စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မယ်အင်္ဂလန်ဆုရထားတဲ့ အမျိုးသမီး တပ်ကြပ်ကြီး



တပ်ကြပ်ကြီး သို့မဟုတ် မယ်အင်္ဂလန်

ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကတော့ ၂၀၀၉ ခုနှစ်က မယ်အင်္ဂလန် (Miss England) ဆုရထားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒါတင်မကပဲ လက်ရှိမှာ သူမဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိတစ်ဦး ဖြစ်ပါတယ်။ Katrina Hodge လို့ အမည်ရပါတယ်။

အသက် ၁၇ နှစ်မှာ အစ်ကိုဖြစ်သူရဲ့  မြောက်ပေးမှုကြောင့် စစ်ထဲ ဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့  တော်ဝင်ကြည်းတပ်ကို ဝင်လိုက်တာ ဖြစ်ပါတယ်။ စစ်တပ်မှာ သူရဲ...
့နာမည်ပြောင်က အရုပ်မ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး မျက်တောင် ခဏခဏ ကော့တာကြောင့် ဒဏ်ပေးတာ ခံရပြီး အရုပ်မလို့ နာမည် ပြောင်ပေးထားပါတယ်။

၂၀၀၅ ခုနှစ် ရောက်တော့ အီရတ်မှာ တာဝန်ကျပါတယ်။ အီရတ်မှာ တာဝန် ကျစဉ် အင်မတန် ရဲစွမ်းသတ္တိကြီးတဲ့ စစ်သူရဲလို့ နာမည်ကြီးပါတယ်။ ရှေ့ တန်း တိုက်ပွဲတွေမှာ သူပါပြီး သူကယ်လို့ အသက်မသေတဲ့ စစ်သားတွေ လည်း ရှိပါတယ်။ ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ ရန်သူတွေကိုလည်း နပန်းသတ် အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ဒုတပ်ကြပ် အထိ ရာထူး တိုးမြင့်ခံခဲ့ရပါတယ်။ ယခု ဆိုရင် တပ်ကြပ်ကြီး အဆင့်တောင် မကတော့ပါဘူး။ အာဖဂန်နစ္စတန်မှာ ရာထူးကြီးတဲ့ အမျိုးသမီး ကြည်းတပ် အရာရှိ ဖြစ်နေပါပြီ။

၂၀၀၈ ခုနှစ်ကစလို့ အလှမယ် ပြိုင်ပွဲတွေ စပြိုင်ပါတယ်။ တော်ဝင် ကြည်းတပ် ကိုယ်စားပြုအနေနဲ့ စတင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မို့ ရက်ပိုင်းပဲ အချိန်ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကျင်းပတဲ့ မယ်အင်္ဂလန် မှာတော့ 1st runner up ရရှိပါတယ်။ သို့ပေမယ့် သရဖူ ရတဲ့ မယ်က မှုခင်းတစ်ခုကြောင့် လက်လွတ်ရပြီး Katrina Hodge ဟာ မယ် အင်္ဂလန် အဖြစ် သရဖူ ဆောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်တိတိ လူမှုပရဟိတ လုပ်ငန်းလုပ်ပြီး ၂၀၁၀ ရောက်တော့ တပ်ထဲ ပြန်ဝင်ခဲ့ပါတယ်။

ယခုတော့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် စစ်အရာရှိတစ်ဦး နဲ့လည်း ၂၀၁၀ ခုနှစ် ဇွန်လက လက်ထက်ခဲ့ပါတယ်။ လက်ရှိချိန်မှာ ဗြိတိန် အစိုးရက တရားဝင် ပြုလုပ်ပေးထားတဲ့ စစ်သားများ အောင်သွယ်ဝဘ်ဆိုဒ် Uniform Dating ကိုလည်း ဦးစီး လုပ်ကိုင်ပေးနေပါတယ်။ ရှေ့ တန်းစစ်မျက်နှာမှာလည်း တာဝန်ထမ်းဆောင်နေပါတယ်။

ဒါကြောင့် Katrina ဟာ မယ်ဖြစ်လာတဲ့ ပထမဆုံး စစ်သမီးလို့ ထင်ရှားပြီး ဗြိတိန်နိုင်ငံရဲ့ စံပြ အမျိုးသမီး အဖြစ်လည်း လူသိများကြောင်း သိရပါတယ်။
--
Ref: wiki
--
http://www.innewsmyanmar.com/2012/12/blog-post_103.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...