စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဝလွန်မှုဖြစ်စေနိုင်တဲ့ စိတ်ဖိစီးခံရသူတွေ လုပ်မိတတ်တဲ့ အမှားများ (အပိုင်း-၁)





နှလုံးခုန်မြန်ခြင်း၊ ဗိုက်အောင့်ခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာ သိပ်ပြီး ဆိုးဝါးတဲ့ အခြေအနေ မဟုတ်ပေမဲ့ စိတ်ဖိစီးမှုကြောင့်တော့ အံ့သြစရာကောင်းအောင် အလေးချိန်တက်စေနိုင်ပါတယ်။ ဒီတော့ သင်ဘာပဲလုပ်လုပ် အလေးချိန်တက်စေတဲ့ ဒီလုပ်ဆောင်ချက်အမှားတွေကို ရှောင်ကြဉ်ပါ။

စိုးရိမ်ပူပန်ခြင်း

စိတ်ညစ်စရာအကြောင်း တစ်စုံတစ်ရာ စဉ်းစားပါက (hunger hormone) လို့ခေါ်တဲ့ ghrelin ပမာဏ များပြားလာမှုကြောင့် အစာပိုစားမြိန်ပါတယ်။ ဖြစ်ခဲ့တဲ့ အကြောင်းအရာ သို့မဟုတ် ရှေ့မှာဖြစ်လာမယ့်အရာကို စိုးရိမ်နေရမယ့်အစား လက်ရှိလုပ်နေတဲ့အရာကိုသာ အာရုံစူးစိုက်ပါ။

အစာစားဖို့မိနေခြင်း

လုပ်စရာ တစ်ပုံကြီးရှိနေရင် အစာစားဖို့ အချိန်မရှိဘူးလို့ ကျွန်ုပ်အားလုံး တွေးထင်တတ်ကြတယ်။ ဒါပေမဲ့ အစာတစ်နပ်စားဖို့ မေ့သွားခြင်းဟာ အစာချေဖျက်မှုနှေးကွေးစေသလို နောက်ပိုင်းမှာတော့ ခံနိုင်ရည်အားလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ပိုပြီးဆိုးဝါးစေတာက သိကြားအချိုဓာတ်လျော့နည်းတဲ့ သွေးပမာဏကြောင့် အလုပ်လုပ်ရာမှာ ပိုပြီးခက်ခဲသလိုဖြစ်စေပြီး စိတ်ဖိစီးမှုလည်း ပိုများလာပါလိမ့်မယ်။

စိတ်ပါလက်ပါနဲ့ အစာစားခြင်း

တနေကုန် ဘာမှ မစားရသေးဘူးလို့ သတိရတဲ့အချိန်မှာ ပီဇာအတုံးကြီးကြီးတစ်ခုကို တစ်ချိန်တည်း စားလိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သွားရေစာ၊ နေ့လည်စာ နဲ့ ညနေစာအတွက် ထမင်းကြော်စားလိုက်တာပဲဖြစ်စေ စိတ်ပါလက်ပါနဲ့ အစာစားတာဟာ စိတ်လှုပ်ရှားမှုပိုဖြစ်စေပါတယ်။

အိပ်ချိန် အနည်းငယ်သာယူခြင်း

နောက်တစ်နေ့ စိတ်ဖိစီးမှုပြဿနာကင်းရှင်းစေဖို့ အိပ်ချိန် အလုံအလောက် လိုအပ်တဲ့အပြင် အိပ်စက်ခြင်းဟာ အစားချေဖျက်မှုလုပ်ငန်းကိုလည်း ကောင်းမွန်စွာဆောင်ရွက်စေတာကြောင့် ခန္ဓာကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ အဆီဓာတ်တွေ အလွန်အကျွံဖြစ်ပေါ်ခြင်းကလေည်း ကာကွယ်ပေးပါတယ်။
 

“ နေ့စဉ်ပွားပါ ဤငါးဖြာ ”

                    

အဘိဏှသုတ် ပါဠိတော် မြန်မာပြန်-
~~~~~~~~~~~~~~~~~~~~~~~~
ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။

ကတမာနိ ပဉ္စ-
၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၎။ သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှိတိ
အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၅။ ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊
ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ၊
တဿ ဒါယာဒေါ ဘ၀ိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။

အဘိဏှသုတ် မြန်မာပြန်
~~~~~~~~~~~~~~~~~~~~
ရဟန်းတို့ ငါးပါးကုန်သော ဤအကြောင်းတရားတို့ကို မိန်းမသည် လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း၊လူသည် လည်းကောင်း ၊ရဟန်းသည် လည်းကောင်းနေ့ညဥ့်မပြတ် ဆင်ခြင်အပ်ကုန်၏။

အဘယ်ငါးပါးတို့နည်းဟူမူကား။

ငါသည် အိုခြင်းသဘောရှိသည်၊ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါသည် နာခြင်းသဘောရှိသည်၊ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါသည် သေခြင်းသဘောရှိသည်၊သေခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါ့အား ခပ်သိမ်းကုန်သော ချစ်နှစ်လိုအပ်ကုန်သော။နှလုံးကိုပွားစေတတ်ကုန် သော အဆွေအမျိုး ၊
အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်း သွားသဖြင့်
ရှင်ကွဲကွဲရခြင်းသည် လည်းကောင်း။ ဘ၀တစ်ပါးသို့ ပြောင်းသွား သဖြင့်
သေကွဲကွဲရခြင်းသည်ရှိ၏။ ဤသို့ နေ့ညဥ့် မပြတ်ဆင်ခြင်အပ်၏။

ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်။

ကံသာလျှင် အမွေခံရှိသည်။

ကံသာလျှင် အကြောင်းရှိသည်။

ကံသာလျှင် အဆွေအမျိုးရှိသည်။

ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည် ဖြစ်၏။
 
ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော၊ ထိုကံကို ပြုအံ့၊
ထိုကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ၊ဆိုးမွေခံသည် ဖြစ်ရအံ့။ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ ဤငါးပါးသော အကြောင်းတရားတို့ကိုမိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း၊
လူသည်လည်းကောင်း ၊ရဟန်းသည်လည်းကောင်းနေ့ညဥ့်မပြတ် ဆင်ခြင်အပ်ကုန်၏။

Posted by
www.facebook.com/youngbuddhistassociation.mm
 

“နိုင်ငံတကာတက္ကသိုလ်ပေါင်း (၅ဝ)ကျော်မှပညာရေးသတင်း အချက်အလက်များ ရယူနိုင်မည့်GLOBAL EDUCATION EXHIBITION 2014”




ယူကေ-ဆွစ်ဇာလန်-အမေရိကန်-သြစတြေးလျ-နယူးဇီလန်-စင်ကာပူ-ဘန်ကောက်-
တရုတ်နိုင်ငံတို့မှတက္ကသိုလ်စုစုပေါင်း(၅ဝ)ကျော်တို့၏ပညာရေး သတင်းအချက်များကို
ရှင်းလင်းပြောကြားမည့်"Global Education Exhibition 2014" ကို အောက်တို ဘာ(၂၄)၊သောကြာနေ့ ၊ နံနက်(၁ဝ)နာရီမှနေ့လည်(၁)နာရီထိ၊ ရန်ကုန်မြို့၊ Summit Parkview Hotel တွင်လည်းကောင်း၊ အောက်တိုဘာ(၂၆)တနင်္ဂနွေနေ့၊ မွန်းလွဲ (၂)နာရီမှညနေ(၅)နာရီ ထိမန္တလေးမြို့ Hotel Mandalay (Ballroom)တွင်ကျင်းပမည်ဖြစ်ရာ မည်သူမဆိုအခမဲ့  တက်ရောက်လေ့လာနိုင်ကြောင်း၊အဆိုပါပြပွဲကိုစီစဉ်သည့် CROWN Education ၏
တာဝန်ရှိ သူတစ်ဦးမှ ပြောကြားသည်။

အဆိုပါပညာရေးပြပွဲတွင် စင်ကာပူမှ(၁ဝ)ကျောင်း၊ ယူကေပညာရေး အဖွဲ့အစည်းကြီး၏
ကိုယ်စားပြု ကျောင်းများပါဝင်သည့် တက္ကသိုလ်ကျောင်းပေါင်း(၂၆)ကျောင်း၊ အမေရိကန်မှ
(၁၂) ကျောင်း၊သြစတြေး လျနှင့်နယူးဇီလန်ကိုယ်စားပြုကျောင်း(၈)ကျောင်း၊ ဘန်ကောက်နှင့် ဆွစ်ဇာလန်မှ(၁)ကျောင်းစီ၊ တရုတ်မှ(၂)ကျောင်း ပါဝင်မည်ဖြစ်ပြီးသက်ဆိုင်ရာကျောင်း များမှတာဝန်ရှိသူများကိုယ်တိုင်နိုင်ငံအလိုက်ပညာရေးစနစ်များ၊ဘာသာရပ်အလိုက်ကျောင်း ဝင်ခွင့်လိုအပ်ချက်များ၊ပညာသင်ထောက်ပံ့ကြေး လျှောက်ထားခြင်းများ အားဆွေးနွေး အကြံညဏ်ပေးမည်ဖြစ်ပါသည်၊၊

အဆိုပါပြပွဲတွင်အောက်ပါသတင်းအချက်အလက်များကိုရယူနိုင်မည်ဖြစ်ပါသည်၊၊

● မြန်မာနိုင်ငံတွင် အမှတ်မမှီ၍ဆရာဝန်လိုင်းတက်ရောက်ခွင့်မရ၍ဖြစ်စေ၊ နိုင်ငံတကာ
အသိအမှတ်ပြု MBBS တက်ရောက်လို၍ဖြစ်စေ၊ ကုန်ကျစရိတ်သက်သာစွာဖြင့်
ဆုံးတက်ရောက်နိုင်မည့် MBBS ကျောင်း၊မြန်မာနိုင်ငံမှ MBBS, Pharmacy,
သွားဆရာဝန်ဘွဲ့ရများအတွက်ဘွဲလွန်ဆေးပညာဘာသာရပ်များ….

● ကုန်ကျစရိတ်သက်သာစွာဖြင့် ဘန်ကောက်တွင်တက်ရောက်နိုင်မည့် Civil Engineering,
IT,Business ကျောင်းများနှင့် အလုပ်အကိုင်မပျက်ပဲ သိန်း (ရဝ)ကျော်ခန့်ဖြင့်ဘန်ကောက်
တွင်တက်ရောက်နိုင်မည့် MBA

● ပြပွဲအတွင်းကျောင်းအပ်သူများအတွက် (ကျောင်းသားနှင့် မိဘအပါအဝင်) Myanmar Apex
Bank မှနိုင်ငံတကာတွင်သုံးနိုင်မည့် Visa ကဒ်များ အခမဲ့ပြုလုပ်ပေးမည်အစီအစဉ်

● သြစတြေလျသံရုံးမှ လာရောက်ရှင်းလင်းပြောကြားမည့် မြန်မာနိုင်ငံကျောင်းသား
များအတွက် AusAID ပညာသင်ဆုများ……

● မြန်မာနိုင်ငံမှ HND Civil, Electronic, Mechanical, Business, IT ကျောင်းသားများ
အတွက်အင်္ဂလန်တွင် BE Civil အချိန်တိုတွင်း တက် ရောက်နိုင်မည့် ကျောင်းများ…

● မြန်မာနိုင်ငံမှ (၉ )တန်းအောင်ကျောင်းသားများ iGCSE/A Level/များမလိုအပ်ပဲ ဆက်လက်
တက်ရောက် နိုင်မည့်ကျောင်းများ, International School များမှာ Grade 8,9,10
ကျောင်းသားများကိုတိုက်ရိုက်လက်ခံမည့်နိုင်ငံတကာမှကျောင်းများ

● စင်္ကာပူအစိုးရတက္ကသိုလ် NUS, NTU, SMU နှင့် ပိုလီများသို့ ဝင်ခွင့်ပြင်ဆင်ပေးမည့်
ကျောင်းများ ပါဝင်ပြသသွားမည်ဖြစ်ပါသည်၊၊

ပြပွဲတွင်ပါဝင်မည့်ကျောင်းများစာရင်းကို www.crown-education.com တွင်ဝင်ရောက် ကြည့်ရှုနိုင်ပြီးပြပွဲတက်ရောက်လေ့လာသူတိုင်းအား"နိုင်ငံတကာပညာရေးလမ်းညွှန်(၂ဝ၁၅)
စာအုပ်"သစ်အခမဲ့ပေးအပ်သွားမည်ဖြစ်ကာ Global Education Exhibition” သို့တက်ရောက် လိုပါက ဖုန်း ဝ၁ ၅၂၇ ၈၃၈ နှင့် ဝ၉ ၇၃၂၇၃၂၇၇ သို့ ဆက်သွယ် စာရင်းပေး သွင်းနိုင်ပါသည်။
 
 
Related Posts Plugin for WordPress, Blogger...