စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ်ထရန့်ပ်ရဲ့ မှတ်သားစရာ စကားစုလေးများ



၁။ ဘယ်ကိစ္စမဆို စဉ်းစားတော့မယ်ဆိုရင် အလေးအနက်စဉ်းစားပါ။
(As long as you are going to be thinking anyway, think big.)

၂။ အတ္တမရှိဘူးဆိုတဲ့လူကို ပြပေးပါ။ ခင်ဗျားတို့ကို ကျနော်အရှုံးသမားကို ပြပါ့မယ်။
(Show me someone without an ego, and I'll show you a loser.)

၃။ အကြိမ်ကြိမ်မှားနေတယ်ဆိုရင် သင်လုပ်နိုင်တဲ့ အဆိုးဆုံးအရာတစ်ခုကို ဆွဲထုတ်ပြီ ဆက်လက်ပါ။ ခုခံတွန်းလှန်ပြစ်ပါ။
(When you are wronged repeatedly, the worst thing you can do is continue taking it--fight back!)

၎။ တစ်ခါတရံ သင်စိတ်ကြိုက်ရင်းနှံမြုတ်ထားတာ သင်မလုပ်နိုင်တဲ့ဟာဖြစ်တယ်။
(Sometimes your best investments are the ones you don't make.)

၅။ ကျနော်ဟာ အတိတ်ကနေ ပြန်လည်သင်ယူဖို့ကြိုးစားသလို ပစ္စုပ္ပန်မှာ အထူးအာရုံစိုက်ပြီး အနာဂါတ်အတွက် အကွက်ချစီစဉ်ပါတယ်။ ဒါဟာ ပျော်ရွှင်စိတ်ချမ်းသာမှုပဲဖြစ်တယ်။
(I try to learn from the past, but I plan for the future by focusing exclusively on the present. That's where the fun is.)

၆။ လမ်းလွဲမသွားပါစေနဲ့။ လမ်းလွဲသွားပြီဆိုရင် လမ်းပေါ်အမြန်ပြန်တက်ပါ။ ဒီလိုမှမဟုတ်ရင် လမ်းချော်ခြင်းက သင့်ကို အညွှန့်ချိုးသုတ်သင်ပါလိမ့်မယ်။
(Don't get sidetracked. If you do get sidetracked, get back on track as soon as possible. Ultimately sidetracking kills you.)

၇။ ဘဝမှာ ဖြစ်သမျှအရာအားလုံးဟာ ကံကြောင့်ပဲ။
(Everything in life is luck.)

၈။ တစ်ခါတရံ တိုက်ပွဲတစ်ပွဲမှာ ရှုံးနိမ့်လိုက်တာဟာ စစ်ပွဲတစ်ပွဲလုံးကိုနိုင်စေမယ့် နည်းလမ်းသစ်ကို ရှာတွေ့ဖို့ပါပဲ။
(Sometimes by losing a battle you find a new way to win the war.)

၉။ စိတ်အားထက်သန်ပြင်းပြမှုမရှိဘဲနဲ့ အားထုတ်မှုမရှိနိုင်ဘူး။ အားထုတ်မှုစွမ်းအား မရှိဘူးဆိုရင် သင့်မှာ ဘာမှရှိမှာမဟုတ်တော့ပါဘူး။
(Without passion you don't have energy, without energy you have nothing.)

၁၀။ ပြောသမျှကို လူတွေအားလုံးက နားထောင်နေကြတယ်လို့ ကျနော်အာရုံခံစားတယ်။
(I feel a lot of people listen to what I have to say.)

၁၁။ အခက်အခဲတွေ့လာပြီဆိုရင် ပြဿနာကို ဘေးဖယ်ထားပြီး ဖြေရှင်းနည်းကိုသာ အာရုံစိုက်ဖို့က အရေးကြီးတယ်။
(It’s important to focus on the solution, not the problem.)

သူငယ်ချင်းတို့ရေ.......

ဒေါ်နယ်လ်ထရန့်ပ်( Donald Trump)ကို ကျနော်တို့ခေတ်ရဲ့ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ကျော်တွေထဲက တစ်ယောက်အဖြစ် ကမ္ဘာက အသိအမှတ်အပြုထားပါတယ်။ သူဟာ ဘီလျံနာ အမေရိကန် အိမ်ခြံမြေစီပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို စာရေးဆရာ၊ တီဗီအစီစဉ်တစ်ခုက ရုပ်သံစတားလည်း ဖြစ်ပါတယ်။ နောက် အလှမယ်ပြိုင်ပဲတွေကိုလည်း ဦးဆောင်ကျင်းပနေသူဖြစ်သလို ရီပတ်ဘလစ်ကန်ပါတီ(Republican Party)ကနေ အမေရိကန်သမ္မတလောင်းဖြစ်ဖို့အတွက် အလားအလာရှိခဲ့ဘူးသူလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဇနီးသည် ဆလိုဗေးနီးယားနိုင်ငံသူ မော်ဒယ်ဟောင်း မီလင်နီယာ (MELANIA)နဲ့ မိသားစုဘဝကို တည်ဆောက်နေပြီး အသက်(၆၈)အရွယ်ရှိပါပြီ။ မကြာသေးမီကလည်း အီဘိုလာ ပြဿနာကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီးတော့ သမတအိုဘားမားရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

ကျနော့်သူငယ်ချင်းတွေ ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ်ထရန့်ပ်ရဲ့ မှတ်သားစရာ စကားစုလေးတွေကို အသေအချာဖတ်ပြီး စဉ်းစားကြမယ်၊ လိုက်နာကျင့်သုံးကြမယ်ဆိုရင် ကျနော်တို့ ရင်ဆိုင်ဖြေရှင်းရမဲ့ လာသမျှ အခက်အခဲတိုင်းကို ကျော်လွှားနိုင်ပြီး ဒေါ်နယ်လ်ထရန့်ပ်လို အောင်မြင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိလျှက်..................


ဒေါ်နယ်လ်ထရန့်ပ်အကြောင်းကိုဖတ်ဖို့ တိုက်တွန်းတဲ့ သူငယ်ချင်းကိုလည်း အထူးကျေးဇူးတင်ပါကြောင်း……

ဘဝနဲ့ဆန္ဒတစ်သားတည်းကျပါစေ.....
လင်းမြတ်(ပန်းတောင်း)



 https://www.facebook.com/402786653135719/photos/a.402798786467839.96903.4027

အလှပြင်ပစ္စည်းတွေ ဘယ်လောက်ကြာကြာ သုံးသင့်သလဲ



--------------------------------------------------------------------
အမျိုးသမီးတွေနဲ့ခွဲမရတဲ့ အရာကတော့ အလှအပပစ္စည်း တွေပဲဖြစ်ပြီး သုံးနေတဲ့အလှကုန် တွေ ဘယ်လောက်ကြာနေပြီလဲဆို တဲ့အချက်ကိုတော့ သတိပြုမိသူ နည်းပါတယ်။ မိတ်ကပ်ရည်တို့၊ အောက်ခံနို့ရည် စတာတွေဟာ စိုစွတ်တဲ့အခန်းတွေထဲမှာ ကြာကြာ ထားရင် ဘက်တီးရီးယားတွေ ပေါက်ပွားတတ်တာကြောင့် အလှ ကုန်တွေအကြာကြီးထားသုံးဖို့ မသင့်လို့ ဘယ်လိုသုံးသင့်တယ်ဆို တာအကြံပြုလိုက်ပါတယ်။

မျက်တောင်ကော့ဆေး – သုံးလ လောက်ကြာပြီးရင်တော့ မျက် တောင်ကော့ဆေးတွေခြောက်လာ ပြီး ပျင်းတွဲတွဲဖြစ်လာပါတယ်။ မျက်လုံးအနီးတစ်ဝိုက် အန္တရာယ် မဖြစ်စေဖို့အတွက်ဆိုရင်တော့ မသုံးသင့်တော့ပါဘူး။

လိုင်နာရည် – နှစ်လလောက်ပဲသုံး တာသင့်တော်ပါတယ်။

လက်သည်းဆိုးဆေး – တချို့ဆိုး ဆေးတွေက အရောင်တွေမပျက် စီး၊ ဆေးမခြောက်မချင်း တစ်နှစ် လောက်အထိအထားခံပါတယ်။

မျက်ခွံဆိုးဆေး – အမျိုးသမီး အတော်များများ နှစ်နဲ့ချီသိမ်းလေ့ရှိ တဲ့အရာပါ။ မျက်ခွံဆိုးဆေးတွေကို တစ်နှစ်ထက်ပိုပြီးမထားသင့်ပါဘူး။

အောက်ခံပေါင်ဒါမှုန့် – မျက်လုံးနဲ့ အရေပြားကိုဒုက္ခပေးနိုင်လို့ ၂ နှစ် ထက်ပိုပြီးမသုံးသင့်ပါဘူး။

အောက်ခံမိတ်ကပ်ရည် – ပုလင်း ဖွင့်ပြီး ၆ လအတွင်းကုန်အောင် သုံးသင့်ပါတယ်။ အကြာကြီးထား ရင် ဘက်တီးရီးယားတွေပေါက်ပွား ပြီး မျက်နှာအရေပြားကို ဆိုးဆိုး ရွားရွားထိခိုက်စေနိုင်လို့ပါ။

နှုတ်ခမ်းနီ – အရောင်အပြောင်း အလဲ၊ ဆိုးလိုက်တဲ့အချိန်မှာရတဲ့ ခံစားမှုတွေကိုကြည့်ပြီး သုံးသင့်၊ မသုံးသင့်ဆုံးဖြတ်နိုင်ပါတယ်။ တစ် နှစ် (ဒါမှမဟုတ်) ၁၈ လလောက် ကြာတဲ့အခါ နှုတ်ခမ်းဆိုးဆေးထဲက ပါဝင်ပစ္စည်းတွေ အငွေ့ပျံပျက်စီး သွားတာကြောင့် နှုတ်ခမ်းနီ အ ရောင်မလှတော့တာတွေ့ရမှာပါ။

မျက်လုံးနှင့်နှုတ်ခမ်းလိုင်နာခဲတံ – တစ်နှစ်လောက်ပဲသုံးတာအသင့် တော်ဆုံးပါပဲ။

နေလောင်ခံဆန်းခရင်မ် – နေ လောင်ခံလိမ်းဆေး အများစုမှာ တော့ သက်တမ်းကုန်ရက်ပါရှိပါ တယ်။ သက်တမ်းကုန်ရက်ထက် တစ်နှစ် (ဒါမှမဟုတ်) ၂ နှစ်လောက် ထိကျော်သွားရင်လည်း သုံးနိုင် တယ်လို့ဆိုပါတယ်။

မျက်နှာလိမ်းခရင်မ် – ပန့်ပ်လေးပါ တဲ့ဘူးနဲ့ဆိုရင်တော့ ဘက်တီးရီး ယားပေါက်တာကို အနည်းငယ် ကာကွယ်နိုင်လို့ တစ်နှစ်လောက် ထားသုံးနိုင်ပေမယ့် ဒီအတိုင်းပုလင်း အဖုံးဖွင့်သုံးရတဲ့ခရင်မ်တွေက တော့ ခြောက်လအတွင်း ကုန် အောင် သုံးစွဲသင့်ပါတယ်။
http://www.searchmyanmar.com/click/Health#content-43123
 

နည်းပညာလောကမှ သမိုင်းတွင်ခဲ့သည့် ဟောကိန်းအလွဲများ



နည်းပညာ ကဏ္ဍသည် ခေတ်အဆက်ဆက် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ထိုအတောအတွင်း နည်းပညာ နယ်ပယ်မှ နာမည်ကျော် ပုဂ္ဂိုလ်အချို့တို့သည် အနာဂတ်တွင် ဖြစ်တည်လာမည့် အခြေအနေ အချို့ကို ခန့်မှန်းဟောကိန်း ထုတ်ခဲ့ပြီး လွဲချော်မှုများလည်း ရှိခဲ့သည်။ ယင်းတို့အနက် အလွဲတကာ့ အလွဲဆုံး ဖြစ်ခဲ့သည့် ကမ္ဘာကျော် နည်းပညာ ဟောကိန်းအချို့ကို စုစည်းဖော်ပြအပ်ပါသည်။



ကျွန်တော် ထင်တာတော့ ကမ္ဘာ့ဈေးကွက်ကြီး တစ်ခုလုံးက ကွန်ပျူတာ (၅)လုံးစာ အတွက်လောက်ပဲ ဖြစ်လာလိမ့်မယ်။
- IBM ဥက္ကဋ္ဌ သောမတ်စ်ဝပ်ဆန်၏ (၁၉၄၃)ခုနှစ်က မှတ်ချက်စကား

တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်လာမည်ကို ကြိုတင်တွေးဆမိဟန် မရှိဘဲ ဝပ်ဆန် ပြောဆိုခဲ့သော စကားဖြစ်သည်။ ၎င်း၏ဟောကိန်း တက်တက်စင် လွဲခဲ့ခြင်းက ၎င်း၏ ကုမ္ပဏီဖြစ်သော IBM အတွက် ဧရာမ အကျိုးကျေးဇူး ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်းက IBM အနေဖြင့် ကွန်ပျူတာ Software နှင့် Hardware များ ရောင်းချမှုမှ ဒေါ်လာ (၁၀၀) ဘီလီယံမျှ အကျိုးအမြတ် ရရှိခဲ့သည်။

ကျွန်တော် မှန်းလိုက်မယ်။ အင်တာနက်ဟာ မကြာခင် အံ့ဩစရာ ကောင်းလောက်အောင် ကျယ်ပြန့်လာလိမ့်မယ်။ ပြီးတော့ (၁၉၉၆)ခုနှစ်ကျရင် ဆိုးဆိုးရွားရွား ပြိုလဲသွားလိမ့်မယ်။
- 3Com ထူထောင်သူ ရောဘတ်မတ်ကယ်လ်ဖီ၏ (၁၉၉၅)ခုနှစ်က မှတ်ချက်စကား

မတ်ကယ်လ်ဖီက မိမိ၏ ခန့်မှန်းချက် မှားယွင်းခဲ့ပါက ကိုယ့်စကားလုံးကိုယ် စားသောက်ပြခြင်းဖြင့် တာဝန်ယူမည်ဟု ပြောဆိုခဲ့သေးသည်။ အမှန်တကယ်လည်း ကတိတည်သည့် အနေဖြင့် (၁၉၉၇)ခုနှစ်၊ နည်းပညာ ညီလာခံ တစ်ခုတွင် အစားအသောက် အရည်ဖျော်စက် တစ်လုံးထဲ၌ ၎င်း၏ ဟောကိန်းစကား ပါရှိသည့် သတင်းစာ ဖြတ်ပိုင်းကို ထည့်သွင်း အရည်ဖျော်ကာ မော့သောက်ပြခဲ့သည်။


အမေရိကန်တွေကတော့ တယ်လီဖုန်းလိုမှာပေါ့။ ကျွန်တော်တို့တော့ မလိုပါဘူး။ ကျွန်တော်တို့မှာ စာပို့သမား ကောင်လေးတွေ အများကြီး ရှိနေတာပဲ။
- ဗြိတိသျှ စာပို့ဌာန၏ အင်ဂျင်နီယာချုပ် ဆာဝီလျံပရိစ် ပြောဆိုခဲ့ဖူးသော စကား

ယခုအခါ တယ်လီဖုန်းများသည် ဗြိတိန်နိုင်ငံတွင်သာ မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဓိက ဆက်သွယ်ရေး ကဏ္ဍတစ်ခု ဖြစ်လာပြီး စာပို့လုပ်ငန်း၏ တွင်ကျယ်မှုကို ဝါးမြိုလျက်ရှိသည်။


အခုအချိန်ကစပြီး (၂)နှစ်အကြာမှာ Spam ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။
- Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်၏ (၂၀၀၄)ခုနှစ်က ဟောကိန်း
လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် Spam Mail များ သန်းနှင့်ချီ ပျံ့နှံ့နေဆဲ ဖြစ်သလို Spam များ ဖြန့်ဖြူးပေးပို့သူ အများအပြား ရှိနေဆဲ ဖြစ်သည်။

လူတိုင်းက Apple အနေနဲ့ မိုဘိုင်းဖုန်း ထုတ်မလားလို့ ကျွန်တော့်ကို လာလာမေးနေကြတယ်။ ကျွန်တော့် အဖြေကတော့ ဘယ်တော့မှ မဖြစ်နိုင်လောက်ဘူး ဆိုတာပဲ။
- New York Times သတင်းစာမှ ဒေးဗစ်ပေါ့ဂ်၏ (၂၀၀၆)ခုနှစ်က အဆို

နောက်ထပ်တစ်နှစ်အကြာ (၂၀၀၇)ခုနှစ်တွင် Apple သည် iPhone ကို စတင်မိတ်ဆက် ရောင်းချသည်။ ယခုအခါ iPhone သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ရပ်တည်လျက် ရှိသည်။


ပထမဆုံး (၆)လလောက် အပြီးမှာ ရုပ်မြင်သံကြားစက် (TV)တွေက ဈေးကွက်ကို ချုပ်ကိုင်ထားနိုင်မှာ မဟုတ်တော့ဘူး။ အထပ်သားပုံးလေး ရှေ့မှာ ညတိုင်းထိုင်နေရတဲ့ အလုပ်ကို မကြာခင် လူတွေ ငြီးငွေ့လာမှာပဲလေ။
- 20th Century Fox မှ ဒါရဲလ်ဇူနက်ခ် (၁၉၄၆)ခုနှစ်တွင် ပြောကြားခဲ့သည့် စကား

ယနေ့ခေတ်တွင် TV များသည် ကမ္ဘာပေါ်ရှိ နေအိမ်အများစုတွင် တွေ့ရသည့် ဖျော်ဖြေရေး ပစ္စည်းများ ဖြစ်လာခဲ့သည်။ ဇူနက်ခ်၏ ဟောကိန်းတစ်ချက်မှာမူ မှန်ကန်ခဲ့သည်။ လူအများသည် အထပ်သား သေတ္တာလေးများရှေ့တွင် ထိုင်မနေကြချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် TV များ၏ ကိုယ်ထည်ကို အထပ်သားဖြင့် တည်ဆောက် မထားတော့၍ ဖြစ်သည်။


လက်တွေ့အားဖြင့်တော့ အာကာသထဲက ဆက်သွယ်ရေး ဂြိုဟ်တုတွေဟာ အမေရိကန် နိုင်ငံထဲမှာ တယ်လီဖုန်း၊ ကြေးနန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို ဆက်သွယ်မှုတွေ ပိုတိုးတက် ကောင်းမွန်လာအောင် အသုံးချနိုင်စရာ အခြေအနေ မရှိပါဘူး။
- FCC ကော်မရှင်နာ တီကရေဗန် (၁၉၆၁)ခုနှစ်က ပြောဆိုခဲ့သည့် ဟောကိန်း
 

ယနေ့ခေတ် အမေရိကန် ပြည်ထောင်စုတွင် ဂြိုဟ်တု အခြေပြု ဝန်ဆောင်မှုများဖြစ်သည့် Google Maps၊ Sat-Navs အစရှိသည်တို့သည် လွယ်ကူ အဆင်ပြေစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။


Apple ကုမ္ပဏီက သေဆုံးနှင့်ပြီးသားပါ။
- Microsoft ၏ နည်းပညာ အရာရှိချူပ်ဟောင်း နသန်မိုင်ဟာဗိုးလ်၏ မှတ်ချက်စကား

Apple ၏ ရပ်တည်မှု မရေမရာဖြင့် ယိမ်းယိုင်နေသော ကာလတွင် မိုင်ဟာဗိုးလ် ပြောဆိုခဲ့ခြင်းသည် လက်ခံနိုင်သော အခြေအနေတစ်ရပ်ဟု ဆိုရမည်သာ။ သို့သော်လည်း စတိဗ်ဂျော့ဘ်၏ ဒုတိယအကြိမ် ခြေချမှုနှင့်အတူ ခေါင်းထောင်လာသော Apple သည် အားကောင်းသည်ထက် ကောင်းလာပြီး ယနေ့ခေတ်တွင် အကြီးကျယ်ဆုံး နည်းပညာ လုပ်ငန်းစုကြီး တစ်ခု ဖြစ်လာခဲ့သည်။

Source: Telegraph

 http://7daydaily.com/story/23894
Related Posts Plugin for WordPress, Blogger...