
Venus လို့အမည်ရတဲ့ ကြောင်ဟာ ထူးခြားစွာပဲ မျက်နှာတစ်ခြမ်းဟာ အနက်ရောင် ဖြစ်ပြီး တစ်ခြမ်းဟာ သူ့ရဲ့ ကိုယ်အရောင် ရွှေရောင် ဖြစ်ပါတယ်။ မျက်နှာ နှစ်ခုနဲ့ ကြောင် (Two Faced Cat) လို့လည်း ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပြီး အသက် ၅ နှစ်သား ဝန်းကျင် ရှိပါပြီ။
မျက်နှာဘယ်ဘက်ခြမ်းက အနက်ရောင်ဖြစ်ပြီး မျက်နှာ ညာဘက်ခြမ်း
ကတော့ ရွှေရောင် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အရောင် ကွဲပြားမှုဟာ မသိသာပေမယ့် မျက်နှာကျတော့ တော်တော်လေး သိသာနေပါတယ်။ တစ်ဖက်က အနက်ရောင် တောက်တောက် ဖြစ်နေပြီး မျက်လုံးက အစိမ်းရောင်ဖြစ်ပါတယ်။ ရွှေရောင် မျက်နှာဘက်အခြမ်း ကျတော့ အပြာရောင် မျက်လုံးနဲ့ ဖြစ်ပါတယ်။
၂၀၁၂ သြဂုတ်လ ကုန်ပိုင်းက ပိုင်ရှင်ထုတ်ဖော်ပြသခဲ့ပြီး အင်တာနက်မှာ လူသိများခဲ့ပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်က ဇီဝေဗေဒပညာရှင်၊ ပရောဖက်ဆာများ ကိုယ်တိုင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယင်း ကြောင်ဟာ ဇီိဝလက္ခဏာဆောင် ဓာတုပစ္စည်း (DNA) နှစ်မျိုးတောင် ပိုင်ဆိုင် ထား ကြောင်း သိရပါတယ်။ သာမန်ကြောင် တစ်ကောင်က ပေါက်ဖွားပေ မယ့် DNA နှစ်ခု ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဒီလိုထူးခြားချက်များရှိလို့ သူ့ကို Venus လို့အမည်ပေးထားပြီး ထူးခြားသော အသွင်အပြင်ကို ပိုင်ဆိုင်သူ - Chimera လို့ အမွှမ်းတင် ခေါ်ဆို ကြကြောင်း သိရပါတယ်။
--
Ref: NGC
အောင်ခမ်း (ရိုးရာလေး)



https://web.facebook.com/YoYarLay/posts/995379163838669
No comments:
Post a Comment