စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စွန့်ဦးတီထွင်လုပ်ငန်းရှင်မဖြစ်ခင် စွန့်လွှတ်ရမယ့် အကျင့်ဆိုး ၁၀ ခု


ကျွန်ုပ်တို့အားလုံးမှာ အကျင့်ဆိုးတွေရှိကြပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အများစုဟာ အဲဒီအကျင့်ဆိုးတွေကို ရောင့်ရဲစွာနဲ့ပဲ အနာဂတ်ကို သယ်ဆောင်သွားတတ်ကြပါတယ်။ သေချာတာကတော့ အဲဒီအကျင့်ဆိုးတွေက ကျွန်ုပ်တို့ကို အလုပ်မှာ နှောင့်နှေးစေပါတယ်၊ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

သင်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်ဖို့ ရည်မှန်းထားရင်တော့ အားလုံးကို ပြောင်းလဲပစ်ရတော့မှာပါ။ သင့်မှာ ရည်မှန်းချက်ရှိပြီ၊ လွတ်လပ်မှုရှိပြီ။ ဒါပမေယ့် သင်ချရမယ့် ဆုံးဖြတ်ချက်တွေ၊ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တွေအပေါ်မှာ သင်ကိုယ်တိုင် တာဝန်ခံရတော့မှာပါ။ ဒါကြောင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးအဖြစ်ကို လုံးလုံးမရောက်သေးခင်မှာ အောက်ဖော်ပြပါ အကျင့်ဆိုး ၁၀ ခုကို ဖယ်ရှားဖို့လိုပါတယ်။

၁။ တစ်နေ့တာအတွက် အစီအစဉ်မဆွဲထားခြင်း။

သင်တစ်နေ့တာအတွက် ဦးစားပေးဘာလဲဆိုတာ မသိရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ နေ့စဉ်၊ အပတ်စဉ် ဘာတွေလုပ်မယ်ဆိုတာကို ကြိတင်အစီအစဉ်ဆွဲထားရပါမယ်။ ပြီးနောက် အရေးကြီးမှုအပေါ်မူတည်ပြီး အလုပ်တွေကို စီမံခန့်ခွဲရပါမယ်။
(အောင်မြင်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နေ့စဉ်လုပ်လေ့ရှိသော အလေ့အကျင့် ၁၅ ခု - http://wp.me/p6uOtD-6L)

၂။ အီးမေးလ်တွေရောက်လာတာနဲ့ ချက်ချင်းပြန်စာပို့ခြင်း။

ချက်ချင်းတုန့်ပြန်တာဟာ ကောင်းတဲ့အလေ့အထတစ်ခုဖြစ်ပေမယ်လို့ တစ်နေ့လုံး လာမျှအီးမေးလ်ကြီးပဲ ပြန်နေမယ်ဆိုရင်တော့ အလုပ်မဖြစ်တော့ပါဘူး။ သင့်ရဲ့ အလုပ်တွေကို ကြိုတင်အစီအစဉ်ဆွဲပါ။ လာသမျှ အီးမေးလ်တွေက သင့်ကို အနှောက်အယှက်မဖြစ်ပါစေနဲ့။

၃။ ထိထိရောက်ရောက် ပြောဆိုဆက်ဆံနိုင်မှုမရှိခြင်း။

အီးမေးလ်ပဲဖြစ်ဖြစ်၊ စကားပြောရာမှာပဲဖြစ်ဖြစ် ထိရောက်မှုမရှိရင်တော့ တစ်နေ့တာအလုပ်လုပ်ရာမှာ အဆင်ပြေတော့မှာမဟုတ်ပါ။ အဲဒါက သင့်ကို ခေါင်းကိုက်စေမှာဖြစ်ပြီး သင့်လုပ်ငန်းကိုလဲ ထိခိုက်စေမှာပါ။ ဒါကြောင့် သင့်ရဲ့ ပြောဆိုဆက်သွယ်နိုင်မှုစွမ်းရည်ကို လေ့လာပြီး အလျှင်းသင့်သလို တိုးတက်အောင်လုပ်ဖို့ လုပ်ပါတယ်။ မလောပါနဲ့။ ကိုယ်ဆိုလိုချင်တာကို သေချာစွာတွေးပြီးမှာ ပြောပါ။
(ယုံကြည်မှုအပြည့်ရှိတဲ့ စကားပြောဆိုသူ - http://wp.me/p6uOtD-P)

၎။ ဘောင်ခွက်ထဲမှာသာ အလုပ်လုပ်ခြင်း။

နေ့စဉ်ပုံမှန်အလေ့အကျင့်တွေဟာ အလုပ်တွင်ကျယ်စေပါတယ်။ အထူးသဖြင့်တော့ နေ့စဉ်လုပ်ရမယ်အလုပ်တွေအတွက်ပါ။ ဒါပေမယ့် အဲဒီနေ့စဉ်ဘောင်ထဲမှာ ကိုယ့်ကိုယ်ကိုသွင်းလိုက်မိရင်တော့ အပြောင်းအလဲနဲ့ တွေ့လာတဲ့ါခါမှာ အခက်အခဲဖြစ်သွားမှာပါ။ စွန့်ဦးတီထွင် စီးပွားရှင်တစ်ဦးအနေနဲ့ အခြေအနေကိုလိုက်ပြီး ကိုယ့်ကိုကိုယ် ပြောင်းလဲတတ်ရပါမယ်။

၅။ နားချိန်မရှိ အလုပ်ကို တရစပ်လုပ်ခြင်း။

အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်မယ်ဆိုရင် အလုပ်တွေပိုပြီးမယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် တရစပ်လုပ်လို့ ပိုရလာတဲ့ တစ်နာရီနှစ်နာရီထက် သင့်ရဲ့ အင်းအားတွေဆုံးရှုံးသွားတာက ပိုပြီး အရေးကြီးပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ခြောက်နာရီလောက် ကောင်းကောင်းအလုပ်လုပ်ခြင်းဟာ ရှစ်နာရီလောက်ဆက်တိုက် အပင်ပန်းခံလုပ်တာထက် ပိုအကျိုးရှိပါတယ်။
(ဇီဝစည်းချက်များနဲ့ ကိုက်ညီအောင် အလုပ်လုပ်ခြင်း… http://wp.me/p6uOtD-6r)

၆။ နောက်ကျခြင်း။

ဝန်ထမ်းတစ်ဦးအနေနဲ့ အီးမေးလ်ကို ဆယ်မိနစ်လောက်နောက်ကျပြီးမှ ဖတ်မိတာဟာ သိပ်အရေးမကြိးပေမယ့် စွန့်ဦးတီထွင် လုပ်ငန်းရှင်သာဆိုရင်တော့ ဖောက်သည်တွေနဲ့ တွေ့ဆုံဖို့ ဒါမှမဟုတ် ၀န်ထမ်းတွေနဲ့ တွေ့ဆုံဖို့ နောက်ကျနေပြီဆိုရင်တော့ သင့်ရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်။ သင့်ရဲက အလုပ်အချိန်ဇယားကို ကြိုက်သလိုဆွဲပါ။ သို့သော် ချိန်းဆိုထားပြီဆိုရင်တော့ အချိန်မီသွားပါ။

၇။ ခက်ခဲတဲ့အလုပ်တွေကို အနောက်သို့ရွေ့ခြင်း။

ခက်ခဲတဲ့အလုပ်တွေကို ချက်ချင်းမလုပ်ပဲ ဟိုရွေ့ဒီရွေ့လုပ်ခြင်းဟာ အခြေအနေတွေကို ဆိုးဝါးစေပါတယ်။ သင်မလုပ်နိုင်ဘူးဆိုရင် အခြားတစ်ဦးကို လွှဲပေးပါ။ သို့မဟုတ် အခြားသော အကူအညီကို ရှာဖွေပါ။ ဘေးဖယ်မထားပါနဲ့။
(သင့်အောင်မြင်မှုတွေကို ရိုက်ချိုးပစ်မယ့် အတွေးငါးခု http://wp.me/p6uOtD-5P)

၈။ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသားမချခြင်း။

သင့်ရဲ့လက်ရှိအချိန်မှာ ချရတဲ့ ဆုံးဖြတ်ချက်တွေဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေနဲ့ ချရမယ့်ဆုံးဖြတ်ချက်အရေအတွက်လောက် များမှာမဟုတ်ပါဘူး။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆိုတာ တွေ့ကို တွေ့ရမှာပါ။ အဲဒီအခါမျိုးမှာ ဆုံးဖြတ်ချက် လုံးဝမချတာထက် မမှန်ကန်တဲ့ဆုံးဖြတ်ချက် ချမိရင်တောင် ပိုကောင်းမှာပါ။ ဒါကြောင့် ဆုံးဖြတ်ချဖို့ တွန့်ဆုတ်နေတဲ့ အလေ့အကျင့်ကို ရှောင်ဖို့လိုပါတယ်။
(ချမ်းသာလာဖို့ နေ့စဉ်အလေ့အကျင့် ဆယ်ချက် - http://wp.me/p6uOtD-54)

၉။ ငြင်းပယ်မှုမရှိခြင်း။

စီးပွားရေးလုပ်ငန်းကြီးတစ်ခုရဲ့ ၀န်ထမ်းငယ်တစ်ယောက်အတွက်တော့ ငြင်းပယ်ခြင်းဆိုတာ မလုပ်သင့်တဲ့အရာလို့ မှတ်ယူကြပါတယ်။ ဒါကြောင့် ဟုတ်ကဲ့ လို့ ပြောတတ်တဲ့အကျင့်က ကျွန်ုပ်တို့ရဲ့ အသက်မွေးဝမ်းကျောင်းကာလတစ်လျှောက်လုံးမှာ စွဲကပ်လာခဲ့တာပါ။ ဖောက်သည်တိုင်း ကိုယ်က လက်ခံသင့်သည် မဟုတ်ပါ။ ၀န်ထမ်းတိုင်းလည်း ခန့်သင့်သည်မဟုတ်ပါ။ အိုင်ဒီယာတိုင်းလည်း မလုပ်သင့်ပါ။

၁၀။ အလုပ်အများအပြားကို တပြိုင်နက်တည်းလုပ်ခြင်း။

အလုပ်အများအပြားကို တပြိုင်နက်တည်းလုပ်ရင် အချိန်ကုန်သက်သာမယ်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ သင့်ရဲ့လုပ်နိုင်စွမ်းအားကို ထိခိုက်စေပြီးတော့ အလုပ်လည်းပြီးမှာမဟုတ်ပါ။ ဒါကြောင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ တချိန်ထဲမှာ အခုခုကို အာရုံစူးစိုက်ပြီးလုပ်သင့်ပါတယ်။


(စွန့်ဦးတီထွင်သူတွေရဲ့ ဥပဒေသငါးရပ်။ - http://wp.me/s6uOtD-311)


https://web.facebook.com/myanmaentrepreneurs/photos/a.1427500567529655.1073741

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...