စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေရောင်ခြည်ထဲမှ ဗီတာမင်ကို အန္တရာယ်မရှိစေဘဲ ရယူနည်း


      နေရောင်ခြည်ထဲမှ ဗီတာမင်ကို အန္တရာယ်မရှိစေဘဲ ရယူနည်း
ဗီတာမင်D ချို့တဲ့မှုသည် အရိုးပါးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါတို့နှင့် ဆက်စပ်နေပါတယ်။ သုတေသန ပြုလုပ်ချက်အသစ်အရ နေရောင်ခြည်ထဲမှရရှိတဲ့ ဗီတာမင်Dကို လုံလောက်စွာ မရရှိပါက ဖော်ပြပါရောဂါ ခံစားနေရသူများသည် စောစောသေနိုင်သော အခွင့်အလမ်း ၂၆ရာခိုင်နှုန်း ပိုပါတယ်။ လူ ၁၃၀၀၀ကို ၁၂နှစ်ကြာ လေ့လာပြီးတဲ့အခါ သူတို့သေရခြင်းရဲ့ အကြောင်းရင်း တစ်ခုခုကို ထောက်ပြနိုင်စွမ်း မရှိခဲ့ပေမယ့် ဗီတာမင်D ချို့တဲ့မှုကတော့ ကျန်းမာရေးအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်မှုရှိကြောင်း အဲဗက်အိုင်းစတိုင်း ဆေးကောလိပ်မှ တွဲဖက်ပါမောက္ခတစ်ဦးက ပြောကြားခဲ့ပါတယ်။

      ဒါကြောင့် ဗီတာမင်D အလုံအလောက် ရရှိဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။ နေရောင်ခြည်မည်မျှ ခံယူရရှိလျှင် လုံလောက်မှုရှိသလဲ ဗီတာမင်Dခွဲတမ်း မည်မျှရရှိဖို့အတွက် နေရောင်ခြည်နှင့် ဘယ်လောက်ကြာကြာ ထိတွေ့ရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သတ်ပြီး ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ အဖြေကတော့ နည်းနည်းလေးပဲ ထိတွေ့ဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV light) လိုအပ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှု ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် ဆိုလျှင် အနေတော် အသားအရောင် အရေးပြားရှိသူတွေဟာ တစ်ကြိမ်လျှင် ၆မိနစ် မှ ၈မိနစ်ထိ၊ တစ်ပတ်လျှင် ၄ကြိမ် မှ ၆ကြိမ် နေရောင်ခြည်နှင့် ထိတွေ့မှု ရရှိဖို့လိုပါတယ်။ နေရောင်နဲ့ ထိတွေ့ရမယ့် အချိန်ကတော့ နံနက် ၁၀နာရီ မတိုင်ခင် သို့မဟုတ် နေ့လယ်၂နာရီ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ မျက်နှာနှင့် လက်များအပေါ် နေရောင်ခြည် ထိတွေ့ရမယ်လို့ ဆိုပါတယ်။

              အရေပြားပေါ်တွင် နီလာသည်အထိ နေရောင်နှင့် ထိတွေ့ရန် မလိုကြောင်း၊ ခရမ်းလွန်ရောင်ခြည် အများဆုံးထွက်ရှိသည့် အချိန်တွင် အရေပြားနှင့် နေရောင်ခြည် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ကြောင်း သိရပါတယ်။ အညိုရောင်အရေပြား ရှိသူများကတော့ တစ်ကြိမ်လျှင် ၁၅မိနစ် နေဆာလှုံရန် လိုပါတယ်။ ဘာသာရေးအရဖြစ်စေ၊ ယဉ်ကျေးမှုကြောင့်ဖြစ်စေ အဝတ်အထည်များကို တစ်ကိုယ်လုံး လုံနေအောင် ဝတ်ဆင်လေ့ရှိသောသူများ၊ အိမ်ခန်းထဲမှာပဲ တစ်ချိန်လုံး နေရတဲ့သူများ၊ သက်ကြီးရွယ်အိုများ၊ အသားမည်းသူများသည် ဗီတာမင်D ချို့တဲ့ဖို့ အခွင့်အလမ်းများသူများ ဖြစ်ပါတယ်။ အရိုး ကျန်းမာရေးအတွက်လည်း ဗီတာမင်Dရဖို့ လိုပါတယ်။

        ဗီတာမင်Dက ကယ်လ်စီယမ် သတ္တုဓာတ်စုပ်ယူမှုကို အထောက်အကူ ပေးပါတယ်။ ဒါကြောင့် ဗီတာမင်D ချို့တဲ့လျှင် အရိုးပါးရောဂါ ရနိုင်ပါတယ်။ အရိုးတွေ ပါးလာရင် ကျွတ်ဆတ်ကျိုးလွယ်ပြီး ယနေ့ကမ္ဘာတွင် အဓိက ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ပေါ်ထွက်လျက်ရှိပါတယ်။ ပညာရှင်များရဲ့ ခန့်မှန်းမှုအရ ၂၀၅၀ပြည့်နှစ်တွင် အာရှတိုက်၌ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးသူတွေ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိလာနိုင်ကြောင်း သိရှိရပါတယ်။
Ref: Heath Digest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...