ဟော့ပ်ပေါ့ပ်ချက်ရန် ပါဝင်သောပစ္စည်းများ-
ဝက်ရိုး၊ ကြက်ခြေထောက် ကြက်ရိုး၊ ကြက်သွန်မြိတ်၊
ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ မုန်လာဥနီ၊ ငရုတ်သီးအနီတောင့်၊
နာနတ်ပွင့်၊ စမုံစပါး၊ သစ်ကြပိုးခေါက်၊ တရုတ်ငရုတ်ကောင်းတစ်မျိုးလိ
ကြက်သွန်ဖြုနဲ့ ဂျင်းအနည်းငယ်ကို လှီးထားပါ။ ငရုတ်သီးအခြောက်တောင့်လေးငါ
အရင်ဦးဆုံးအသားတွေကို ရေဆေးပြီး အိုးထဲထည့် အသားမြုပ်တဲ့အထိ ရေအပြည့်ထည့်၊ ဂျင်းလက်တစ်ဆစ်ခန့်ကို ထုပြီးထည့်ပါ။ မုန်လာဥနီတစ်ဥနဲ့ ခရမ်းချဉ်သီးနှစ်လုံးလောက်က
အသားပြုတ်ရည်တည်တုန်းမှာ ဆီသတ်ဖို့ပြင်ရပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းထည်ပါ မွှေပေးပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ငရုတ်သီးထည့်ပါ မွှေပေးပါ။ ပြီးရင် နာနတ်ပွင့် သစ်ကြပိုးခေါက် စီချွမ်ငရုတ်ကောင်း စမုံစပါးတို့ထည့်ပါ။ ဆီသတ်ပြီးတာနဲ့ မီးပိတ်ပြီး အသားပြုတ်ရည်အိုးထဲကို ထည့်ပါ။ အသားပြုတ်ရည်အိုးကို ကြာကြာတည်ပေးပြီး ကိုယ့်စိတ်ကြိုက်အရသာကို ပြုပြင်။ ပြီးရင် အကုန်ဆယ်ပစ်ပြီး ဟော့ပေါ့အိုးထဲထည့် ကိုယ့်စိတ်ကြိုက် အသားပြား အရွက်စုံ မှိုတို့ထည့်ပြီး စိတ်ကြိုက်သုံးဆောင်နိုင်ပါ
အသားပြုတ်ရည် အချိုကိုတော့ နောက်ရက်မှတင်ပေးတော့မယ်နော
မူရင်း = ဆန်ဂို့ဟင်းလျာများ-Sango's
https://www.facebook.com/183769381716549/photos/a.365971570162995.87504.1
No comments:
Post a Comment