လောကတွင် လူတို့သည် အချိန်နှင့်ပါတ်သက်ပြီး အမျိုးမျိုးပြောကြသည်ပင်ဖြစ်သည်။
အချိန်သည် လူကိုမစောင့် လူကသာ အချိန်ကိုစောင့်ရသည် စသော ဆောင်ပုဒ်များက အစ
အချိန်နှင့်ပါတ်သက်သော ဆောင်ပုဒ်များ ဆုံးမစာကားများ အများအပြာရှိလေ၏
သိပ္ပံဆရာတို့က အချိန်ကိုအခြေခံလျက် သီအိုရီများထုတ်ကြသည် ဒသန ဆရာတို့က
အချိန်ကိုအခြေခံသည့် လောကဒသနများထုတ်ကြသည်၊ အချိန်ဆိုသည်မှာ ကာလတစ်ခုကို
ပညတ်ချက်ဖြင့် သတ် မှတ်သားထားခြင်းသာဖြစ်၏ အချိန်သည် လူသားအတွက် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ်ပြီး စားချိန် အိပ်ချိန်မှအစ လောကလုပ်ငန်းများ ၊စစ်ရေး၊စီးပွားရေး၊ဘာသာရေး
စသည့် အရာရာတို့ကို အချိန်တို့က အကြောင်းအမျိုးမျိုးဖြင့်
လွမ်းမိုးနေတတ်ရာ ထို့အကြောင်းများကို အခြေခံလျက် အချိန်ကို တိုင်းတာသော
နာရီ များပေါ်လာရ သည်ပင်ဖြစ်သည်။
လူတို့၏ စိတ်နှင့် အချိန်သည် တစ်ထပ်တည်းမကျပေ လူငယ် တစ်ယောက်အဖို့ မိမိအလွန်ချစ်ရသောချစ်သူနှင့်
မိဘများမသိအောင် ချိန်းတွေ့ရသောအချိန်သည် လွန်စွာတိုတောင်းလေသည် သို့သော်
ထိုလူငယ်တို့ချိန်းတွေ့သော အချိန်နှင့် ထပ်တူညီသော
အချိန်အတိုင်အတာတစ်ခုတွင် အကျဉ်းထောင်အတွင်းမှ လူတစ်ဦးအဖို့
နှစ်ချီကြာသည်ပင် ထင်ရလောက်သည်ဖြစ်ရာ အချိန်ပေါ်တွင် စိတ်၏ သက်ရောက်မှု့
မတူကြကြောင်း တွေရလေ၏။ သို့သော် အချိန်သည် ပုံမှန်လည်ပတ်နေသည်သာဖြစ်ပြီး မည်သည့်အရာကိုမျှ မည်သည့်အကြောင်းပြချက်နှင့်မျှ
စောင့်မနေတတ်ပေ သူသွားရမည်လမ်းကို သွားနေသည်သာဖြစ်သည်။ အချိန်နှင့်အတူတူ
ကျွန်ုပ်တို့၏ ဘဝသည်လည်း လိုက်ပါလျက် အသက်သည်လည်း ကြီး၍လာနေသည်သာဖြစ်၏
မည်သည့်အကြောင်းနှင့်မျှ ရပ်မနေပေ ပြန်လည်း မငယ်သွားပေ ကျွန်ုပ်တို့ကသာ
အချိန်ကို စောင့်လိုက် အချိန်ကို ကစားလိုက် ကျန်ခဲ့ပြီဖြစ်သော နောက်က
အချိန်ကို ပြန်လည် တမ်းတလိုက်ဖြင့် ကုန်လွန်သောအချိန်များကို မည်ကဲ့သို့
အသုံးပြုခဲ့ရမည် ဆိုသည်ကို ဒေါသ မောဟ နောင်တ တရားဖြင့် တွေးရင်း
စိတ်ဓါတ်များကျကာ ပူဆွေးနေကြသည်မှာ အဖိုးတန်လှသော မျက်မှောက်ဘဝ၏
တိုးတက်ရာကို အဟန့်အတားဖြစ်စေသော အရာများဖြစ်ပြီး
အဖိုးတန်လှသောအချိန်များကို ဖြုံးတီးပြစ်လိုက်ခြင်းသာဖြစ်၏။
အချိန်သည် တန်ဖိုးတစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့ ယူဆရလျှင် အချိန်ကို
အချိန်၏ သတ္တိအတိုင်း အချိန်၏တန်ဖိုးကိုသိလျက် အသုံးချနိုင်ရန်သာဖြစ်လေသည်။ အချိန်တိုင်း အကြိုးရှိအောင် ဘ၀တိုးတက်အောင် ကြိုးစာနေရမည်ဖြစ်ပြီး ကုန်လွန်ခဲ့သည်အချိန်ကပေးသော
သင်ခန်းစာကောင်းများကို ယခုအချိန်တွင် အသုံးချလျက် အကောင်းဆုံးသော ဘဝနှင့်
အလုပ်ကို တည်ဆောက်ရမည်သာဖြစ်၏ သို့မှသာ အချိန်နှင့်အတူတူ ကျွန်ုပ်တို့
အောင်မြင်နိုင်သည်သာဖြစ်ပြီး အချိန်တိုင်းသည် ကျွန်ုပ်တို့အတွက် မရှိမဖြစ်လိုအပ်သော ရပ်၍မရသော ဘဝများပင်ဖြစ်လေတော့သည်။
Lazy Cat (ရိုးရာလေး)
No comments:
Post a Comment