

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်က တိရစ္ဆာန်ရုံဟာ တိရစ္ဆာန်တွေရဲ့ ဖန်တီးမှုတွေကို လေလံတင် ရောင်းချခဲ့ပါတယ်။ Art Gone Wild လို့ အမည်ရတဲ့ အဲဒီလေလံပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး တိရစ္ဆာန်တွေရဲ့ ဖန်တီးမှု ၅၀ ကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။
လေလံပွဲ မတင်ခင်မှာ Buttonwood park တိရစ္ဆာန်ရုံဟာ Blue လို့ အမည်ရတဲ့ ပင်လယ်ဖျံတစ်ကောင်က ပါးစပ်မှာ စုတ်တံကိုက်ပြီး ပန်းချီဆွဲနေတဲ့ ရုပ်သံမှတ်တမ်းကို သူတို့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာပေါ် တင်ခဲ့ပါတယ်။ လေလံပွဲက ရရှိလာတဲ့ ငွေကြေးကို တိရစ္ဆာန်တွေ သင်ကြားရေး လုပ်ငန်းအတွက် အသုံးပြုမယ်လို့ သိရပါတယ်။
Nz (ရိုးရာလေး)
www.yoyarlay.com
https://web.facebook.com/YoYarLay/posts/995954897114429
No comments:
Post a Comment