဘယ်လိုမှကြည့်မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရင်ကိုဖွင့်ပြီးမတ်တပ်မတ်မတ်ရပ်တာမျိုး၊ ပုခုံးကိုကျယ်ကျယ်ထား ခေါင်းကို တည့်တည့်နေတာမျိုးကသာ သင့်အတွက် အကောင်းဆုံးအနေအထားပါ။
၎။ နွဲ့နှောင်းပျော့ပျောင်းလွန်းနေတာ
ဆံပင်ကိုထိုးဖွလိမ်ဆွဲနေတာတွေ၊ နားဆွဲတွေ၊ ဆွဲကြိုးတွေကို ကိုင်တွယ်ပွတ်သပ်တာတွေ၊ လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်နေတာတွေကိုရှောင်ပါ။ သင့်ရဲ့အမူအရာတွေက ယုံကြည်မှုအပြည့်အဝမရှိတဲ့ပုံမျိုး ပေါက်မနေပါစေနဲ့။
၅။ လိုတာထက်ပိုပြုံးခြင်း၊ ရယ်ခြင်း
ပြုံးတာရယ်တာက ကျန်းမာရေးအတွက်ရော၊ လူမှုဆက်ဆံရေးမှာပါ ကောင်းတဲ့အလေ့အကျင့်ပါ။ ဒါပေမဲ့ လိုတာထက်ပိုပြီး ပြုံးရယ်တာတွေက ကြာလာရင် အများက လက်မခံချင်တော့လောက်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ ကိစ္စတွေကို ထင်သလောက် အလေးအနက်မထားဘူးလို့ အထင်ခံရလာနိုင်တယ်၊ လှောင်ပြောင်နေတာလားဆိုပြီးတော့လည်း အမြင်ကတ်ခံရလာနိုင်ပါတယ်။ ဖြစ်နိုင်ရင် အရိပ်သုံးပါးသိမှ မျက်နှာအမူအရာကို ထားသင့်ပါတယ်။
 

၆။ ခံစားချက်ကို ထုတ်ပြတဲ့ အမူအရာတွေ
လက်အမူအရာတွေ၊ မျက်နှာထားပုံစံတွေကနေ သင့်ရဲ့ခံစားချက်တွေကို အရမ်းမပေါ်လွင်ပါစေနဲ့။ ပိုဆိုးတာက အဲ့ဒီလိုမျိုး အရမ်းသိသိသာသာဖြစ်လာတဲ့အခါ ကိုယ့်လက်အောက်က ၀န်ထမ်းတွေကလည်း ကိုယ့်ကို ရိုသေလေးစားမှုတွေ လျော့ကျလာနိုင်သလို သင့်အထက်အရာရှိလူကြီးတွေကလည်း သင်ဟာ Professional မကျတဲ့လူတစ်ယောက်လို့ ထင်သွားနိုင်ပါတယ်။
၇။ အလေးအနက်မရှိတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း
အလုပ်နဲ့ပတ်သက်ပြီး လက်ဆွဲနှုတ်ဆက်ရတဲ့အခါမှာ ဟန်ပါပါ အားရှိရှိ လက်ဆွဲနှုတ်ဆက်တာမျိုးက သင့်ကို တစ်ဖက်လူက အထင်ကြီးတတ်သလို၊ သင်ကလည်းကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြသလို့ပါတယ်။
Photo : Pintrest

http://www.duwun.com.mm/lifestyle/-id4780577.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...