စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံသားကြီးထွားဖွံ့ဖြိုးလှပမှုကို ဖြစ်စေတဲ့ သဘာဝနည်းများ



ဆံသားကြီးထွားဖွံ့ဖြိုးမှုကို အားပေးအားမြောက်ဖြစ်စေမယ့် အလွန်ရိုးရှင်းတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဆံကေသာကို ပိုမိုတောက်ပလာစေမှာလဲ ဖြစ်ပါတယ်။

(၁) ငှက်ပျောသီး ဆေးနည်း

ကြိတ်ထားတဲ့ ငှက်ပျောသီး (၂) လုံး
ကြက်ဥအနှစ် (၁) လုံး
သံပုယိုရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
အထက်က ဖော်ပြထားတဲ့ ပစ္စည်းအားလုံးကို ရောမွှေလိုက်ပြီး ရလာတဲ့ သဘာဝဆေးနဲ့ ဆံပင်ကို လိမ်းပေးပြီး ပလစ်စတစ်အိတ်တစ်လုံးရယ်၊ အဲ့အပေါ် ပုဝါတစ်လုံးနဲ့ ခေါင်းကိုထပ် ပတ်ပေးထားပါ။ အဲဒီအတိုင်း နာရီဝတ်ကြာအောင် ထားပြီးရင် ခေါင်းကို လျော်ပေးရပါမယ်။

(၂) လိမ္မော်သီး ဆေးနည်း

လိမ္မော်ရည် (၁) ခွက်
ဒိန်ချဉ် (၁) ခွက်
ဖော်စပ်နည်း

လိမ္မော်ရည်နဲ့ ဒိန်ချဉ်ကို ရောသမ မွှေလိုက်ပါ။ ရလာတဲ့ အရောအနှောနဲ့ မိမိဆံပင်ကို လိမ်းပေးရပါမယ်။ လိမ်းပြီးရင် အပေါ်ကအတိုင်း ဆံပင်ကို ပလတ်စတစ် အိတ်တစ်အိတ်နဲ့ ပုဝါတစ်ခုရယ်နဲ့ အုပ်ထားပေးပါ။ အဲဒီအတိုင်း နာရီဝက်ကြာလောက် ထားပြီးတာနဲ့ ခေါင်းကိုရေနဲ့ဆေးကြောလို့ ရပါပြီ။

Trend Myanmar

https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...