




အင်းလေးကန်ကို ရောက်ဖူးပါသလား ?
မရောက်ဖူးသေးဘူး ဆိုရင်တော့ တစ်နေ့လောက် အလည်အပတ် သွားဖို့ တိုက်တွန်းပါတယ်။ အင်းလေကန် ဟာ မြန်မာနိုင်ငံ၏ အထင်ကရ
နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၂၉၀၀ တွင် တည်ရှိပြီး ၄၄.၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ရာသီဥတု အလိုက် ရေဟာ အတက် အကျ ရှိပါတယ်။
အင်းလေးကန်ဟာ ပျမ်းမျှ ရေအနက်မှာ နွေရာသီတွင် ၇ ပေခန့်ရှိပြီး အနက်ဆုံး နေရာတွင် ၁၂ ပေခန့် ရှိပါတယ်၊ မိုးရာသီမှာ ၅ ပေခန့် ပိုမြင့်တက်လာပါတယ်။
တောင်တွေ ဝိုင်းရံထားလို့ မြင်ရသူတိုင်း စိတ်ကို ကြည်နှုးစေပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ခရီးသည်တွေလည်း စွဲဆောင်စေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အိမ်လေးတွေဟာ သစ်သား ဝါးတို့ဖြင့် ဆောက်လုပ်ထားပြီး လာလည်ကြတဲ့ ဧည့်သည်တွေကိုလည်း အပြုံးကိုယ်စီဖြင့် နုတ်ဆက်လေ့ ရှိတာဟာ အင်းသူ အင်းသားများ၏ ဓလေ့ တစ်ခုဖြစ်ပါတယ်။ သေးငယ်တဲ့ လှေလေးများနှင့် သွားလာခြင်းဟာ အခြားသူအဖို့ နှစ်သက်ဖွယ်ကောင်း လှပါတယ်။ ဒါကြောင့် အင်းလေးကန်ကို အလည်သွားဖို့ တိုက်တွန်ပါရစေ။
Ref - wiki , bordersofadventure
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/posts/841463082563612
No comments:
Post a Comment