စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသံချဲ့စက်ကြောင့် နားငြီးတဲ့ဒဏ် မခံနိုင်လို့ သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွား




သားမွေးအင်္ကျီအရောင်းဆိုင်က အသံချဲ့စက်သုံးပြီး အရောင်းမြှင့်တင်ရေး လုပ်နေတာ နားငြီး မခံနိုင်လို့ သေနတ်နဲ့ ပစ်ခတ်မှု ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ သေနတ်နဲ့ ပစ်ခံရတဲ့ အသက် (၂၅)နှစ် အရွယ် အမျိုးသမီး အန်နာနိုဆိုဗာဟာ သူမ အလုပ် လုပ်တဲ့ စတိုးဆိုင်ကို ဖောက်သည်တွေ ပိုလာအောင် အသံချဲ့စက် အသုံးပြုပြီး တရစပ် ကြေညာခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။

အဲဒီအသံကို နားမခံနိုင်လို့ သေနတ်နဲ့ ပစ်ခတ်ခဲ့သူကတော့ အသက်(၅၈)နှစ် အရွယ်ရှိတဲ့ နျူကလီးယား စွမ်းအင် အင်ဂျင်နီယာ ဆာဂိုင်ဂါလာကော့ဗ်ပါ။ သူဟာ အခင်း မဖြစ်ပွားခင် တစ်ရက်အလိုမှာ အလုပ်ဖြုတ်ခံခဲ့ရပြီး အရက်မူးအောင် သောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပါတယ်။
ဘောမန်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ဂါလာကော့ဗ်ဟာ စကိတ်စီးတာ၊ တောင်တက် စက်ဘီး စီးတာ၊ ရေတစ်ဝက် ခဲနေတဲ့ ရေကန်ထဲ ရေကူးတာ၊ လက်ဝှေ့ထိုးတာ စတဲ့ အားကစားနည်းတွေကို နှစ်သက်ပြီး မော်စကိုမြို့မှာ ဂုဏ်သတင်း မွှေးပျံသူဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။

ဂါလာကော့ဗ်နေတဲ့ တိုက်ခန်းနဲ့ အဲဒီ စတိုးဆိုင်က လမ်းတစ်ဖြတ်ထဲမှာ အတူတည်ရှိပြီး ဂါလာကော့ဗ်ဟာ သုံးလွှာကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ အဲဒီလို ပစ်ခတ်မှု မလုပ်ခင် သတိပေးခြင်း တစ်စုံတရာ မလုပ်ခဲ့ပါဘူး။ ဂါလာကော့ဗ်က သူ့အနေနဲ့ ဥပဒေကို ကျော်လွန်ပြီး လုပ်ခဲ့တယ်လို့ ၀န်ခံခဲ့သလို သူလုပ်ခဲ့တဲ့ အမှားတွေအတွက်လည်း တာဝန်ယူတယ်လို့ ပြောပါတယ်။ ဂါလာကော့ဗ်ဟာ လက်ရှိအချိန်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:http://www.dailymail.co.uk/…/Woman-promoting-fur-clothing-l…
Nz (ရိုးရာလေး)

 https://web.facebook.com/YoYarLay/posts/1019257038117548

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...