စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ရက်ကို ၉ နာရီထက် ပိုအိပ်က အသက်တို



သာမန်လူတစ်ယောက်ဟာ တစ်ရက်ကို ၉ နာရီထက် ပိုအိပ်ရင် အသက်တိုကြောင်း သြစတေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ စာတမ်းထုတ် ဖော်ပြခဲ့ပါတယ်။

ယင်းအတွက် လူဦးရေ ၂သိန်းခွဲဝန်းကျင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ နေထိုင်မှု ပုံစံကို စစ်တမ်းကောက် ရယူခဲ့ခြင်း ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ ၆ နာရီကနေ ၈ နာရီဝန်းကျင်အထိသာ အိပ်သင့်တာ ဖြစ်ပါတယ်။ ယင်းထက်ပိုသွားရင် ကိုယ်ခန္ဓာကို လေးလံထိုင်းမှိုင်းစေပြီး ကျန်းမာစေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ရက်ကို ၆ နာရီထက်ပိုကြာကြာ ထိုင်ခြင်း၊ တစ်ပတ်ကို မိနစ် ၁၅၀ အောာက်သာ အားကစား ပြုလုပ်ခြင်းတို့ကလည်း အသက်တိုစေမှာ ဖြစ်ပါတယ်။ ယင်း သုံးခုစလုံးကို ပေါင်းလိုက်မယ်ဆိုရင် သာမန် ကျန်းမာနေသူတစ်ယောက်ထက် အသက် ၄ ဆ တောင် တိုနိုင်ချေ ပိုများကြောင်း ဖော်ပြထားပါတယ်။

ကျန်းမာရေးကောင်းမှ ကျန်တဲ့ လုပ်ဆောင်ချက်များ ကောင်းမွန်နိုင်မှာ ဖြစ်တဲ့အတွက် မိမိကျန်းမာရေးကို ဂရုစိုက်တန်ဖိုးထားကြရန် လိုအပ်ပါတယ်။
.
Ref: medic-fact
အောင်ခမ်း (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/995371657172753/?type=3&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...