စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးအပြစ်တစ်ခုခုလုပ်မိရင် မေးမြန်းသင့်သော မေးခွန်း ( ၈ ) ခု




ကလေးဟာကလေးပါပဲ၊ အမှားတစ်ခုခု (သို့) အပြစ်တစ်ခုခုတော့ လုပ်မိတတ်ကြတာချည်းပါပဲ။ မိဘများအနေနဲ့ အပြစ်တင်မစောစေပဲ အောက်ပါမေးခွန်း( ၈ ) ခုကိုအရင် မေးကြည့်ပါ။ တစ်ခါတစ်လေ မေးခွန်းမေးလို့တောင်မပြီးသေးဘူး၊ ပြသနာကရှင်းလို့ပြီးနေပါပြီ။ အဲဒီမေးခွန်းများက..

၁။ ဘာကိစ္စဖြစ်တာလဲ (သို့) ဘယ်လိုဖြစ်တာလဲ

ရိုးရိုးရှင်းရှင်းမေးခွန်းပါပဲ၊ အင်မတန်အရေးကြီးပါတယ်။ မိဘတော်တော်များများက ကလေးပြသနာတစ်ခုတွေ့လာခဲ့ရင် “ မင်းသူ့ကိုအရင်ရိုက်လို့ သူမင်းကိုပြန်ရိုက်တာ မဟုတ်ဘူးလား” “ မင်းဆိုးလို့ ဆရာကမင်းကို ဆုံးမတာမဟုတ်ဘူးလား” စသည်ဖြင့် ကောက်ချက်နှင့်တွဲပြီး စစ်ဆေးမေးမြန်းတတ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတဲ့မေးခွန်းဟာ ကလေးကိုအပြည့်အ၀ ရှင်းပြခွင့် ပေးတဲ့မေးခွန်းပါ။ မှားပြီးအပြစ်တင်မိတာမျိုးကို ရှောင်ရှားစေနိုင်တဲ့အပြင် ကလေးတစ်ခုခု မှားယွင်း ခဲ့ရင်တောင်မှ သူ့ကိုရှင်းလင်းခွင့်၊ ချေပခွင့် အပြည့်အ၀ပေးထားတော့ အပြစ်ဝန်ခံရတာ ပိုမိုလွယ်ကူ စေပါတယ်။

၂။ မင်းဒီကိစ္စကိုဘယ်လိုမြင်လဲ၊ ဘယ်လိုခံစားရတာလဲ၊

ကလေးတွေဟာ ပြသနာတစ်ခုခုနဲ့ ကြုံတွေ့ ရရင် မှားမှားမှန်မှန် ခံစားချက်အပြည့်နဲ့ အရမ်းကိုစိတ်လုပ်ရှားနေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ သူပြောစရာရှိတာကို ပေးပြောလိုက်ပါ။ သူငိုစရာ ရှိရင်လည်းပေးငိုလိုက်ပါ။ စိတ်သက်သာရာရစေတာပေါ့၊ စိတ်ပညာရှင်တို့ရဲ့အဆိုအရ လူတစ်ယောက် စိတ်တအား လုပ်ရှားနေတဲ့အချိန်မျိုးမှာ ဘယ်သူစကားပဲဖြစ်ဖြစ် နားမ၀င်တတ်ဘူးတဲ့။ ကလေးကိုစိတ် ထွက်ပေါက်ပေးတဲ့သဘောပါပဲ။ ကလေးကိုငြိမ်သက်သွားတဲ့အထိစောင့်ပြီး တတိယမေးခွန်းကိုမေးလို့ရပါပြီ။

၃။ မင်းဘယ်လိုဖြစ်ချင်လဲ၊

ဒီအချိန်မှာ ကလေးပြောတာ ဘယ်လောက်ပဲလွန်လွန်၊ ဘယ်လောက်ပဲသင့်ကို အံ့သြသွားပါစေ၊ ဆုံးမဖို့ဆန္ဒမစောပါနဲ့၊ စိတ်ရှည်ရှည် နားထောင်ပေးပါ။ ပြီးရင်နံပါတ် (၄)မေးခွန်းကို ဆက်မေးလိုက်ပါ။

၎။ ဘာနည်းလမ်းနဲ့ရှင်းလို့ရမယ်လို့မင်းထင်သလဲ၊

ကလေးပြောတဲ့ အတွေးလမ်းကြောင်းအတိုင်း စိတ်ရှည်ရှည်နဲ့ ရေစုန်မျောကြည့်ပါ။ နည်းလမ်းအသွယ်သွယ်၊ ဆင်ခြေအမျိုးမျိုး၊ မှန်တာတွေ မမှန်တာတွေ၊ သဘာဝ ကျတာတွေမကျတာတွေ၊ သူ့ရဲ့နည်းလမ်းမျိုးစုံကိုနားထောင်ပေးပါ။ စကားဖြတ်မပြောပါနဲ့၊ ကောက်ချက်ချမစောပါနဲ့၊ သူ့မှာဖြေရှင်းဖို့နည်းလမ်းကုန်သွားပြီဆိုရင်….နောက်မေးခွန်းကိုမေးလိုက်ပါ။

၅။ မင်းပြောတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းရင် ဘယ်လိုအကျိုးရလဒ်မျိုး ရလာမယ်လို့မင်းထင်သလဲ

ကလေးဖာသာကလေး ဆန်းစစ်ပါစေ၊ စောစောကသူပြောခဲ့တဲ့ နည်းလမ်းတစ်ခုချင်းရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ အကျိုးတရားတွေကို ရှင်းပြခိုင်းပါ။ တစ်ဆိုရင်ဘာဖြစ်မယ်။ နှစ်ဆိုရင် ဘယ်လိုဖြစ်လာမယ် စသည်ဖြင့်ပေါ့၊ ပြီးရင်နောက်မေးခွန်းတစ်ခု….

၆။ မင်းဘယ်လိုဆုံးဖြတ်မလဲ

ကလေးဟာ သူအတွက်အဆင်ပြေဆုံးဖြေရှင်းနည်းလမ်းကို သူရွေချယ်ပါလိမ့်မယ်။ အကျိုးရလဒ် သိပြီးပြီဆိုရင် သဘာဝကျတဲ့ နည်းလမ်းကိုရွေးချယ်တတ်သွားစမြဲပါပဲ။ဒီမှာအရေးကြီးဆုံးအချက်က သူ့ရဲ့ရွေးချယ်မူကိုလေးစားရပါမယ်။ လူကြီးရဲ့ဖြစ်ချင်တဲ့ပုံစံနဲ့ ကိုက်ညီချင်မှကိုက်ညီမယ်၊ ဒီလိုတော့မဆုံးဖြတ်သင့်ဘူး၊မင်းဒီနည်းလမ်းတော့ ဒီလိုဖြစ်သင့်တယ် ဆိုတဲ့စကားမျိုး မပြောမိပါစေနဲ့၊ အဲလိုသွားပြောရင် သူတို့လေးတွေ နောက်နောင်လူကြီးကို မယုံကြည် တော့ဘူး။ သူရွေးချယ်တာ မှားကောင်းမှားနိုင်ပါလိမ့်မယ်။ ဖြည်းဖြည်းချင်း အမှန်သူတွေ့ရှိပါလိမ့်မယ်။ အမှားကို စမ်းစစ်တဲ့အကျင့် ၊ ဖြေရှင်းနည်းလမ်းရှာတတ်တဲ့အကျင့်၊ နေရာလဲလှည်ပြီး စဉ်းစားတတ်သွားပါတယ်။

၇။ ဖေဖေမေမေတို့ ဘာလုပ်ပေးစေချင်လဲ

ထောက်ခံပေးတဲ့သဘောပါ။ ကိစ္စတွေအားလုံးပြီးသွားပြီ၊ အားလုံးလည်းအေးဆေးသွားပြီးရင်..နောက်ဆုံးမေးခွန်းမေးလို့ရပါပြီ၊

၈။ နောက်ဆုံးရလဒ်ကဘယ်လိုလဲ၊ မင်းမျော်လင့်တဲ့အတိုင်းဖြစ်လာသလား

နောက်တစ်ခါ အလားတူပြသနာမျိုးကြုံခဲ့ရင် မင်းဒီလိုပဲဆက်ဖြေရှင်းမလား ၊ မင်းပြောခဲ့တဲ့ ဘယ်နည်းလမ်းနဲ့ရှင်းခဲ့ရင် ဘယ်လိုဖြစ်မယ်လို့ မင်းထင်လဲ။ စကားစမြည်ပြောတဲ့သဘောပါ။ ဒီလိုပြသနာ ရှင်းနည်းမျိုး အကြိမ်အရည်အတွက် နည်းနည်းများလာရင် ကလေးဟာရင့်ကျက်လာပြီး သူ့ကိုသူနိုင်နင်းသွားပါတော့တယ်။
အရေးကြီးတာက ကိုယ့်ကိုကိုပဲအားကိုးရမယ်ဆိုတာ ကလေးသိသွားတယ်။ ကိုယ်ရွေးချယ်မူကို ကိုယ်ပဲတာဝန်အပြည့်အ၀ယူရမယ်ဆိုတာသိသွားတယ်။ ကိုယ့်ကိုကို တာဝန်ယူတတ်သွားမယ်။ လွတ်လပ်စွာစဉ်းစားတွေးခေါ်တတ်သွားပါမယ်။ မိဘများ…အသုံးပြုကြည့်ပါ။ အဆင်ပြေနိုင်ကြပါစေ။

မူရင်းကို လေ့လာဖတ်ရူ့လိုသူများအတွက်
http://edu.shenchuang.com/edu/20140804/94684.shtml

Crdit: U Aung Ko Latt
http://www.searchmyanmar.com/link/comment/cid/53571

မှတ်သားမိသမျှ ကမ္ဘာတစ်လွှားက ဥပဒေများ

              
၁။ ပြင်သစ်နိုင်ငံမှာ ဝက်ကို နပိုလီယံ လို့နာမည်သွားပေးရင် တရားစွဲခံရနိုင်ပါတယ်။
၂။ အမေရိကန်၊ ဗာဂျီးနီးယားက ဥပဒေတစ်ခုမှာ မိန်းမကို ယောကျာင်္းက အိပ်ရာထဲကနေ ကန်ထုတ်ရင် တရားမဝင်ပါဘူးတဲ့။
၃။ ဆွစ်ဇာလန်မှာ ည ၁၀ နာရီနောက်ပိုင်း အိမ်သာရေဆွဲချရင် တရားမဝင်ပါဘူး။
၎။ တရုတ်နိုင်ငံက ဥပဒေ တစ်ခုမှာဆို ကောလိပ်တက်ချင်ရင် ဥာဏ်ကောင်းမှပဲရပါမယ်။
၅။ ဖိလစ်ပိုင်နဲ့ ဗာတီကန် နိုင်ငံတို့မှာ လင်မယားကွာရှင်းလို့မရပါဘူး။ တခါယူထားရင် သေတပန်သက်တဆုံး ပေါင်းကို ပေါင်းရပါမယ်။
၆။ ဆော်ဒီ အာရေဗျနိုင်ငံမှာ လက်ထပ်နိုင်မဲ့ မိန်းကလေးရဲ့ အနည်းဆုံး အသက်အရွယ် ကိုသတ်မှတ်မထားပါဘူး။
၇။ ဂရိနိုင်ငံမှာ HIV ပိုးရှိတဲ့ လူတိုင်းကိုဖမ်းခွင့်ရှိပါတယ်။
၈။ စင်ကာပူမှာ ပီကေစားရင် ဒေါ်လာ ၁၀၀၀ ဒဏ်ရိုက်ပါတယ်။
၉။ တရုတ်နိုင်ငံမှာဆိုရင် သားသမီးတွေက မိဘတွေဆီ မကြာမကြာ သွားရောက်ရမဲ့ ဥပဒေရှိပါတယ်။
၁၀။ ဗြိတိန်နိုင်ငံမှာ လွှတ်တော်ထဲ သေဆုံးတာဆိုရင် ဥပဒေကို ဆန့်ကျင်တာဖြစ်ပါတယ်။
၁၁။ ဗြိတိန်မှာ ဖမ်းမိသမျှ ဝေလငါးတွေဟာ ဥပဒေအရ ဘုရင်မကြီးပိုင်ဆိုင်တာ ပဲဖြစ်ပါတယ်။
၁၂။ အီတလီနိုင်ငံ၊ တျူရင်းက ဥပဒေမှာဆိုရင် ခွေးပိုင်ရှင်တွေဟာ ခွေးနဲ့အတူ တစ်နေ့မှာ အနည်းဆုံး ၃ ခါလမ်းလျှောက်ထွက်ကြရပါမယ်။
၁၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၅ နှစ်အထက် စာမေးပွဲဖြေသူတွေ စာခိုးချကြတယ်ဆိုရင် ထောင်ထဲပို့လို့ရပါတယ်။
၁၄။ ဂျာမနီရဲ့ အဝေးပြေးလမ်းမကြီး ပေါ်မှာ မောင်းနေရင်း ဆီကုန်သွားရင် ဥပဒေချိုးဖောက်မှုနဲ့ ၆၅ ပေါင် ဒဏ်ရိုက်ပါတယ်။
၁၅။ ဂျပန်နိုင်ငံမှာ အဝလွန်ရင် တရားမဝင်ပါ။


https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.38255

ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ ချက်

Related Posts Plugin for WordPress, Blogger...