စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသေရဲ့ အသားစားပြီး အလှူအတန်းရက်ရောကြတဲ့ ထူးဆန်းသော အကျင့်ကျင့်သူများ

                                 

အိန္ဒိယနိုင်ငံမြောက်ပိုင်းဂင်္ဂါမြစ်ဘေးတွင်နေထိုင်သောလူသေသားစားပြီး လူသေသားများပေါ်တွင်အိပ်သည့်အာဂေါ်ရီလူသားစားသူများသည်ဂင်္ဂါမြစ်ရေကိုလူ၏ဦးခေါင်းခွံများဖြင့်သောက်သုံးကာ ၄င်းတို့၏ခန္ဒာကိုယ်ပေါ်တွင်လည်း အ၇ိုးပြာများကို သုတ်လိမ်းထားကြသည်။

၎င်းတို့မှာ လူသေသားများကိုသာစားသုံးခြင်းဖြစ်ပြီးဒေသခံများက၄င်းတို့ကိုကြောက်၇ွံ့ကြပြီး အသက်၃၇အရွယ်ဒါရာဂ်ျမာဆန်အမည်ရှိ အိုင်းရစ်ဓာတ်ပုံဆရာမှာ တပစ၇ိယအကျင့် ကျင့်ကြံနေသည်ဆိုသော၎င်းတို့နှင့်ခဏတာ သွားရောက်နေထိုင်ကာ ၄င်းတို့၏အမူအကျင့်များကို သွားရောက်လေ့လာခဲ့သည်။

ဒရာဂ်ျ က သူတို့တွေက ဂင်္ဂါမြစ်ထဲက အလောင်းတွေကိုယူပြီးစားသောက်ကြတာကြောင့်နာမည်ကြီးကြတာပါဟု ပြောပြခဲ့သည်။

၎င်းတို့သည်လူသေများအားမီးသင်္ဂြလ်သည့်နေရာများမှအ၇ိုးခေါင်းများနှင့်လူရိုးများကိုယူဆောင်ကာ၎င်းတို့၏ကျင့်စဉ်များအတွက်အသုံးပြုကြပီးလူသေများဆီမှ စွမ်းအားများရ၇ှိနိုင်သည်ဟုလည်း ယုံကြည်ကြသည်။

တစ်ခါကျွန်တော့်ကိုအ၇ိုးခေါင်းနှင့်ဂင်္ဂါမြစ်ထဲကေ၇ကိုခပ်တိုက်သေးသည်။ဒါပေမယ့်သိပ်မဝေးတဲ့မြစ်ရဲ့အပေါ်ပိုင်း
ခြောက်ပေအကွာလောက်မှာလူသေအလောင်းတွေကို မီးရှို့ သင်္ဂြလ်နေတာကြောင့်ကျွန်တော်မသောက်ရဲပါဘူး..။

ရေထဲမှာရောဂါပိုးတွေပါလာနိုင်လို့လည်း ဒရာဂ်ျက ပြောပြခဲ့ပါတယ်.၄င်းလူသေသားစားသူများသည် အ၀တ်အစားများကိုကောင်းမွန်စွာဝတ်စားဆင်ယင်ခြင်းမရှိပဲအမြဲတစေဆံပင်များရှုပ်ပွနေကာ ဘိုသီဖတ်သီနေတတ်သော်လည်းအလှူအတန်းမှာ အင်မတန်ရက်ေ၇ာသူများဖြစ်သည်ဟု သိ၇သည်။

၎င်းတို့သည်အနာကြီးေ၇ာဂါသည်များအားကုသပေးရေးဖောင်ဒေရှင်းတစ်ခုတည်ထောင်ထားကာလူနာပေါင်း၁၄၇၅၀၃ဦးကို အခမဲ့ဆေးကုသပေးခဲ့ပီဖြစ်ကြောင်းသိရသည်။

New Myanmar Pyi


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

အလုပ်ရဖို့ဆိုတာ


                  


ကျွန်တော် လွန်ခဲ့တဲ့ 1998 ခုနှစ်လောက်တုန်းက ဆရာချစ်စံဝင်းရေးတဲ့ စာစုလေးကို ခုထိတိုင် အမှတ်ရနေသေးပါတယ်။

မလေးရှားနိုင်ငံမှာ ဟိုတယ်ကြီးတစ်ခုက အလုပ်ခေါ်ပါတယ်တဲ့။ ခေါ်တဲ့ ရာထူးက "စားဖိုမှူး"ဆိုပါတော့ ။ဟိုတယ်ကြီးမှာ စားဖိုမှူးဆိုတော့ လစာလည်း ကောင်းတဲ့အတွက် လူတွေအများကြီးလာလျှောက်ကြတယ်တဲ့ ။

အဲဒိအခါမှာ လူတစ်ယောက်က ဘာ CV form မှယူမလာဘဲ လိပ်စာကဒ်လေး နဲ့ ပဲလာကာ ကျုပ်က ဘာတွေ ချက်တတ်တယ်၊ ဘာတွေ ကျွမ်းကျင်တယ် စသဖြင့်ပြောဆိုပြီး ကျုပ်ကို အလုပ်ခန့်ချင်ရင် ဒီ လိပ်စာအတိုင်းဆက်သွယ်လိုက် ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ပြောဆိုကာ ထွက်ခွာသွားပါတယ်တဲ့။

ဟုတ်ပါတယ်။ အဲဒီလူကိုပဲ အလုပ်ခန့်လိုက်ပါတယ်။

ဒီနေရာမှာ ကြုံလို့ စာရေးသူ အတွေ့အကြုံတစ်ခုကို ထပ်မံမျှဝေချင်ပါတယ်။ စာရေးသူက အယ်ဒီတာလုပ်နေတာဖြစ်တဲ့ အတွက် တစ်နေ့တော့ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ လောက် ပြန်မရောက်ဖြစ်တဲ့ အမေရီးကားက ထိပ်တန်းကုမ္ပဏီကြီးမှာလုပ်နေတဲ့ ပညာရှင်တစ်ယောက်ရောက်နေတော့ သူလေဆိပ်မပြန်မီ သူ့ဆီ အရောက်သွားပြီး သူ့ရဲ့ အလုပ်အတွေ့အကြုံတွေကို စာဖတ်ပရိသတ်အတွက် သွားပြီး အင်တာဗျူးခဲ့တယ်။

တကယ်တော့ သူကအမေရီးကားမှာ ကျောင်းစတက်တော့ Programming ပိုင်းပါ ။ သို့သော်တစ်နေ့တော့ သူ့ကွန်ပျူတာက ပျက်သွားပါရော။ ပျက်သွားတော Service ပညာရှင် တစ်ယောက် နဲ့ချိတ်ဆက်ကာပြင်ရတယ်ဆိုပါတော့။ ဟို Service ပညာရှင်က ဖုန်းထဲကနေ ဘာလုပ်လိုက် ၊ ဘာလုပ်လိုက် ဆိုပြီး ခိုင်းတဲ့အခါ သူက လုပ်ဆောင်တော့ ကွန်ပျူတာကောင်းသွားပါတယ်။ ဒီတော့ သူတော်တော်သဘောကျသွားတယ်တဲ့။ ဒါနဲ့ သူဒီအလုပ်ကို တော်တော်စိတ်ဝင်စားသွားပြီး ငါဒါပဲလုပ်တော့မယ်လို့ ဆိုကာ Programming မလုပ်တော့ဘဲနဲ့ ကွန်ပျူတာ ပြင်တဲ့ System လိုင်းကိုပြောင်းလိုက်တယ်။ ပြောင်းတယ် ဆိုတာကလည်း သူက အလုပ်ခေါ်စာတွေ ကြည့်တယ်။ ကုမ္ပဏီကြီးတွေက System ပိုင်းနဲ့ပတ်သက်တဲ့ အလုပ်တွေမှာ ဘာဘွဲ့တွေရရမယ်၊ ဘာလက်မှတ်တွေရဖို့လိုအပ်တယ်၊ ဘာတွေ တတ်ဖို့လိုအပ်တယ် ဆိုတာကို အသေအချာလေ့လာပြီး အဲဒီ အရည်အချင်းတွေ အတိုင်း ရအောင်လုပ်တယ်။

ဒီလိုနဲ့အမေရီးကားမှာ အလုပ်လုပ်ရင်း ဒီ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးမှာ လုပ်ချင်တော့ ဘာတွေတတ်မြောက်ဖို့လိုအပ်တယ်ဆိုတာကို အဲဒိ ကုမ္ပဏီကြီးက ခေါ်တဲ့အလုပ်ခေါ်စာတွေ ကြည့်ပြီး အသေအချာ ကျွမ်းကျင်အောင် လုပ်တယ်။ ဒီလိုနဲ့ အဲဒိ VM Ware ဆိုတဲ့ကုမ္ပဏီကြီးမှာ အလုပ်ရခဲ့တယ်လို့ဆိုပါတယ်။ VMWare ဆိုတာ ဒီနေ့ခေတ်စားနေတဲ့ Cloud ဆိုတဲ့နည်းပညာကိုစတင်ခဲ့တယ်လို့ဆိုနိုင်တဲ့ကုမ္ပဏီကြီးပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် "အလုပ်ရှာရခက်လိုက်တာ" ဆိုတာတွေ ရှိနိုင်မယ်မထင်တော့ပါဘူး။

Nyein Chan (TSJ Tech Team)
 

အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ (၆)နေရာ

                  



မီးဖိုချောင်ဘေစင်

အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။

အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။

သွားပွတ်တံ

တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့်တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေကို စောင့်ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။ ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိုးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။

ဆားဘူးနှင့် ငရုတ်သီးဘူး

ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ ပိုမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးပေးခြင်းပါပဲ။

ရီမုတ်

ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာကီးဘုတ်

ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုးတွေ စုဝေးရာ နေရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။

ရေချိုးခန်း

ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။

သက်ရှည်ကျန်းမာ

Credit to Good Health
 
Related Posts Plugin for WordPress, Blogger...