စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆယ်တန်းအောင်ပြီး ကန့်သတ်ရမှတ် မမှီသူများအတွက်

ဆယ်တန်းစာမေးပွဲကြီးမှာ ကန့်သတ်ထားတယ့် ရမှတ်ကို မရလို့ မိမိ တကယ်ရူးသွပ်တယ့် ပညာရပ်ကို သင်ခွင့်မရခဲ့တယ့် ညီငယ် ညီမငယ်များအတွက်...

ရည်ညွှန်းချင်တယ့် ပုဂ္ဂလိက တက္ကသိုလ်တစ်ခုကတော့ Victoria University ဖြစ်ပါသည်.။

အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ.. ဆယ်တန်းအောင်မြင်ရုံမျှဖြင့် တက်ခွင့်ရပါသည်.။
အင်ဂျင်နီယာ ပညာရပ်များ  ။  ကျောင်းသား 90 လက်ခံသည်။
စီးပွါးရေး ပညာရပ်များ ။ ကျောင်းသား 60 လက်ခံသည်။
ကွန်ပျူတာ သိပ္ပံဘာသာရပ် များ .။ ကျောင်းသား ..... လက်ခံသည်။ မေးမြန်းခဲ့ဖို့ ကျန်နေခဲ့ပါသည်.။
ကျန်းမာရေး စောင့်ရှောက်မှု ( Social Care ) နှင့် ကုသရေးဆိုင်ရာ ( MBBS ) ဆေးပညာရပ်များ..။  ကျောင်းသား 30 လက်ခံသည်။



အထူးသတိပြုရန်မှာ။     ။ ( မြန်မာအစိုးရ တက္ကသိုလ်များလို ) 2012 တက္ကသိုလ် ၀င်တန်းအောင်များသာ ... စသဖြင့် ယခုနှစ်မှ အောင်တယ့် ကျောင်းသားများကိုပဲ လက်ခံတယ့် တက္ကသိုလ်မဟုတ်ပါဘူး.။ ဆယ်တန်းအောင်ဖြစ်စေ ဘွဲ့ရဖြစ်စေ တက်ခွင့်ရှိပါတယ်. ။ မြန်မာတပြည်လုံး ပထမဆု နှစ်စဉ် ဆွတ်ခူးပြီးတော့ ဆရာဝန်ဖြစ်ပြီးမှာ တကယ်ရူးသွပ်တယ့် စီးပွားရေးပညာကို သင်ယူနေတယ့် သူတွေ ရှိပါတယ်.။
ရမှတ် ကန့်သတ်ချက်မရှိဘဲ.. မိမိ နှစ်သက်ရာကို  မိမိ တကယ့်ကို ခရေဇီ ဖြစ်တယ့် ပညာရပ်ကို ရွေးချယ်ပြီး တက်ခွင့်ရှိပါတယ်.။ သို့သော် အခြေခံ 5လ တော့ Foundation Course အနေနဲ့ သင်ယူရပါတယ်.။

စာသင်ချိန်တွေကတော့ တနင်္လာကနေ သောကြာအထိ ဖြစ်ပြီး. ၊ သောကြာနေ့တွင် မနက် 8 နာရီခွဲမှ 11 ခွဲအထိ သင်ကြားရမှာဖြစ်ပါသည်.။ ကျန်ရက်များတွင် နေ့လည် 1 နာရီ 45 ကျမှ ကျောင်းဆင်းမှာ ဖြစ်ပါသည်.။
ဆေးပညာရပ်မှ လွဲ၍ ကျန်ဘာသာရပ်များကို အခြေခံ 5 လ အပါအ၀င် စုစုပေါင်း Higher National Diploma 2 နှစ် စုစုပေါင်း 2.5 တက်ရပါမည်။
ပြီးရင် နိုင်ငံရပ်ခြားက တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ်ကို ဆက်လက်ဆည်းပူးရပါမည်.။
သို့သော်လည်းပဲ ယခုနှစ်မှ စပြီးတော့ နောက်ဆုံးနှစ်ကို Victoria University မှာပဲ ဆက်လက်သင်ယူပြိးတော့ England နိုင်ငံ Middlesex University မှ ပေးအပ်တယ့် ဂုဏ်ထူးတန်းဘွဲ့ကို ရရှိမှာ ဖြစ်ပါသည်.။

ဆေးပညာရပ်များ အနေဖြင့်မူ Higher National Diploma ဒုတိယနှစ်မှာ ဘာသာစုံဂုဏ်ထူးထွက်အောင် ကြိုးစားရပြီး အိန္ဒိယ နိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့ရှိ တက္ကသိုလ်မျာမှာ 4 နှစ်ဆက်လက် သင်ယူရပါမည်.။ ယခုနှစ်မှ စတင်၍ တရုတ် ရုရှ နိုင်ငံရှိ အစိုးရ ဆေးပညာကျောင်းများမှာပါ သင်ယူခွင့်ရအောင် ချိတ်ဆက်ကြိုးစားပေးထားတာ တွေ့လာရပါသည်.။


သို့သော်လည်း တရုတ်ဆေးကျောင်းကို နိုင်ငံတကာမှ အသိမှတ်ပြုခြင်းမရှိပါ.။

ကျောင်းလခအနေဖြင့် မည်သည့် အတန်းဘာသာကိုမဆို တစ်လကို 3 သိန်းကျပ် ကျသင့်မှာဖြစ်ပါတယ်.။ Foundation Course များကို လာမည့် Jan နှင့် June  ဖွငု့်လှစ်မှာ ဖြစ်ပါသည်.။ Foundation Course များအနေဖြင့် စတက်လျှင်တက်ချင်း 10 သိန်းပေးသွင်းရမှာဖြစ်ပြီး နှစ်လအကြာမှာ ကျန် 5 သိန်းကို ပေးသွင့်ရမှာဖြစ်ပါတယ်.။ Higher National Diploma အနေဖြင့် တစ်လကို 3 သိန်းဖြင့် တစ်နှစ်စာ သိန်း 30 ကို သုံးရစ်ခွဲပြီး ပေးသွင်းမှာ ဖြစ်ပါသည်.။





Contact details of Victoria University College

Name (international):

Victoria University College



Type of Institution: University
Address: 166 Upper Pansodan Street, MTNT Township
City: Yangon
Postal Code: 11221
Tel: +951250150
Fax: +951250225
eMail: info[at]vucedu.com
Request Admission Information:
Admission Policy:
Contact a Representative:
Apply Now:
please contact the Admission Office of Victoria University College

Homepage:

online Victoria University College



http://www.university-directory.eu/Myanmar-%28Burma%29/Victoria-Uni...



ကျွန်တော်ကိုယ်တိုင်လည်း ရူးသွပ်လွန်းတယ့် ဆေးပညာကို လာမယ့် June မှာသင်ယူဖို့ ပြင်ဆင်နေပါတယ်.။
ကျွန်တော် ဆယ်တန်းမှာ 3 မှတ်လိုခဲ့လို့.. အခုဆို အချိန်အားဖြင့် ဆယ်စုနှစ်တစ်ခုတောင် ရင်းခဲ့ရပါတယ်.။ နစ်နာလွန်းတယ့် လူ့အရင်းအမြစ်တွေ .. ။ ကျွန်တော့်အသက် 28 ပါ.။.
ဖြစ်နိုင်ရင် အမှတ်နဲ့ ဖြတ်တာကို မကျင့်သုံးစေချင်ဘူးဗျာ.။
ကျွန်တော်တော့ ရူးသွပ်တာကို မျက်စိစုံမှိတ်ပြီးတော့ ဆက်လှမ်းဆဲပါ.။ မိဘငွေကို မသုံးချင်တော့ လုပ်ငန်းတစ်ခုကို ရအောင်ထူထောင်ပြီးတော့ ကြိုးစားနေတာပါ.။
ကျောင်းနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်.။ တတ်နိုင်သရွေ့ကူညီပေးပါမည်.။
ကိုအောင်သက်
 ၇၃၀ ၈၂၆၅၈

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...