တစ်ခါတစ်လေတော့လဲ ကံတရားကနားလည်ရအခက်သား ။
ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြမှု တွေနဲ့ချည်းပဲတွေ့နေရ တတ်ပါတယ်။
မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လဲ ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်။
ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်း မှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်
သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။
♦ ဥပမာပဲ ထားပါတော့ ၊
ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊
ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊
ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦး မလား၊
အားလုံးချောမွေ့လို့၊ ဘာဆိုဘာမှ အခက်အခဲမရှိ။
ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျကောင်းကံလေး
အပေါ်မှာတောင် သံသယ၀င်ချင်စရာ၊ကံအပေါ် နားလည်ရ ခပ်ခက်ခက်။
♦ ဟိုး… စောစောပိုင်း ကာလတွေကတော့
မိမိလဲ ဒီအတိုင်းပါပဲ။နောက်ပိုင်းစာတွေဖတ်ရင်း “ သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး ” အကြောင်း
ဖတ်မိတော့မှာပဲ ထိုက်သင့်သလောက် နားလည်ခဲ့ရပါတယ်။
နားလည်သလောက် ပြန်ရေးပြပရစေဦး။
ကံဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာရှိပါတယ်၊
ကောင်းကံနဲ့ မကောင်းကံပေါ့၊အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။
သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့
အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၊ ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့
ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။
♦ “သမ္ပတ္တိ” ရဲ့ အနက်က “ပြည့်စုံခြင်း”၊
♦ “၀ိပတ္တိ” ရဲ့ အနက်က “ချွတ်ယွင်းခြင်း”ပါ။
သမ္ပတ္တိ-လေးပါးဆိုတာက -
••••••••••••••••••••
၁။ ဂတိသမ္ပတ္တိ
၂။ ဥပဓိသမ္ပတ္တိ
၃။ကာလသမ္ပတ္တိ
၎။ ပယောဂသမ္ပတ္တိ
♦ အဲဒီအထဲမှာ “ဂတိသမ္ပတ္တိ” ဆိုတာ လူ့ပြည့် ၊
နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ။ ဘ၀ကောင်းကိုရရှိခြင်းပေါ့၊
ဂတိသမ္ပတ္တိမှာဖြစ်နေရင် အကုသိုလ်ကံက
အကျိုးပေးခွင့်မသာတော့ဘူး။ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်။
♦ “ဥပဓိသမ္ပတ္တိ” ဆိုတာက “ရုပ်အဆင်းလှပခြင်း” ကိုပြောတာပါ၊
လောကမှာ ဥပဓိသမ္ပတ္တိကလဲ အရေးကြီးပြန်ပါတယ်၊
အဲဒီ ဥပဓိသမ္ပတ္တိ ကိုရနေရင် အကုသိုလ်ကံ အကျိုးပေးခွင့်မသာတော့ဘူး၊
► သီဟိုကျွန်းမှာ “ဘာတိကမင်း” ဆိုတာရှိပါတယ်။
အဲဒီမင်းက တိုင်းသူပြည်သားတွေကို “နွားသားမစားရဘူး”လို့ အမိန့်ထုတ် ထားပါတယ်၊
နွားသားစားခဲ့ရင် ဖမ်းပြီးဒဏ်ငွေတပ်တယ်။
ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲကိုခေါ်ပြီး အမှိုက်ကျုံးတာတို့၊ မြေတူးတာတို့ကိုလုပ်ရတယ်။
တစ်နေ့ မိသားစုတစ်စုက တားမြစ်ထားတဲ့ကြားက
နွားသားခိုးစားကြတယ်။ဒီလိုနဲ့ ဘုရင့်ရဲမက်တွေက မိရောဆိုပါတော့။
ဒီတော့ ထုံးစံအတိုင်း ဒဏ်ငွေဆောင်ပေါ့။ဒါပေမယ့် အဲဒီမိသားစုက ဆင်းရဲတော့
ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့။
ဒဏ်ငွေမဆောင်နိုင်တော့ နန်းတော်ခေါ်ခဲ့ကြတာပေါ့၊
နန်းတော်မှာက သူတို့မိသားစုတင်မကဘူးတဲ့။သူတို့လိုပဲ နွားသားခိုးစားကြတဲ့ တခြားမိသားစု တွေလဲပါတယ်၊အဲဒီနွားသားခိုးစားတဲ့ သူတွေကို ဒဏ်ပေးတဲ့အနေနဲ့
အမှိုက်သိမ်း၊ မြေတူး၊ မြက်နှုတ်ပေါ့။ဒါကိုဘာတိကမင်းက လေသာပြတင်းက ကြည့်နေပါတယ်၊
စောစောက ပြောခဲ့တဲ့ မိသားစုထဲမှာ
တော်တော်ရုပ်အဆင်းလှတဲ့ ကောင်မလေး ပါတယ်၊နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့
အဲဒီရုပ်လှလှကောင်မလေးကိုမြ
မင်းချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်၊
“သမာဒေ၀ီ” ဆိုတဲ့ ဘွဲ့ပေးပြီး ဘုရင်က
သူ့အနားမှာခစားဖို့ထားလိုက်
လွတ်ငြိမ်းချမ်းသာခွင့်ပေးတ
မ စလိုက်တယ်တဲ့။ဒါ ဥပဓိသမ္ပတ္တိ က အကျိုးပေးလိုက်တာပါပဲ၊
လူတစ်ယောက်ရဲ့ ဥပဓိသမ္ပတ္တိဟာ သူနဲ့နွယ်တဲ့
မိသားစုကိုလဲ အကျိုးပေးသွားတယ်၊
အဲဒီလို “ဥပဓိသမ္ပတ္တိ”နဲ့ ပြည့်စုံနေရင်လဲ
“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ပါဘူး။
♦ “ကာလသမ္ပတ္တိ” ဆိုတာက မြတ်စွာဘုရားပွင့်ရာ အခါ၊
စကြာဝတေးမင်းပေါ်ရာအခါ၊ မင်းကောင်းမင်းမြတ်တွေပေါ်ရာ
မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ
မင်းကောင်း မင်းမြတ်တွေ အုပ်စိုးနေတဲ့ ကာလဆိုရင်လဲတိုင်းသူပြည်သားတွေ စားဝတ်နေရေး ၊
စီးပွားရေးတွေ ပြေလည်နေမယ်၊ ကျန်းမာရေးတွေ ကောင်းနေမယ်၊
ပညာတွေ စိတ်ကြိုက်သင်ခွင့်ရနေမယ်ပေ
အဲဒီ ကာလသမ္ပတ္တိနဲ့ ပြည့်စုံနေရင်လဲ “အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ဘူး။
♦ “ပယောဂသမ္ပတ္တိ” ဆိုတာက -
“သတိ၊ ၀ီရိယ၊ ဥာဏ်”တွေနဲ့ ပြည့်စုံနေတာကို ပြောတာပါ၊
လောကမှာ နေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်၊
သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လ၀ီရိယရှိနေမယ်၊အရာရာကို နားလည်သဘောပေါက်ပြီး
ထက်မြတ်တဲ့ ဥာဏ်ပညာရှိနေမယ်၊ သတိဝီရိယဥာဏ်တွေယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်၊
အဲဒီလိုဆိုပြန်ရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး၊
လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေက
ကြည့်လိုက်ရင် ပယောဂသမ္ပတ္တိဆိုတဲ့ သတိ၊ ၀ီရိယ၊ ဥာဏ် ပညာနဲ့ ပြည့်စုံနေတဲ့သူတွေ